#LocalNews
Published -2 Feb 2020
ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက်ပိုင်းကရခိုင်ပြည်နယ်ကျောက်ဖြူမြို့ ပင်လယ်ကမ်းစပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်ပျက်မျောပါလာသောငါးဖမ်းလှေသောင်တင်ခဲ့တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၊ NRC အအေးခန်းစက်ရုံကြီးအနီး၊ ပင်လယ်ကမ်းစပ်တွင်၊ စက်လှေတစ်စီးရေမျောကမ်းတင်နေကြောင်းသတင်းအရ ဖေဖော်ဝါရီလ၁ရက်နံနက် ပိုင်းက တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါစက်လှေမှာ ဘင်္ဂလားဒေနိုင်ငံမှ စက်ပျက်ကာမျောပါလာတဲ့ ငါးဖမ်းစက်လှေဖြစ်တယ်လို့သိရပါတယ်။
အဆိုပါငါးဖမ်းစက်လှေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်မြို့မှဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့က ပင်လယ်ပြင်သို့စတင်ငါးဖမ်းထွက်ခဲ့ရာဇန်နဝါရီလ ၂၆ ရက်နေ့တွင် စက်ချို့ယွင်းမှုဖြစ် ပေါ်ကာ ရေစီးနဲ့အတူမျောပါရောက်ရှိလာခြင်းဖြစ်ကာ စက်လှေပေါ်တွင် အမျိုးသား(၆)ဦးနဲ့ ငါးဖမ်းပိုက်များ၊ ဆီဗူးများနှအပြင်ချို့ယွင်းနေသောစက်အားတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
စက်ပျက်ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေသား(၆)ဦးအား ကျန်းမာ ရေးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ လှေသား(၆)ဦးလုံးတွင် ရောဂါပိုးမတွေ့ရှိရဘူးလို့သိရပါတယ်။
အဆိုပါလှေသား (၆)ဦးကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသောက်ရေးများစီစဉ်ဆောင်ရွက်ပေးကာချို့ ယွင်းနေသောစက်အားပြန် လည်ပြုပြင်နိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။
ygm/hm
#LocalNews
Published - 2 Feb 2022
#DailyNews
Published - 2 Feb 2022
(၁) KNU ၏ ၁၇ ကြိမ်မြောက် ဗဟိုညီလာခံကျင်းပမည့်နေ့ရက် တိတိကျကျ မသိရသေး
(၂) ကော်မတီဝင်သစ်များ ရွေးချယ်ခြင်းမှာရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုမဟုတ်ဟု ဒေါက်တာနန္ဒာလှမြင့်ပြောကြား (
၃) နေ့စဉ်မိုးလေသ သတင်း
(၄) သားရဲငှက်သတ္တဝါတွေကို အိန္ဒိယညီအစ်ကိုနှစ်ယောက်က ကယ်တင်ပေးနေ..... အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 2 Feb 2022
လာမယ့် ဖေဖော်ဝါရီ ၅ ရက်နေ့မှစပြီး ၇ ရက်နေ့အတွင်း ရန်ကုန်အပါအဝင် နေပြည်တော်နဲ့ တခြားဒေသအချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာလိုက်ပါတယ်။။
ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ်မိုးရွားခြင်းနဲ့အတူ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ဖို့ အကြံပြုထားပါတယ်။
တိုင်းတွာချက်တွေအရ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးများ တွေ့ဆုံမှုတွေကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာ လာနီညာဖြစ်စဉ်မှာ မတ်လအထိ ဖြစ်ပေါ်မယ်လို့ ကြေညာထားပြီး လာနီညာ အကျိုးသက်ရောက်မှုကြောင့် ဇန်နဝါရီ လအတွင်းမှာလည်း အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ပိုမိုဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နေရာအချို့မှာ မိုးရွာသွန်းမှုနဲ့အတူ မိုးသီးများ ကျရောက်ခဲ့တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published- 2 Feb 2022
ကယားပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့် လူပေါင်းတစ်သောင်းသုံးထောင်ခန့်ဟာရှမ်းပြည်နယ်တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုပေါင်းစပ်ညှိနှိုင်းရေရုံး OCHA ကသိရပါတယ်။
OCHAက ထုတ်ပြန်ရာမှာမြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာပြီး အထူးသဖြင့် ကယားပြည်နယ်မှာ လက်နက်ကြီးအသုံးပြုမှု၊ လေကြောင်းမှ တိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေ ရှိနေကာ ကယားပြည်နယ်ထဲက လူပေါင်း ၁၃,၀၀၀ ခန့်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်လေးခုသို့ အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့ကြရတယ် လို့ဖော်ပြထားပါတယ်။
လတ်တလောမှာတိုက်ပွဲရှောင်တွေဟာ ဆီဆိုင်မြို့နယ်မှာ ၅,၀၀၀၊ ပင်လောင်းမြို့နယ်မှာ ၄,၀၀၀၊ ညောင်ရွှေမြို့နယ်မှာ ၃,၀၀၀ နဲ့ တောင်ကြီးမြို့နယ်တို့မှာ ၁,၀၀၀ ခန့် ယာယီနေထိုင်နေကြရကာလုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် ကယားပြည်နယ်ထဲမှာ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူအချို့ ဟာ လုပ်ငန်းတွေကို ရပ်နားထားရသလို ဝန်ထမ်းတွေကို လုံခြုံတဲ့ နေရာတွေဆီကို ပြောင်းရွှေ့ထားရတယ်လို့ သိရပါတယ်။
ဆက်လက်လုပ်ငန်းဆောင်ရွက်နေကြသူ မိတ်ဖက်များကတော့ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ လူထုအခြေပြုအဖွဲ့အစည်းတွေက တဆင့် ထိခိုက်လွယ်သူနဲ့ တိုက်ပွဲရှောင်လာသူများအတွက် အရေးပေါ် အကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေ ဆက်လက်ပေးအပ်နေပြီး၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစပြီး မြန်မာနိုင်ငံတဝှမ်းမှာ လူဦးရေ ၄၂၅,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ OCHAရဲ့ အချက်အလက်အရသိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 2 Feb 2022
ဒီကနေ့( ဖေဖော်ဝါရီ ၂)ရက်၊ နံနက်အစောပိုင်း အချိန်က ရန်ကုန်တိုင်းအတွင်းရှိ အလုံနှင့် တောင်ဒဂုံမြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပထမဖြစ်စဉ်မှာယနေ့နံနက် ၁ နာရီ ၄၉ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၅၅)ရပ်ကွက်၊ ပုဂံလမ်းနှင့် မင်းဘူးလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီး လောင်မှုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ (၇၀)နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ ထွက်ခွာငြိမ်းသတ်ခဲ့ရတာပါ။
"မနက်ကလောင်တဲ့မီးကသိပ်မများပါဘူး။ တစ်အိမ်ထဲလောင်သွားတာပါ။ ထိခိုက်ဒဏ်ရာရမှုလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။ပြောရရင် မီးကို အချိန်မီငြှိမ်းနိုင်ခဲ့တယ်လို့ဘဲ ပြောရပါမယ်။" လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပြခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုကို နံနက် ၂ နာရီ ၃ မိနစ် အချိန်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အလားတူ ဒီက နေ့ နံနက် ၄ နာရီ ၅၉ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး level -1 ယာဉ်အုပ်စုတွေထွက်ခွာငြိမ်းသတ်ခဲ့ရပါတယ်။
အဆိုပါ မီးလောင်မှုကိုလည်း နံနက် ၅ နာရီ ၇ မိနစ် အချိန်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
"မနက်အ စောကြီးက ပေါက်ကွဲသံ ၂ ချက်ကြားရပြီးမီးခိုးနံ့တွေနဲ့ အိမ် ပေါ်က နေ ကြောက်စရာမြင်နေရတာအဲ့ဒါဖြစ်ပြီး မီးလောင်တော့တာပါဘဲ။ မီးသတ်ကားတွေလည်း တဝီဝီနဲ့သွားနေကြတယ်။ ပေါက်ကွဲပြီး မီးလောင်မှုဖြစ်တဲ့ နေရာက Mytel ရုံးလို့လည်း ပြောနေကြပါတယ်။"လို့ အလုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အုပ်ချုပ် ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ယမန်နေ့( ဖေ ဖော်ဝါရီ ၁)ရက် နေ့ နံနက်ပိုင်းမှာလည်း ရန်ကုန်မြို့ ရှိ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းနှင့် အလုံမြို့နယ်၊ ထော်လီကွေ့အနီးရှိ မိုးကောင်းလျှပ်စစ်ဝန်းအတွင်းမှာ မီးလောင်မှု တွေ ဖြစ်ပွားခဲ့ပါသေးတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
Page 1833 of 1835