#LocalNews
Published - 8 April 2022
အိန္ဒိယ - မြန်မာနယ်စပ်မြို့ဖြစ်သည့် တမူးမြို့တွင် ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ၃၀ နီးပါးခန့်ဟာလက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ တမူးမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 April 2022
နိုင်ငံခြားသား ပြည်ပဧည့်သည်အဝင်နည်းပါးမှုကြောင့် ပုဂံဒေသရှိ ယွန်းထည်လုပ်ငန်းများကို ယနေ့အချိန်အထိ ပြန်လည်လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ ပုဂံဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 April 2022
ဆီထွက်သီးနှံနေကြာကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဧက ၁၅ သိန်း တိုးချဲ့စိုက်ပျိုးဖို့ ဝန်ကြီးဌာနအနေနဲ့ စီစဉ်နေပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 April 2022
အများပြည်သူတွေ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် သင်္ကြန်ပွဲတော်ရက်များအတွင်း ရွှေတိဂုံ စေတီတော်ကြီးကို မနက် ၅ နာရီမှ ည ၈ နာရီ အထိ(ပိတ်ရက်မရှိ)ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။
" စေတီတော်ကြီးကို သင်္ကြန်တွင်းကာလမှာ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း နံနက် ၅ နာရီက နေ ည ၈ နာရီအထိ အများပြည်သူတွေ ဖူးမြော်ကြည်ညိုနိုင်ဖို့ ဖွင့်လှစ် ပေးထားမှာဖြစ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့ကျရင်တော့ စေတီတော်ကြီးရဲ့ သြဝါဒစရိယဆရာ တော်ကြီးများရဲ့ လမ်းညွှန်မှုတွေနဲ့အညီ ပုံမှန်လုပ်နေကျဖြစ်တဲ့ နှစ်ဦးတရားပွဲအလှူတွေရှိပါမယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ စတုဒီသာ လာရောက်လှူဒါန်းလိုတဲ့ အလှူရှင်တွေကိုလည်း စေတီတော်ကြီးရဲ့ ပုရဝုဏ်အတွင်းမှာ လှူဒါန်းနိုင်ဖို့ စီစဥ်ပေးထားပါတယ်။ မည်သူမဆိုလည်း စတုဒီသာတွေလာရောက်လှူဒါန်းလို့ရပါတယ်။"လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများ ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရေး နံနက် ၅ နာရီမှ ည ၈ နာရီအချိန်အထိ အချိန်ကို တိုးမြှင့်ဖွင့်လှစ်ပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - Shwedagon Pagoda(Page)
ymg/kg
#Yangon_Media_Group
#DailyNews
Published -8 April 2022
၁။ ပုဂံဒေသရှိ ယွန်းထည်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးဟုဆို။
၂။ တမူးမြို့တွင် ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ၃၀ နီးပါး လက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အကြမ်းဖက်မှုများကာကွယ်နိုင်ရန် ဆိုင်ကယ်စီးနင်းမှုစည်းကမ်းကန့်သတ်ချက်အသစ်များအပေါ် ကိုလံဘီယာတွင် ဆိုင်ကယ်သမားများ ယာဉ်ကြောပိတ်ဆို့ဆန္ဒပြ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_Nes
Published_ 8 April 2022
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများက မတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လူဦးရေ ၂၃,၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ်များစွာမှာ အာဟာရချို့တဲ့မှုကို တွေ့ကြုံခံစားနေကြရပြီး အခုအခါ မိသားစုများအနေနဲ့ မိမိတို့သားသမီးတွေကို အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးနိုင်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။
ယူနီဆက်အနေဖြင့် အားနည်းထိခိုက်လွယ်တဲ့ ရပ်ရွာအသိုက်အဝန်းများအတွက် အာဟာရစီမံချက်များ တိုးချဲ့ပံ့ပိုးပေးနိုင်ဖို့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ငါးသန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပါတယ်။ ယူနီဆက်အနေနဲ့ လက်တွေ့လိုအပ်နေတဲ့နေရာတွေက အားနည်းထိခိုက်လွယ်တဲ့ ကလေးငယ်များနဲ့ မိသားစုများကို ထောက်ပံ့ကူညီပေးလျှက်ရှိပါတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားထိခိုက်လွယ်သူများအတွက် အရေးပေါ် အာဟာရ၊ ကျန်းမာရေး၊ ရေ ၊ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးနဲ့ ကလေးသူငယ်ကာကွယ်ရေးအကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_8 April 2022
ရခိုင်ပြည်နယ် ၊ အမ်းမြိုန့ယ်၊ကျောက်မြောင်းအုပ်စု၊ ကျောက်မြောင်းကျေးရွာတွင်တွေ့ရှိရသော ဗုဒ္ဓဆင်းတုတော်များနှင့် ငွေဒင်္ဂါးပြား စသည်တို့ကို ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုရန် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနအဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်က အဆိုပါကျေးရွာတွင် ရှေးဟောင်းသမိုင်းဝင်စေတီ ၉ ဆူအား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ရွာသူသားများမှဆောင်ရွက်ရာတွင် ကျောက်ဖြင့်တည်ထားသော စေတီတော် ၁ ဆူမှ အင်းကွက်ဟုယူဆရသော စာများရေးသားထားသည့် ကျောက်ပြား ၄ ခု၊ ဘုရားဆင်းတုတော် ၁၄ ဆူနှင့် ငွေဒင်္ဂါးပြား ၁၂ ပြားတို့အား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ယခုအခါ အဆိုပါပစ္စည်းများကို ကျောက်မြောင်းကျေးရွာ ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးတေဇနိယက ၎င်းကျောင်း၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1828 of 1950