#LocalNews
Published_26 April 2022
ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ အဂတိအမှုကို ဧပြီလ ၁၈ ရက်က အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး မနက်ဖြန် ဧပြီလ ၂၇ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
"မူလက ဒီနေ့ ဧပြီလ ၂၆ ရက်နေ့ အမိန့်ချမယ်လို့ တရားသူကြီးက ပြောထားပြီးသား။ဘာ့ကြောင့် ရက်ကိုရွှေ့လိုက်သလဲ မသိရဘူး"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟုဆိုသော အဂတိအမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၁၄ ရက်ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ရာစွပ်စွဲမှုများမမှန်ကန်ကြောင်း ထွက်ဆိုခဲ့ပြီးဖြစ်သည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ချက်များအပေါ် ထောက်ခံပေးရန်ဟုဆိုကာ ၂၀၁၇ ခုနှစ် ၊ ၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းအား ၃ ကြိမ်းခွဲ၍ လက်ရောက်ပေးအပ်ခဲ့ကြောင်း နစက ထံ ထွက်ဆိုထားခြင်းဖြစ်သည်။
ယင်းထွက်ဆိုချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူတို့ တရားလိုပြသက်သေအနေဖြင့် တရားခွင်အတွင်း ထွက်ဆိုခဲ့ကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published -26 April 2022
၁။ ရှေးဟောင်းဘုရားစေတီများရှိရာမွန်ပြည်နယ်၏အကြီးဆုံးထုံးကျောက်ဂူကို သွားရောက်လေ့လာခွင့် ပိတ်မထား။
၂။ Tourist Visa ဖွင့်ပေးဖို့ကျန်ရှိနေသေး၍ ပုဂံကို နိုင်ငံခြားသားဧည့်သည်မဝင်သေး။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဖိလစ်ပိုင်အာဏာရမင်းဆက်များက နိုင်ငံ့အုပ်ချုပ်ရေးပိုင်းကိုချုပ်ကိုင်ခြယ်လှယ်ထား...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 26 Apr 2022
ဧပြီလ ၂၅ ရက်နေ့တွင် တရားမဝင် သစ်မျိုးစုံ၊ တိရစ္ဆာန်များ ၊ စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၁၂,၃၄၃,၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ ထုတ်ပြန်ချက်အရသိရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဥ်များမှာ ဧပြီ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကလေးမြို့နယ်အတွင်း တရားမဝင် တင်ဆောင်လာသော ခိုင်းနွားကိုးကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၀၀၀ ၀၀) ဖမ်းဆီးရမိခဲ့ပြီး တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေဖြင့် အရေးယူထားတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၄ ဒသမ ၆,၈၂၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၂,၁၂၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့အပြင် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ်နှစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၃၄၃,၀၀၀)ကို လည်းကောင်း၊ ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးပေါ်၌ ဂျင်းဘောင်းဘီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၃၄၃,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဧပြီ ၂၅ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၇) မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၆၉၅,၁၂၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_26 April 2022
ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လျှပ်စစ်ဘတ်စ်ကားများ ပြောင်းလဲပြေးဆွဲရန် Omni Focus ကုမ္ပဏီကအဆိုပြုထားကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာနက သိရသည်။
ယင်းအဆိုပြုချက်နှင့်ပတ်သက်၍ မူဝါဒချမှတ်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရေး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားသည့်အတွက် စီစဉ်နေကြောင်းလည်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိအသုံးပြုနေသော မီးရထားနှင့် မော်တော်ယာဉ်များကို လျှပ်စစ်ဖြင့် အစားထိုးသုံးစွဲပါက စက်သုံးဆီသုံးစွဲမှု ချွေတာနိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ပြောကြားထားသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ Yangon Region Public Transport Committee (YRTC) အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသုံးယာဉ်လိုင်းအချို့နေရာတွင် လျှပ်စစ်ကားများဝင်ရောက်ပြေးဆွဲရေးအတွက် ယာဉ်လိုင်းကုမ္ပဏီအချို့ထံ သဘောထားတောင်းခံထားကြောင်းလည်း သိရသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းနံပါတ် ၂၀ ၊ ၅၆ ၊ ၈၂ ၊ ၈၃ ၊ ၉၈ ၊ ၉၉ ၊လေဆိပ်-ဆူးလေ ယာဉ်လိုင်းများကို Omni Focus ကုမ္ပဏီက ပြေးဆွဲပေးလျက် ရှိသည်။
ymg/mt
#Yangon_Media_Group
#Local News
Published-26 April 2022
ထင်းကောက်ရင်းကြုံတွေ့ရမယ့် ဘေးအန္တရာယ်တွေကိုလျှော့ချနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRCကရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ရသူတွေကို မီးသွေးမီးဖိုတွေလှူဒါန်းခဲ့ပါတယ်၊၊
ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRCကမိသားစုတွေ (ချက်ပြုတ်) စားသောက်နိုင်စေဖို့ မီးသွေးမီးဖိုတွေလှူဒါန်းခဲ့တယ်လို့ ICRC Myanmar က ထုတ်ပြန်ထားပါတယ်၊၊
နေရပ်စွန့်ခွာရသူတွေဟာ အစားအသောက်ချက်ပြုတ်ဖို့အပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်၊၊
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC အနေနဲ့ လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ရသေ့တောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်း (၂၄) ခုမှာရှိတဲ့ မိသားစုတွေ (ချက်ပြုတ်)စားသောက်နိုင်စေဖို့ မီးသွေးမီးဖို အခုရေ(၂၀၀၀)နီးပါး ပေးအပ်ခဲ့တာဖြစ်ပါတယ်၊၊
‘‘ကျွန်မ ဒီစခန်းမှာနေတာ မိုးတွင်း ၃ တွင်း ရှိပါပြီ။ မီးဖိုမရခင်တုန်းကဆို ကျွန်မတို့က အုတ်ခဲသုံးလုံးကို တြိဂံပုံစံထားပြီး အဲဒီပေါ်မှာပဲ ချက်ပြုတ်လေ့ရှိပါတယ်။ အနီးနားကတောထဲကနေ ထင်းကောက်ပါတယ်။ တစ်ခါတလေ ထင်းမလုံလောက်လို့ မြို့ပေါ်ထိသွားဝယ်ရတယ်” လို့ ရသေ့တောင်မြို့နယ် ထီးဆွဲကျေးရွာက ဒေါ်ဝေညွန့်စိန်က ပြောပါတယ်။ “ဒီမီးဖိုက မီးသွေးနဲ့ရော ထင်းနဲ့ရော သုံးလို့ရပါတယ်။ မီးကလည်းပိုကြာရှည်ခံလို့ မီးဖိုချောင်ကုန်ကျစားရိတ်ကိုလည်း လျော့စေပါတယ်” လို့ သူကထပ်ပြောပါတယ်။
အခုရရှိတဲ့ မီးဖိုတွေကိုအသုံးပြုပြီး မိသားစုပေါင်း ၁,၇၀၀ ကျော်ဟာ စားစရာတွေကို ချက်ပြုတ်စားသောက်နိုင်ပြီး လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့နေရာတွေမှာ ထင်းကောက်ရင်းကြုံတွေ့နိုင်တဲ့ ဘေးအန္တရာယ်တွေကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 25 April 2022
လတ်တလောမှာ ကိုဗစ်လူနာတွေပို့ဆောင်ပေးရမှု မရှိသလောက်နည်းနေပြီး မွေးလူနာနဲ့ အခြား သော ထိခိုက်ဒဏ်ရာရရှိသူတွေကို ပို့ဆောင်ပေးရတာအများဆုံးဖြစ်နေတယ်လို့ ရွှေလောင်းလှေပရဟိတဖောင်ဒေးရှင်း ဥက္ကဌဦးသော်တာထွေးကပြောပါတယ်၊၊
#Yangon_Media_Group
#Local News
Published-25 April 2022
ပုဂံဒေသမှာ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် မြစ်ရေတိုက်စားမှုကာကွယ်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ရှေးဟောင်းသုတေသနဌာန(ပုဂံဌာနခွဲ)မှသိရပါတယ်၊၊
ရှေးဟောင်းအဆောက်အအုံအမှတ် (၁၅၉၉)ဘုရားတွင် မြောက်ဘက်ရင်ပြင်တံတိုင်း ပဲ့ကျပျက်စီးမှုအား အုတ်စားဖြည့်စီခြင်း၊ရှေးဟောင်းအဆောက်အအုံအမှတ် (၁၀၄၂) ဆင်ကအုတ်တိုက် အနောက်တောင်ထောင့် အထက်ချင်မိတ်တိုးအုတ်စားဖြည့်စီခြင်းလုပ်ငန်းတွေကို ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးတွေနဲ့ လက်ထောက် အင်ဂျင်နီယာတွေ၊ ဌာနအင်ဂျင်နီယာတွေက ကြည့်ရူစစ်ဆေးခဲ့ပါတယ်၊၊
ဒီ့အပြင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တင်ဒါအောင်မြင်တဲ့ လင်းလက်ပြည့်စုံအောင် ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျှက်ရှိတဲ့ လောကနန္ဒာ စွယ်တော်မြတ်စေတီတော်နဲ့ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တို့ကို ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် Bored Pile အခြေပြုမြစ်ကမ်းထိန်း ကျောက်စီနံရံနဲ့ Gabion Box ကျောက်ဖြည့်မြေထိန်း အကာအရံတည်ဆောက်ခြင်းလုပ်ငန်းတွေကိုလည်း ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1804 of 1950