#LocalNews
Published - 5 April 2022
နယ်လိုင်စင်ကားတွေ အဝယ်လိုက်နေပြီး ဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့်သာ
အရောင်းအဝယ်တွေဖြစ်နေတယ်လို့ ပြည်တွင်းကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 5 April 2022
ငွေသားတွေကို ဖုန်းနဲ့ တိုကင်ယူစရာမလိုဘဲ တစ်ပတ်အတွင်း ကျပ် ၅ သိန်းနဲ့ တစ်လအတွင်း အများဆုံး ကျပ် သိန်း ၂၀ အထိ ငွေသားထုတ်ယူနိုင်လို uab bank က ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
တစ်ဦးချင်း အကောင့် (individual old account) ဖွင့်ထားတဲ့ သူတွေအနေနဲ့ မိမိဖွင့်ထားတဲ့ ဘဏ်ခွဲမှာပဲ ငွေသားထုတ်ယူနိုင်တာ ဖြစ်ပါတယ်။
CB Bank အနေနဲ့လည်း တိုကင်မလိုဘဲ ငွေသားထုတ်ယူနိုင်မယ့်ဘဏ်ခွဲတွေကို အပတ်စဉ် တိုးချဲ့ထုတ်ပြန်နေပြီး အခုလက်ရှိ တိုင်းနယ်/ ပြည်နယ်မှာရှိတဲ့ ဘဏ်ခွဲ ၅၄ ဘဏ်မှာ ထုတ်ယူနိုင်ပြီလို ကြေညာထားပါတယ်။
ဒါ့အပြင် ရိုးမဘဏ်ကလည်း ဧပြီလ ၄ ရက်နေ့က စတင်ပြီး မိမိအကောင့်ကနေ ဖုန်းဆက်တိုကင်ယူဖို့မလိုဘဲ တစ်ပတ် ကျပ် ၅ သိန်းအထိ ငွေသားထုတ်ယူနိုင်ပြီလိုလည်း ကြေညာထားပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published-5 April 2022
မဟာသင်္ကြန်ပွဲတော်ကာလအတွင်းမှာ လျှပ်စစ်မီးပေးချိန်ကို ထပ်တိုးပေးနိုင်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း စီစဉ်နေပါတယ်။
#Yangon_Media_Group
#DailyNews
Published -4 April 2022
၁။ သင်္ကြန်ရက်များအတွင်း လျှပ်စစ်မီးပေးချိန်ထပ်တိုးနိုင်ရန် YESC စီစဉ်
၂။ နယ်လိုင်စင်ကားတွေ အဝယ်လိုက်နေပြီး ဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့်အရောင်းအဝယ်တွေဖြစ်နေ
၃။ မိုးလေဝသ သတင်း
၄။ ကမ္ဘာ့အကြီးဆုံးမြစ်ဝကျွန်းပေါ်တွေထဲက တစ်ခုဖြစ်သော အီရတ်တောင်ပိုင်းစိမ့်မြေများရှိ ကျွဲနွားများကို ဆရာဝန်များက မော်တော်ဘုတ်ငယ်များအသုံးပြု ဆေးဝါးကုသပေးနေ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 5 Apr 2022
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ AFF Futsal Championship 2022 ပြိုင်ပွဲမှာ မြန်မာ့လက်ရွှေးသင်ဖူဆယ်အသင်းဟာ ဒုတိယပွဲစဥ်အဖြစ် သြစတေးလျအသင်းနဲ့ယှဥ်ပြိုင်ရာမှာ ၆ ဂိုး ၁ ဂိုးဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မနေ့ကယှဥ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားဝင်ဗီယက်နမ်အသင်းကို ၁-၁ ဂိုးသရေ စွမ်ဆောင်နိုင်ခဲ့ပြီး
ကမ္ဘာ့အဆင့် ကွာခြားချက်မြင့်မားတဲ့ အင်အားကြီးဗီယက်နမ်အသင်းကို သရေကစားပြီး မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေနဲ့ ဖူဆယ်ကစားနည်းတိုးတက်လာမှုကို ပရိသတ်အနေနဲ့တွေ့မြင်ခဲ့ရပါတယ်။
ထိုင်းနည်းပြနဲ့အတူပွဲထွက်လာတဲ့ မြန်မာလက်ရွေးစင်အသင်းဟာ ကမ္ဘာ့အဆင့် ၃၈ မှာရပ်တည်နေတဲ့ ဗီယက်နမ်အသင်းကို သရေကစားနိုင်ခဲ့တာကြောင့် ရမှတ် ၁ မှတ် ယနေ့ပွဲစဥ်မှာ အနိုင် ၃ မှတ်ရရှိထားပြီး အုပ်စုနောက်ဆုံးပွဲစဥ်ကို တီမောလက်စတေအသင်းနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 5 March 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာ (၁၄)လမ်းတွင် ယနေ့ ဧပြီလ ၅ ရက်၊ နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါလမ်းတွင်းရှိ နေအိမ်အချို့ပါ မီးကူးစက်လောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် သုမာလာ (၁၄)လမ်းရှိ နေအိမ်ခြောက်လုံးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးစတင်လောင်းရတဲ့ အကြောင်းအရင်းကိုမသိရသေးပဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းမီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များက နံနက် ၉ နာရီ ၇ မိနစ် အချိန်ခန့်တွင် Level -1ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၉ နာရီ ၁၄ မိနစ်အချိန်တွင် Level -2 ယာဉ်အုပ်စုဖြင့် ထပ်မံမီးငြိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ထိုသို့ ငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၆ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ၊ မိနစ် ၂၀ အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
Photo- MFSD/CJ
ymg/kg
#Yangon_Media_Group
#Local_News
Published_ 5 April 2022
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အီးယူကတင်သွင်းတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အဆိုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၁ ရက်တွင် ဂျီနီဗာမြို့၌ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၉) ကြိမ်မြောက် အစည်းအဝေးတွင် ဥရောပသမဂ္ဂ(အီးယူ)က တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆို ချမှတ်ခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်း၊ ဆုံးဖြတ်ချက်အဆိုတွင် ပါရှိသည့် အချက်များသည်လည်း ခိုင်လုံမှုမရှိခြင်းတို့ကြောင့် လက်ခံနိုင်ခြင်းမရှိဘူးဆိုပြီး ဖော်ပြထားပါတယ်။
ကောင်စီအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ထားခြင်းကြောင့် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူတစ်ခုဖြစ်သည့် အပြန်အလှန်ဆွေးနွေးခြင်း အနှစ်သာရမှာလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူများနှင့် ဆန့်ကျင်သော နိုင်ငံအချို့၏ စွက်ဖက်သော အပြုအမူများကို ရှုတ်ချတယ်လို့ဆိုကာ ဆုံးဖြတ်ချက်အဆိုတင်သွင်းသော နိုင်ငံများ၏ မြန်မာနိုင်ငံအတွက် အထောက်အကူ မပြုသောဆောင်ရွက်ချက်နှင့် ဆုံးဖြတ်ချက်အဆိုပါ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးသောယန္တရားများနှင့် ဖော်ပြချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင်သော ပြောကြားချက်များကို အသိအမှတ်ပြုမှတ်သားထားကာ မြန်မာနိုင်ငံအပေါ်ဆန့်ကျင်သည့် ဆုံးဖြတ်ချက်အဆို အတည်ပြုချမှတ်ရာတွင် ပါဝင်ပတ်သက်ခြင်းမပြုခဲ့ကြတဲ့ နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1834 of 1949