#LocalNews
Published -24 Apr 2022
ဧပြီလ ၂၄ ရက် ယနေ့ နံနက် ၅ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း ၉၉ မိုင် ၅ဖာလုံတွင်ခရီးသည်တင်ယာဉ်တစ်စီးသည် ကားဘီးပေါက်ပြီး အရှိန်လွန်ကာ ချောင်းထဲတိမ်းမှောက်သွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါ လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်တပ်ဖွဲ့ထံမှ သိရပါတယ်။
" ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှာ ခရီးသည်တင်ကားပေါ်က ၁၁ ယောက်ပဲ ထိခိုက်ဒဏ်ရာရတယ်" လို့ အမြန်လမ်းမကြီးရဲတပ်တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
အဆိုပါ တိမ်းမှောက်သွားသော နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများကို မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ထားပေးကြောင်း သိရသည်။
" ဒဏ်ရာရသူတွေကလည်း ခေါင်းပေါက်တယ်၊ လက်ထိတယ်၊ ခြေထိတယ် ဒါမျိုးတွေရတယ်၊ပြင်းပြင်းထန်ထန်စိုးရိမ်စရာအခြေအနေတော့ မတွေ့ရပါဘူး။" ဟု ကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သော ဆင်ဖြူတော်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 24 April 2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ နှင့်ခရိုင်ပညာရေးမှူးများအတွက် ဖွင့်လှစ်ပို့ချတဲ့ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ၌ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိရာ KG+12 စနစ်သစ် သင်ရိုးတန်းများကို နှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိတွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ် TOT သင်တန်းများကို ဧပြီ ၄ ရက်မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရပါတယ်။
ပညာရေးမှူးများအနေဖြင့် သက်ဆိုင်ရာ ဒေသအလိုက် ဆင့်ပွားသင်တန်းများကို စနစ်တကျ ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ဆရာ/ဆရာမများအပေါ်တွင် များစွာမူတည်သည့်အတွက် လက်ရှိတာဝန်ယူဆောင်ရွက်နေတဲ့ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် စီမံ/ဘဏ္ဍာ/ပညာ ကဏ္ဍများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 24 April 2022
၂ဝ၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယား ပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်း စသည့် လုပ်ငန်းစဉ် ၄ ရပ်ဖြင့် ၂ဝ၂၁ ခုနှစ်၊ အောက်တို ဘာလမှ ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ၅၁ လခန့်နဲ့ လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
၂ဝ၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း၏ ပထမအဆင့်ဖြစ်တဲ့ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများထဲမှ အဆင့် ၅ ဆင့်ကို ဦးစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ နစကဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်းကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၁ ရက်က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ပထမအဆင့်ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းအတွက် လုပ်ငန်းစဉ် အဆင့် (၈) ဆင့်ရှိသည့်အနက် အဆင့် (၅) ဆင့်ဖြစ်သည့် အခြေခံဒေသစာရင်းများ ပြုစုခြင်း၊ သန်းခေါင်စာရင်းလုပ်ငန်း အသေးစိတ် စီမံချက် (Project Document) ရေးဆွဲခြင်း၊ သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ GIS နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း၊ မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များ ပြုစုခြင်းတို့ကို လုပ်ငန်းအချိန်ဇယားရေးဆွဲကာ ပထမဦးစွာအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ယူခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃ဝ ကျော်ကြာ ၂ဝ၁၄ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_23 April 2022
ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်လို့ နစက ဥက္ကဌက ဧပြီလ ၂၂ ရက်မှာ ပြောလိုက်တာပါ။
#Yangon_Media_Group
#LocalNews
Published_23 April 2022
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေး အနဂ္ဃရတနာမြေ ဓာတ်ပုံပြပွဲကို မြောက်ဦးမြို့ အံတော်သိမ် ပုထိုးတော်ကြီး၊ ဓမ္မသာလဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူး၍ ယနေ့ ၂၃ ရက်တွင် စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။
"ဒါက ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ဖို့ အကြိုလှုပ်ရှားမှု ဖြစ်ပါတယ်။မြောက်ဦးဒေသရဲ့ လူနေမှုဘဝတွေကို ဓာတ်ပုံပညာနဲ့ ပြည်သူတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲကို ပြုလုပ်ရတာပါ။ စေတီပုထိုးတွေရဲ့ ခမ်းနားထည်ဝါမှုနဲ့ အနုပညာလက်ရာတွေ ၊ ရှုခင်းတွေ၊ လူနေမှုဘဝတွေ၊ ပွဲတော်တွေ၊ မြောက်ဦးဒေသအလေ့အထတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးက ပြောသည်။
အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲတွင် မြောက်ဦးဒေသခံ ဓာတ်ပုံပညာရှင်များက ဓာတ်ပုံ (၁၂၀)ကို ခင်းကျင်းပြသထားကြောင်း၊ဘိုးဘွားလက်ထက်က တည်ဆောက်ထားခဲ့သော အလွန်တန်ဖိုးရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ကာ နောင်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 23 Apr 2022
ငြိမ်းချမ်းရေးအတွက် တပ်မတော်ကလမ်းဖွင့်ပေးတာဟာကောင်းမွန်သော လက္ခဏာဖြစ်တယ်လို့ ရခိုင့်လွတ်မြောက်ရေးပါတီ ALP ရဲ့ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 23 April 2022
စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူးမြို့ ပြည်သူ့ဆေးရုံတွင် ဒီကနေ့ ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"ဒီကနေ့ နံနက် ၇ နာရီကျော်လောက်မှာ ဖြစ်တာပါ။တမူးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ ပါ။ မီးလောင်မှုကြောင့် ဆေးရုံအဝင်ညောင်ပင်ကြီးနဲ့ ကပ်လျက်အဆောင်တစ်ခု ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပါတယ်။"လို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါမီးဟာ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ဆုံးရှုံးသွားတဲ့ပစ္စည်းတွေရဲ့ ခန့်မှန်းတန်ဖိုးကိုတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
"လျှပ်စစ်ဝါယာရှော့ခ်ကြောင့်လို့ သိရပါတယ်။ လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။ လူ တွေအားလုံးရော ဆေးရုံကလူနာတွေရော ဘေးကင်းခဲ့ပါတယ်။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
တမူးမြို့ဟာ မြန်မာ-အိန္ဒိယ (၂)နိုင်ငံနယ်စပ်မှာတည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး ယနေ့ဖြစ်ပွားခဲ့သည့် တမူးမြို့ ပြည်သူ့ဆေးရုံမီးလောင်မှုကို ဒေသခံမီးသတ်တပ်ဖွဲ့ တွေနဲ့အတူ ဒေသခံလူမှုကူညီရေးအဖွဲ့ တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။
Photo - CJ
#Yangon_Media_Group
Page 1807 of 1950