#Local_News
Published_17 Feb 2022
မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်အသုံးပြုခြင်းများနှင့် သက်ဆိုင်သည့် ဗဟုသုတများကို လေ့လာနိုင်မည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) ကို ဖေဖော်ဝါရီလ တတိယပတ်အတွင်း နေပြည်တော်ရှိ ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်းအတွင်း၌ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစေ့ပျိုးပင်ပြခန်း ပြကွက်များ နှင့် စိုက်ခင်းများ၊ ပုဂ္ဂလိကပြခန်းများ ခင်းကျင်းပြသထားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြပွဲရက်များအတွင်း စကားဝိုင်းဆွေးနွေးပွဲများကိုလည်း ထည့်သွင်းစီစဉ်ပေးသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာကြမည့် လယ်ယာကဏ္ဍကို စိတ်ဝင်စားသူများအနေဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်အသုံးပြုခြင်းများနှင့်သက်ဆိုင်သည့် ဗဟုသုတများကို စုံလင်စွာလေ့လာနိုင်မှာဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -16 Feb 2022
လတ်တလော မြင့်တက်နေတဲ့စက်သုံးဆီ ဈေးနှုန်းနဲ့ အခြားစက်အပိုပစ္စည်းဈေးနှုန်းများ မြင့်တက်နေတာကြောင့် ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ သမ္ဗာန်လုပ်သားများအခက်တွေ့လာတယ်လို့ ဒလမြို့ နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ငြိမ်း က ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published - 16 Feb 2022
(၁) ပူတာအိုဒေသတွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ဝန်းကျင်အထိရှိနေပြီး အရေးပေါ် အကူအညီများလိုအပ်
(၂) ပဲတီစိမ်းကို ကန့်သတ်ကုန်စည်အဖြစ် မူဝါဒပြင်ဆင်ပြောင်းလဲမှုဟာ မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှု နည်းမည်ဟု သုံးသပ်
(၃) နေ့စဉ်မိုးလေဝသသတင်း
(၄) အသက်စတေးခြင်းခံခဲ့ရသည်ဟု ယူဆရသည့် ကလေးငယ်ခြောက်ဦး၏ မမ်မီရုပ်အလောင်းများကို ပီရူးနိုင်ငံတွင်တွေ့ရှိခဲ့ကြ...... အစရှိတဲ့သတင်းတွေကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published- Feb 16 2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ၌ လေယာဉ်စီးနင်းလိုက်ပါကြမည့်ခရီးသည်များကို ကိုဗစ်ပိုးရှိမရှိ(Swab) ယူကာ R.D.T test kit နဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးဝင်းတွင်စစ်ဆေးရာ ခရီးသည်သုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ၎င်းတို့ အား ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Isolation Ward နှင့် Home Isolation နေရာများ တွင် သီးသန့်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။
ပိုးတွေ့ရှိသူများမှာ ကျောက်ဖြူမြို့ ၊ ကညင်တောရပ်ကွက်တွင်နေထိုင်တဲ့ အမျိုးသားတစ်ဦး၊ တည်းခိုခန်းများတွင်တည်းခိုနေတဲ့ အမျိုးသားနှစ်ဦးတို့ ဖြစ်ကာသုံးဦးအနက် နှစ်ဦးအား ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Isolation Ward နှင့် ကျန်တစ်ဦးအား ၎င်းတို့ ရဲ့နေအိမ်များတွင် Home Isolation Guide Line အတိုင်း နေထိုင်စေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့မှလေယာဉ်စီးနင်းလိုက်ပါကြမယ့် ခရီးသည်များအနေနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်ကာ R.D.T test kit ဖြင့်စစ်ဆေးခြင်းကို ခရီးစဉ်မတိုင်မီ (၄၈)နာရီအတွင်း ကျန်းမာရေး ဦးစီးဌာနကိုသွားရောက်စစ်ဆေးသွားရမှာဖြစ်ပြီး ခရီးသည်များအားလုံး စစ်ဆေးပြီးထားတဲ့ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ် Negative Test Result ပါရှိရမည်ဖြစ်ပြီး မျက်နှာအကာ Face Shield နှင့် နှာခေါင်းစည်း Mask တပ်ဆင်လာရမှာဖြစ်တယ်လို့ ကျောက်ဖြူမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိရပါတယ်။
ကျောက်ဖြူမြို့ တွင် လေယာဉ်စီးနင်းလိုက်ပါကြမယ့် ခရီးသည်များကို သန်ပန်ချောင်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် လေယာဉ်မထွက်မီတစ်ရက် ကြိုတင်ကာ မွန်းလွဲ ၁ နာရီမှ ၃ နာရီအတွင်း ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 16 Feb 2022
တပ်မတော်တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်း ပျက်ကျ၍ လေယာဉ်မှူးဖြစ်သူသေဆုံးသွားကြောင်း နစက ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်က လေ့ကျင့်ရေးဧရိယာအတွင်း လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပျက်ကျခဲ့ကြောင်း၊တပ်မတော်(လေ)မှ လေယာဉ်တစ်စင်းဖြင့် လိုက်လံရှာဖွေခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို၊အုန်းတောကျေးရွာ၏ အရှေ့ဘက် ရေမျက်ကြီးအင်းအတွင်း ပျက်ကျခဲ့သည့် လေယာဉ်ကိုတွေ့ခဲ့ရကြောင်း သိရသည်။
ယင်းလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှုး ဖြစ်သူ ဗိုလ်ကြီး ဟိန်းထက်အောင် မှာ အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်
ymg/mt
#Yangon_Media_Group
Page 1788 of 1816