#LocalNews
Published - 27 April 2022
မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီဌားစီးပြီး ဆိုင်ကယ်သမားကို ရာဘာခြံထဲ၌ ရိုက်သတ်ကာ အဆိုပါ ဆိုင်ကယ်အား လုယူထွက်ပြေးသူနှစ်ဦးကို ဧပြီလ ၂၆ ရက် နေ့က ဖမ်းဆီးရမိပြီဖြစ်တယ်လို့ မြို့ခံများထံမှ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ဟာ ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းအချိန်က မော်လမြိုင်မြို၊ မင်းရွာကျေးရွာ၊ အားကစားသိပ္ပံရှေ့ ရာဘာခြံထဲမှာ ဖြစ်ပွားခဲ့တာပါ။
"မော်လမြိုင် တောင်ရှမ်းစုက ဆိုင်ကယ် Taxi သမားကို မင်းရွာရာဘာခြံထဲ သတ်သွားတဲ့တရားခံ ၂ ဦး ယနေ့ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။"လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ဘိုဘိုဝင်း (Rescue) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။
ဖမ်းဆီးရမိသည့် တရားခံများအား လက်ရှိတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းမှုတွေကို
ပြူလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
သေဆုံးသွားသည့် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူမှာ မော်လမြိုင်မြို့၊ တောင်ရှမ်းစုရပ်နေ ထော့မယ်ပါတက္ကစီဆိုင်ကယ်ယာဥ်မောင်း မောင်ကျော်ထူးဖြစ်ပြီး ၄င်းသေဆုံးချိန်တွင် ကလေးတစ်ယောက်ကျန်ရှိခဲ့တယ်လို့သိရကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
Photo - ဘိုဘိုဝင်း (Rescue)
ymg/kg
#Yangon_Media_Group
#LocalNews
Published_27 April 2022
သင်္ကြန်အပြီးတွင် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်၍အဖမ်းခံရသော မြန်မာနိုင်ငံသားများ ရာနှင့်ချီရှိနေပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
ယနေ့ ဧပြီလ ၂၇ ရက် နံနက် တစ်နာရီ မထိုးမီအချိန်က ထိုင်းနိုင်ငံ ထစောင်ယန်ခရိုင်ခွဲ တတ်ခရိုင်တွင်း ကား ၂ စီး၊ ယာဉ်မောင်း ၂ ဦး အပါဝင် တရားမဝင် မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးရမိကြောင်း၊ယင်းတို့မှာ ပွဲစားခ ဘတ် ၂၃,၀၀၀ ပေးဆောင်၍ လာရောက်ခဲ့ကြသူများဖြစ်ကြောင်းနှင့် လက်ရှိတွင် ယင်းတို့ကို မဲ့မွေရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားကြောင်းလည်းသိရသည်
ဧပြီလ ၁၉ ရက်က ထိုင်းနိုင်ငံ မဲ့တန်းမြို့နယ် ထစောင်ယန်ခရိုင်ခွဲတွင်း မြန်မာနိုင်ငံသား အမျိုးသား စုစုပေါင်း ၅၄ ဦး ၊ ဧပြီလ ၂၁ ရက်က တကိုခီးကျေးရွာ မဲ့ဥဆုမြို့နယ် ထာ့စောင်ယန်ခရိုင်တွင် ၄၆ ဦး၊ ဧပြီလ ၂၂ ရက်က တတ်ခရိုင် ထာ့စောင်ယန်ခရိုင်ခွဲတွင် ၃၄ ဦး၊ ဧပြီလ ၂၄ ရက်နှင့် ဧပြီလ ၂၅ ရက်က ကန်ကျနဘုရီပြည်နယ်အတွင်း နေရာ ၅ နေရာ၌ ၇၅ ဦး အသီးသီး ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_27 April 2022
ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သော အဂတိအမှုအတွက် ယနေ့ ဧပြီလ ၂၇ ရက်တွင် နေပြည်တော်အထူးတရားရုံး၌ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်းသိရသည်။
" ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ အမိန့်ချတယ်။ ၅ နှစ်ပါ တဲ့"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟုဆိုသော အဂတိအမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၁၄ ရက်ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ရာစွပ်စွဲမှုများမမှန်ကန်ကြောင်း ထွက်ဆိုခဲ့ပြီးဖြစ်သည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ချက်များအပေါ် ထောက်ခံပေးရန်ဟုဆိုကာ ၂၀၁၇ ခုနှစ် ၊ ၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းအား ၃ ကြိမ်းခွဲ၍ လက်ရောက်ပေးအပ်ခဲ့ကြောင်း နစက ထံ ထွက်ဆိုထားခြင်းဖြစ်သည်။
ယင်းထွက်ဆိုချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူတို တရားလိုပြသက်သေအနေဖြင့် တရားခွင်အတွင်း ထွက်ဆိုခဲ့ကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_26 April 2022
ငြိမ်းချမ်းရေးအတွက် SAC ဖိတ်ကြားချက်ကို ဆုံးဖြတ်နိုင်ဖို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) အနေနဲ့ အထူးအစည်းအဝေးလုပ်မယ်လို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ(PPST) အဖွဲ့ဝင်လည်းဖြစ် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
#Yangon_Media_Group
Published 26 April 2022
ဧဒင်လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို စစ်ဆေးမှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကအတည်ပြုပါတယ်။YMGရဲ့မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားချက်အပြည့်အစုံကိုဖော်ပြပေးလိုက်ပါတယ်။
#LocalNews
Published - 26 April 2022
စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် စစ်ကိုင်းတိုင်း
အတွင်းရှိ ခရီးသည်တင်လိုင်းကားခ ဈေးနှုန်းများဟာ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-26 April 2022
လေကြောင်းလိုင်းတွေပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း ပုဂံဒေသကို နိုင်ငံခြားသားခရီးသွားတွေ လာရောက်မှုမရှိသေးဘူးလို ပုဂံဒေသခံခရီးသွားဧည့်လမ်းညွှန်(Tourist Guide)တွေထံမှသိရပါတယ်၊
#Yangon_Media_Group
Page 1802 of 1950