#LocalNews
Published_18 April 2022
ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ အဂတိအမှုကို ယနေ့ ဧပြီလ ၁၈ ရက်တွင် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး နောက်တစ်ပတ်တွင်အမိန့်ချမည်ဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းက ပြောသည်။
"ဧပြီလ ၂၆ ရက်နေ့ အမိန့်ချမယ်။ဒီနေ့ အပြီးသတ် လျှောက်လဲချက်ပေးတယ်။လျှောက်လဲချက်ကို အကျယ်တဝင့်ပေးတာတွေ့ရတယ်။ဒီအမှုနဲ့ပတ်သက်ပြီးတော့ ရာဇဝတ်ကျင့်ထုံးနဲ့ မကိုက်ညီဘူးဆိုတာကို လျှောက်လဲတာတွေ့ပါတယ်။ဦးဖြိုးမင်းသိန်းက ပေးပါတယ်ဆိုတာလည်း မပေါ်လွင်ခဲ့တဲ့ အကြောင်းပေါ့။တရားလိုပြသက်သေကလည်း သေချာ မပြနိုင်ဘူး။ဒါကြောင့် မငြိစွန်းဘူးပေါ့။တရားခွင်ကို ဒေါ်အောင်ဆန်းစုကြည်လာတာ အဖြူရောင်ဝတ်ထားတယ်။ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့အမှုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်ပေါ့။ရဟတ်ယာဉ်တို့ ဘာတို့ဆိုတာက လုပ်ငန်း ကိစ္စတွေလေ။ဒါကြောင့် ရှေ့နေကလည်း ပီပီပြင်ပြင် လျှောက်လဲတာကိုတွေ့ရပါတယ်"ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟုဆိုသော အဂတိအမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၁၄ ရက်ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးခဲ့ရာ စွပ်စွဲမှုများ မမှန်ကန်ကြောင်း ထွက်ဆိုခဲ့ပြီး ဖြစ်သည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ချက်များအပေါ် ထောက်ခံပေးရန်ဟုဆိုကာ ၂၀၁၇ ခုနှစ် ၊ ၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ်တိုတွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းအား ၃ ကြိမ်းခွဲ၍ လက်ရောက်ပေးအပ်ခဲ့ကြောင်း နစက ထံ ထွက်ဆိုထားခြင်းဖြစ်သည်။
ယင်းထွက်ဆိုချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းကိုယ်တိုင် တရား လိုပြသက်သေ တဦးအနေဖြင့် တရားခွင်အတွင်း သက်သေလာရောက်ထွက်ဆိုခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 18 April 2022
ဓာတ်မြေသြဇာတစ်အိတ်ကို ယခင်က ငွေကျပ် ၂ သောင်းကျော်ရှိရာကနေ ယခုအခါ ၉၀,၀၀၀ ကျော်အထိ ဈေးမြင့်တတ်နေတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်နေပါတယ်။
#Yangon_Media_Group
#LocalNews
Published -18 April 2022
ဘရိတ်ပေါက်တဲ့ကားတစ်စီးက ဆိုင်ကယ်တစ်စီးကို ၀င်ရောက်တိုက်မိခဲ့ပြီး ထိုမှတစ်ဆင့် လမ်းဘေးရှိ လူနေအိမ်ကိုပါ ထပ်မံဝင်ရောက်တိုက်မိခဲ့သည့် ယာဥ်တိုက်မှုဖြစ်စဥ်တစ်ခု ဒီကနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၁၈ ရက်၊ နံနက် ၁၁ နာရီ အချိန်ခန့်က မော်လမြိုင်မြို့ စျေးကြိုမီးပွိင့် သီရီမြိုင်ဘက်အဆင်းလမ်း(ကညန)ရုံးနားတွင် (၆)ဘီး ကုန်တင်ဒိုင်နာယာဥ်တစ်စီး ဘရိတ်ပေါက်၍ ထိုးဆင်းလာပြီး ဆိုင်ကယ်တစ်စီးနှင့် လူနေအိမ်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဥ်ကြောင့် လူတစ်ဦး(အမျိုးသားတစ်ဦး) ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံလူမှုကယ်ဆယ်ရေးအသင်းတွေက ဒဏ်ရာရလူနာကို မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
Photo - ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့
ymg/kg
#Yangon_Media_Group
#LocalNews
Published - 18 April 2022
မြန်မာနိုင်ငံတွင် ပဋိပက္ခတွေချုပ်ငြိမ်းပါစေလို့ ဗြိတိန် ဝေလမင်းသား ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဒါ့အပြင် ပြည်သူတွေနဲ့ ထိုက်တန်တဲ့ တောက်ပတဲ့အနာဂတ်တွေ ရရှိပါစေလို့လည်း မြန်မာနှစ်သစ်ကူးအတွက် ဝေလမင်းသားက ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။
အဆိုပါ ဆုမွန်ကောင်းတောင်းလွှာတွင် "ရဲစွမ်းသတ္တိပြည့်၀တဲ့ မြန်မာပြည်သူတွေရဲ့ အတာသင်္ကြန်ပွဲတော်နဲ့ မြန်မာ့နှစ်သစ်ကူးအခါသမယကို ရောက်ရှိလာတာနဲ့အမျှ မြန်မာနိုင်ငံအနှံ့က မိတ်ဆွေတွေ၊ လူ့ဘောင်အဖွဲ့အစည်းအသီးသီးက လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် လုပ်ဆောင်နေကြတဲ့ ပြည်သူအားလုံးနဲ့အတူ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီများရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြသူတွေအားလုံးကို သတိရမိပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ပြည်သူတွေနဲ့ ထိုက်တန်တဲ့ တောက်ပတဲ့အနာဂတ်တွေ ရရှိပါစေလို့မျှော်လင့်ရင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာပြည်သူတွေကို မမေ့လျော့ဘဲ တစ်သားတည်းအမြဲအတူရှိနေပါတယ်"လို့ ဗြိတိန်ဝေလမင်းသား၏ ဆုမွန်ကောင်းတောင်း လွှာမှာ ဖော်ပြထားတာပါ။
မြန်မာနှစ်သစ်ကူးအတွက် ဗြိတိန်နိုင်ငံ ဝေလမင်းသားထံမှ ဆုမွန်ကောင်းတောင်းလွှာကို UK in Myanmar က မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 18 April 2022
ယနေ့ ဧပြီ ၁၈ ရက်မှ စတင်ပြီး ရန်ကုန်တိုင်း အပါအ၀င် ကျန်တိုင်းနှင့်ပြည်နယ်တချို့တွင် လျှပ်စစ်မီးဖြန့်ဝေမှုအား အလှည့်ကျစနစ်ဖြင့်သာ ပြန်လည်ပေးဝေဖြန့်ဖြူးပေးလျက်ရှိတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရပါတယ်။
မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း လျှပ်စစ်မီးဖြန့်ဝေမှုအား ပုံမှန်အတိုင်းပေးဝေခဲ့သော်လည်း ယခုအခါတွင် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ လျှပ်စစ်မီးအား အလှည့်ကျစနစ်ဖြင့် ပြန်လည်ပေးဝေခြင်းဖြစ်တယ်လို့ (YESC) ရန်ကင်းမြို့နယ်၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးဖော်ပြထားပါတယ်။
ထို့အတူ အလုံမြို့နယ် (YESC)လူမှုကွန်ရက်စာမျက်နှာတွင်လည်း ရန်ကုန်တွင် ၄ နာရီခြားတစ်ကြိမ် လျှပ်စစ်မီးပေးမည်ဟု အသိပေးကြေညာထားပါတယ်။
"သင်္ကြန်ရုံးပိတ်ရက် ကာလတုန်းက မီးအပြည့်အဝပေးတာ တွေ့ရတယ်။ ဒါပေမယ့် ဒီနေ့ကစပြီး သူတို့ရဲ့ မူလအစီအစဥ်အတိုင်း လျှပ်စစ်မီးတွေကို ပြန်ပေးနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီကစပြီး မီးပျက်သွားပါပြီ။ အရင်သူတို့ ထုတ်ပြန်ထားတဲ့ အချိန်ဇယားအတိုင်း ပြန်ဖြစ်သွားပါပြီ"လို့ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက YMG
ကို ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လမှစ၍ လေးနာရီခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေပေးခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များကိုမူ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ နံနက် ၅ နာရီအချိန်မှ စတင်ပြီး ယခင် မီးပေးနေသည့် အုပ်စုဇယား(A,B) အတိုင်းသာ အလှည့်ကျ ဓာတ်အားပေးသွားမှာဖြစ်တယ်လို့လည်း မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့် ဝေရေးရုံးတွေက အသိပေးကြေညာထားပါတယ်။
ymg/kg
#Yangon_Media_Group
#DailyNews
Published -18 April 2022
၁။ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုဂံဒေသသို့ ပြည်တွင်းခရီးသွားများ စံချိန်တင်ဝင်ရောက်ခဲ့။
၂။ သွင်းအားစုဓာတ်မြေသြဇာ တစ်အိတ် ၉၀,၀၀၀ ကျော်အထိ ဈေးမြင့်တက်နေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အသက်(၇၀)အရွယ်အဖွားကို ကိုယ်ဟန်ပြမော်ဒယ်လ်အဖြစ် ဓာတ်ပုံရိုက်လုပ်ကိုင်လျက်ရှိသည့် တရုတ်ဓာတ်ပုံဆရာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_18 April 2022
ထွန်းဖောင်ဒေးရှင်းနှင့် ထွန်းဖောင်ဒေးရှင်းစာပေဆုအလှူရှင်လည်းဖြစ် ၊ ထွန်းကော်မာရှယ်ဘဏ်တည်ထောင်သူလည်းဖြစ်သော ဦးသိန်းထွန်းသည် ဧပြီလ ၁၈ ရက် နံနက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ယင်း၏ မိသားစုဝင်များထံမှ သိရသည်။
ဦးသိန်းထွန်းသည် မြန်မာ့ရွှေကြယ်စင်တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းတွင် စီးပွားရေးချဲ့ထွင်ကျယ်ပြန့်လာကာ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဖြန့်ဖြူးရေး၊ အိမ်ခြံမြေ၊ မီဒီယာနှင့် ဘဏ်လုပ်ငန်းနှင့် အဖျော်ယမကာလုပ်ငန်းများကိုလည်း လုပ်ကိုင်နေသူ ဖြစ်သည်။
၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံဈေးကွက်သို့ Pepsi စတင် မိတ်ဆက်ဖြန့်ဖြူးခဲ့သူဖြစ်သောကြောင့် သူ့ကို Pepsi ဦးသိန်းထွန်း ဟု ပညတ်ခေါ်ဝေါ်ကြကာ မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အဖြစ် လူသိများသူ ဖြစ်သည်။
ဦးသိန်းထွန်းကို ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မြို့တွင် မွေးဖွားခဲ့ကာ ဇနီး ဒေါ်နယ်လီသန်းနှင့် အကြောင်းပါပြီး ဦးသန့်ဇင်ထွန်း၊ ဦးထွန်းထွန်း ၊သမီး မီမီထွန်းတို့အား ထွန်းကားခဲ့သည်။
လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် Myanmar Consolidated Media (Myanmar Times) ၏ အစုရှယ်ယာအများစုကို လက်ရှိအချိန်ထိ လွှဲပြောင်းရယူခဲ့သူလည်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်အရွယ်ရှိပြီ ဖြစ်သည်။
ymg/mt
#Yangon_Media_Group
Page 1817 of 1950