Published 19 April 2022
မြန်မာနိုင်ငံတွင် မီးရထားအပန်းဖြေခရီးစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြဖို့ ရထားသယ်ယူ ပို့ဆောင်ရေး နှင့်ပတ်သက်သည့် တာဝန်ရှိသူတွေနှင့် ဆွေးနွေးရာမှာ နစကဥက္ကဋ္ဌက မှာကြားခဲ့တယ်လို့သိရပါတယ်။
ဧပြီလ(၁၉)ရက်က နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ မန္တလေးတိုင်းဒေသကြီးက နှစ်ပေါင်း ၁၂၀ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ပြင်ဦးလွင်ဘူတာသို့ သွားရောက်ပြီး ပြင်ဦးလွင်-ဇီးပင်ကြီး မီးရထားခရီးစဉ်စီးနင်းလိုက်ပါစဉ် ယခုလို ပြောဆိုခဲ့တာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မီးရထားသယ်ယူပို့ဆောင်ရေးနှင့် ရထားအပန်းဖြေခရီးစဉ်တွေ တိုးတက်ဖို့အတွက် ရထားလမ်းတွဲတွေ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်မယ့်အခြေအနေတွေနှင့် ရထာလမ်းတလျောက် သန့်ရှင်းသာယာလှပပြီ မျက်စိပသာဒဖြစ်အောင် ဆောင်ရွက်သွားဖို့လိုအပ်တာတွေကို နစကဥက္ကဋ္ဌဟာ တာဝန်ရှိသူတွေနှင့် ဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။
အဲဒီအပြင် ပြင်ဦးလွင်ဘူတာရုံဟာ နှစ်ပေါင်း ၁၂၃နှစ်သက်တမ်းရှိတဲ့ ရှေးဟောင်းအဆောက်အဦဖြစ်တဲ့အတွက် ရှေးမူမပျက် ထိန်းသိမ်းထားနိုင်ဖို့လိုကြောင်းကိုပါ သူကပြောကြားခဲ့ပါတယ်
ပြင်ဦးလွင်ဘူတာကြီးဟာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၊ အောင်ဇေယျလမ်းတွင်တည်ရှိပြီး ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀၆ ပေတွင်ရှိပါတယ်။ မန္တလေး-ပြင်ဦးလွင်နောင်ချို-သီပေါ-လားရှိုး မီးရထားလမ်းပိုင်းပေါ်တွင်တည်ရှိပြီး ဘူတာရုံအဆောက်အဦနှင့် အပြင်အဆင်ပိုင်းအားလုံးကို ရှေးမူလက်ရာ မပျက် ထိန်းသိမ်းထားရှိကာ ဘူတာရုံဧည့်ခန်းအတွင်း မီးရထားနှင့် ပတ်သက်သည့် ဓာတ်ပုံ သမိုင်းမှတ်တမ်းများကိုလည်း ချိတ်ဆွဲပြသထားရှိကြောင်းသိရှိရပါတယ်။
အဲဒီအပြင် နစကဥက္ကဋ္ဌဟာ ပြင်ဦးလွင်မှာရှိတဲ့ မြန်မာနိုင်ငံကော်ဖီအသင်းနှင့် ပြင်ဦးလွင်ကော်ဖီဥယျဉ်များသို့ ဆက်လက်သွား ရောက်ပြီး မြန်မာ့ကော်ဖီ အရည်အသွေးကောင်း ခေတ်မီစွာထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ကော်ဖီလုပ်ငန်းရှင်တွေနှင့် ဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။
ကော်ဖီစီးပွားရေးလုပ်ငန်းတွေတိုးတက်စေဖို့အတွက် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)ကို ပြင်ဦးလွင်ကော်ဖီ ဥယျာဉ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံကော်ဖီအသင်းနှင့်ချိတ်ဆက်ကာ ကော်ဖီနည့်းပညာပြန့်ပွားရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရှိရပါတယ်။
အဲသလိုနည်းပညာများပြန့်ပွားအောင်ဆောင်ရွက်ရာမှာ မျိုးအမြားအပြားဆောင်ရွက်မယ့်အစား လုပ်ငန်းရှင်တွေနှင့် တောင်သူတွေ အကျိုးဖြစ်ထွန်းစေပြီး အရည်အသွေးတည်ငြိမ်ကာ ဈေးနှုန်းခိုင်မာတင့်သင့်တြ့ မျိုးတွေကို ရွေးချယ်ဆောင်ရွက် ကြဖို့ကိုလည်း နစကဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#LocalNews
Published_19 April 2022
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာရှိတဲ့ စေတီပုထိုးတချို့မှာ တံခါးတွေသော့တွေကို ဖျက်ဆီးခံခဲ့ရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 April 2022
အခြေခံပညာကျောင်းအားလုံး၌ မေလ ၂၅ ရက်မှ စတင်ပြီး ကျောင်းသားများ ကျောင်းအပ်လက်ခံ သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အခြေခံပညာကျောင်းများ၏ စာမေးပွဲအောင်စာရင်းကို ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပြီး လာမယ့် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်လက်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂ ရက်တွင် အခြေခံပညာကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုနှစ်မှစတင်ကာ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း သင်ကြားမှုမရှိတော့ဘဲ စနစ်သစ်သာ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
စနစ်ဟောင်း ကျောင်းသားများအနေဖြင့် ပြင်ပဖြေဆိုသူအဖြစ်သာ ဖြေဆိုရမည်ဖြစ်ပြီး ယခုနှစ်မှာမူ စနစ်ဟောင်းကျောင်းသားများအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_19 April 2022
မြို့တွင်းမြို့နယ်တွေ ဖြစ်တဲ့ ပုစွန်တောင် ၊ ဗိုလ်တထောင် ၊ ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ လမ်းမတော်မြို့နယ်တွေမှာ ညလုံးပေါက် လျှပ်စစ်မီးရအောင် လုပ်နေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 19 March 2022
မေလအတွင်း ဖွင့်လှစ်မယ့်ဆိုတဲ့ အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းတချို့ကို ခေတ္တရက်ရွေ့ဆိုင်းလိုက်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ပြန်လည်ကြေညာလိုက်ပါတယ်။
မေလ ၁၂ နေ့မှာ ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဝိဇ္ဇာ/ သိပ္ပံ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ ကော်လိပ်တွေရဲ့ ဘာသာရပ်အားလုံးကို ပြန်ဖွင့်လှစ်မယ်လို့ ကြေညာထားပါတယ်။
ယခုအခါ အဝေးသင်တက္ကသိုလ် ဝိဇ္ဇာအထူးပြု နောက်ဆုံးနှစ် ဒုတိယသုတ်နဲ့ တတိယသုတ်တို့ရဲ့ အနီးကပ်သင်တန်းတွေကို ခေတ္တရက်ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် အဝေးသင်တက္ကသိုလ်သင်တန်းအသီးသီးအတွက် စာစဉ်ပို့ချဆွေးနွေးမှုတွေနဲ့ အသံလွှင့်ပို့ချချက်တွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အနီးသင်တန်းအချိန်စာရင်းကို အချိန်မီအသိပေး ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published_19 April 2022
သီလဝါ ဆီသိုလှောင်စခန်းများအပါအဝင် ပြည်တွင်းဆီလက်ကျန်များမှာ ဓာတ်ဆီ ဂါလံ ၄၅ သန်း ၊ ဒီဇယ်ဂါလန် သန်း ၇၀ ခန့် ရှိနေ၍ လောင်စာဆီလုံး၀ မပြတ်လပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
လူမှုကွန်ရက်၌ "သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်"ဆိုသည်မှာလည်း ကောလဟလသတင်းမှားများသာဖြစ်ပြီး လက်ရှိ ဆိပ်ကမ်းတွင် တန်နှစ်သောင်းဆံ့ ဆီသင်္ဘောနှစ်စီး ရောက်ရှိနေကြောင်း ၊ထို့ကြောင့် လောင်စာဆီ လုံး၀ ပြတ်လပ်မှုမဖြစ်ပေါ်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် မြန်မာနိုင်ငံသို့ ဆီဆင်သွင်းသည့် လုပ်ငန်းစဉ်မှာ လူမှုကွန်ရက်တွင်ရေးသားနေကြသည့် တရုတ်ပြည် ၊ သီရိလင်္ကာကတစ်ဆင့် ကြားခံပြီး တင်သွင်းနေရသည်ဆိုခြင်းမှာ မဟုတ်ဘဲ စင်ကာပူနိုင်ငံ၊မလေးရှားနိုင်ငံ နှင့် ကိုရီးယားနိုင်ငံတွေက အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်းနှင့် ဌာနခွင့်ပြုချက်တောင်းခံ၍ ပြင်ဆင်နေသည့် စက်သုံးဆီဆိုင်များကလွဲ၍ ပိတ်ထားရသည့် စက်သုံးဆီဆိုင်များလည်း မရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 19 April 2022
စက်သုံးဆီများအား အကန့်အသတ်မရှိ ရောင်းချ ပေးသွားမည်ဟု ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသည့် ကုမ္ပဏီကြီး (၃)ခု က ယနေ့ ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ယနေ့ ဧပြီ ၁၉ ရက်၊ နံနက်ပိုင်းမှစတင်လို့ စက်သုံးဆီများ ပြတ်လပ် နေသည်ဟု ဆို သော လူမှုကွန်ရက်သတင်းများ ကြောင့် နိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီဂယက်
အတော်လေးရိုက်ခတ်ခဲ့ပြီး နောက် ဒီကနေ့ မွန်းလွဲပိုင်း အချိန်မှာတော့ စက်သုံးဆီ ရောင်းချသည့် ကုမ္ပဏီကြီးများက စက်သုံးဆီများအား အကန့်အသတ်မရှိ ရောင်းချပေးသွားမည်ဆိုသည့် ထုတ်ပြန်ကြေညာချက်များကို ထုတ်ပြန်လာခဲ့ကြတာလည်းဖြစ်ပါတယ်။
ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်အားလုံးတွင် စက်သုံးဆီများအား အကန့်အသတ်မရှိ ရောင်းချပေးနေကြောင်း ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်က ဒီကနေ့ နေ့လည်ပိုင်း အချိန်မှာ ထုတ်ပြန်ကြေညာခဲ့သလို စက်သုံးဆီ ရောင်းချသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Best Oil Company (BOC) ကုမ္ပဏီကလည်း မကြာမီ အချိန်အတွင်းမှာ လိုအပ်သော စက်သုံးဆီများကို BOC ဆီဆိုင်များတွင် အကန့်အသတ်မရှိ ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့တာပါ။
ဒါ့အပြင် Denko ဆီဆိုင်များတွင် စက်သုံးဆီများကို ပုံမှန်အတိုင်း အကန့်အသတ်မရှိ ရောင်းချပေးနေပြီ ဖြစ်တယ်လို့ လည်း အဆိုပါ Denko ကုမ္ပဏီ ဒီကနေ့ နေ့လည်ပိုင်းမှာ Customer များသို့ အသိပေးကြေညာချက်များကို အသီးသီး ထုတ်ပြန်ခဲ့ကြတာပါ။
ဒီကနေ့ ဧပြီ ၁၉ ရက်၊ နံနက်မှစတင်၍ စက်သုံးဆီများ ပြတ်လပ်နေသည်ဟု ဆိုသည့် လူမှုကွန်ရက်သတင်းများ ကြောင့် ဆီဆိုင်များတွင် ကားတန်းများဖြင့် ပြည့်နှက် နေခဲ့ပြီး အချို့ သော စက်သုံးဆီအရောင်းဆိုင်များက ကိုယ်တာ စနစ်ဖြင့် ကားတစ်စီးလျှင် ၂၀၀၀၀ ၊ ၃၀၀၀၀ နှင့် ၅၀၀၀၀ ဖိုးသာ ရောင်းချ ပေးမှုတွေ ရှိခဲ့တာပါ။
ymg/kg
#Yangon_Media_Group
Page 1815 of 1950