တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ဇွန်(၁၁)ရက်မှာ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ တစ်ချိန်တည်းကပ်ထားမှာဖြစ်သလို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www. myanmarexam.org မှာ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ အင်တာနက်မရသော ဝေးလံဒေသများကိုရေဒီယိုမှလွှင့်ပေးမယ်။
#Local_News
Published_08 June 2024
#တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း #အခမဲ့ကြည့်ရူနိုင်
#tthl #Yangon_Time
#Local_News
Published_08 June 2024
▪️ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးသို့ မေလတစ်လတာအတွင်း ပြည်ပမှ ဘုရားဖူးဧည့်သည် ငါးထောင်ကျော်လာရောက်ဖူးမြော်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
▪️ ထိုသို့ လာရောက်ဖူးမျှော်ရာတွင်နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှုမှာ တစ်ရက်လျှင် လူဦးရေ ၁၅ဝ ဝန်းကျင်ရှိပြီး မေလတစ်လတာအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၅,၂၉၁ ဦးလာရောက်ဖူးမြော်ကြောင်း သိရသည်။
▪️ အဆိုပါ ခရီးသွားဧည့်သည်များမှာ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသားများ အများဆုံးလာရောက်ကြပြီး အမေရိက၊ ဥရောပနှင့် အာဖရိကတိုက်သားများလည်း လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။
▪️ ရွှေတိဂုံစေတီတော်ကြီးသို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးမြော်ချိန်ကို တိုးမြှင့်ဖွင့်လှစ်ပေးထားရာ ပြည်တွင်းဘုရားဖူးဧည့်သည်များလည်း လာရောက်ဖူးမြော်မှုများပြားနေကြောင်း သိရသည်။
▪️ ပြည်တွင်းဘုရားဖူးများမှာ မေလအတွင်း၌ သံဃာတော် ၇,၉၀၉ ပါး၊ သီလရှင် ၄၇,၈၆ ပါး၊ အမျိုးသား ၂၅၈,၉၇၁ ဦး၊ အမျိုးသမီး ၂၉၉,၃၈၉ ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
▪️ ရွှေတိဂုံစေတီတော်သို့ ပုံမှန်ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် ဘုရားဖူးဦးရေ ၂ဝ,ဝဝဝ ဝန်းကျင်လာရောက်ပြီး စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် ဘုရားဖူးလာရောက်ဖူးမြော်မှု ပိုမိုများပြားလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Published 8 June 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာအနီး ဖျာပုံ-ဒေးဒရဲကားလမ်း၊ မိုင်တိုင်အမှတ်(၉/၀)တွင် TOYOTA Axio(အဖြူရောင်)တစ်စီးတိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးေ-သဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ဇွန်လ ၇ရက် ည ၁၁နာရီခွဲခန့်က ဖြစ်ပွားခဲ့ကာ ရှမ်းရွာကျေးရွာအနီး ဖျာပုံ-ဒေးဒရဲကားလမ်း၊ မိုင်တိုင်အမှတ်(၉/၀)တွင် TOYOTA Axio(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲသို ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦးအနက် အမျိုးသား (၁)ဦးသေဆုံးခဲ့ကာ အမျိုးသား(၄)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။
▪️ ယာဉ်တိမ်းမှောက်သည့်နေရာသို့ ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လာရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကာ ထိခိုက်ဒဏ်ရာရရသူများကို လူသားချင်းလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဒေးဒရဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 8 June 2024
▪️ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ဧရာဝတီတံတားအောက် ဧရာဝတီမြစ်ထဲတွင် CPတွဲ သင်္ဘောတစ်စီး နစ်မြူပ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ဇွန်လ ၇ ရက်နေ့လည် ၂နာရီ ခန့်ကမင်းဘူးမြို့နယ်၊ ထောင်ရှာပင်ကျေးရွာအနီ၊ ဧရာဝတီတံတားတိုင်အမှတ် ၁၇/၁၈ ကြားတွင် ဘိလပ်မြေအိပ်များတင်ဆောင်လာသော CP တွဲသင်္ဘောမှ တံတားတိုင်အား ဝင်ရောက်ပွတ်တိုက်မိပြီး ဝမ်းဗိုက်ပေါက်၍ ရေဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အခင်းဖြစ်ပွါးရာသို့ မင်းဘူးမြို့နယ်မီးသတ်မှ မီးသတ်စက်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ရာ ညနေ ၅နာရီ အချိန်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
▪️ ယင်းတွဲသင်္ဘောပေါ်ပါရှိသူများကို ကမ်းပေါ်သို့ရောက်ရှိရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_08 June 2024
▪️ မြန်မာ့အော်တာနေးတစ်ဂီတလောက၏ ကြယ်ပွင့်တစ်ဦးဖြစ်သည့် အဆိုတော် ဂလဲ (အာတီချုပ်) သည် ယနေ့ ဇွန်လ(၈)ရက် မနက် 1:00 အချိန်က ကွယ်လွန်သွားကြောင်း ဂီတလောကသားများထံမှ သိရသည်။
▪️'စိတ်ကူး'ဆိုသည့် သီချင်းလေးဖြင့် တစ်ခေတ်တစ်ခါက လူငယ်အမျိုးသားများကြိုက်နှစ်ခဲ့ကြသည့် အဆိုတော်တစ်ဦးဖြစ်သလို တေးရေးဆရာ တစ်ဦးလည်းဖြစ်သည်။
▪️ "တကယ်စိတ်ထဲတော်တော်မကောင်းဘူး။ အခု ဆို 16 နှစ်ရှိပြီပေါ့။ ဒီပွဲလေးမှာ အမှတ်တရတွေများစွာ အာတီချုပ်ဂလဲ သူငယ်ချင်းကြီးရေ၊အေးချမ်းစွား အနားယူပါ၊ဒီနေ့မနက် အာတီချုပ် အဖွဲ့က Vocal ဂလဲလူလောက ထဲ က ထွက်သွားပါပြီ"ဟုလည်း အဆိုတော်ယုန်လေးက ဖော်ပြထားသည်။
▪️ ယခုမေလ(၂၇)ရက်မှာဘဲ ပရိတ်သတ်ရင်ထဲရောက်မည့် သီချင်းများပြင်ဆင်ထားပြီဖြစ်ကြောင်းအင်တာဗျူးတစ်ခု၌ ဖြေဆိုခဲ့ပြီး သူ့၏လသား အရွယ်ကလေးလေးနှင့်အမျိုးသမီးအားလည်း မိတ်ဆက်ခဲ့ပြီးနောက် ယခုဇွန်လ(၈)ရက်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
▪️ တစ်ကျော့ပြန်ဂီတလောကထဲ သီချင်းများဖန်တီးရန်ကြိုးပမ်းနေချိန်မှာဘဲ အသည်းရောဂါကြောင့် ကွယ်လွန်သွားကြောင်း ဂီတလောကသားများနှင့် သူ၏မိတ်ဆွေများမှ ဖော်ပြထားသည်။
#tthl #Yangon_Times
#Local_News
Published_08 June 2024
▪️ မြန်မာ့လူငယ်ဆရာ၊ ဆရာမကိုယ်စားလှယ်အဖွဲ့ဝင်(၁၇)ဦးသည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးနှင့် ကူးလူးဖလှယ်ရေးခရီးစဉ်သွားရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
▪️ မြန်မာနိုင်ငံ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ရခိုင်စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းမှ လူငယ်ဆရာ၊ ဆရာမကိုယ်စားလှယ် ၁၇ ဦးသည် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့ထိ တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်း၊ ကူမင်းစသည့် မြို့များရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းပေါင်း ၈ ကျောင်းသို လေ့လာရေးခရီး လာရောက်ခဲ့ကြသည် ဟုဆိုသည်။
▪️ ယင်းသို့လာရောက်ပြီး တရုတ်နိုင်ငံကျောင်းများ၏ ပညာသင်ကြားမှုနှင့် လုပ်ငန်းလည်ပတ်မှုအတွေ့အကြုံများကို သုတေသနပြုရင်း တရုတ်ကျောင်းမှဆရာ၊ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ ရင်းနှီးစွာကူးလူးဖလှယ်ခဲ့ကြရာ နှစ်ဦးနှစ်ဘက်မှကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုသည့် တက်ကြွသောဆန္ဒကို ဖော်ပြခဲ့ကြသည်ဟုဖော်ပြထားသည်။
▪️ ပေကျင်းမြို့ကျင်းယွမ် (Jingyuan) ကျောင်းတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းဌာနသို့ သွားရောက်လေ့လာရင်း အဆိုပါကျောင်း၏ နှစ်ပေါင်း ၁၅ နှစ်တိုင် ကျင့်သုံးခဲ့သည့် လက်တွေ့သင်ကြားမှုပုံစံများကို လေ့လာခဲ့ကြသည်။ ကူမင်းမြို့ရှီလိန် (Shilin) ခရိုင် တိုင်းရင်းသား အထက်တန်းကျောင်း၌ ကိုယ်စားလှယ်အဖွဲသည် ကျောင်းသားကျောင်းသူများမှ ဖျော်ဖြေသည့် တိုင်းရင်းသားရိုးရာအဆိုအကများကို ရှုစားခဲ့ကြသည်။
▪️ Affiliated School of Kunming NSAU Research Institute တွင် ကိုယ်စားလှယ်အဖွဲ့ကို ကျောင်းသားကျောင်းသူများမှ ၎င်းတို့ကိုယ်တိုင်ပြုလုပ်ထားသည့်မုန့်များ၊ အလှစက္ကူညှပ်လက်ရာများ၊ ပန်းထိုးအလှလက်ရာများဖြင့် ကြိုဆိုခဲ့ကြသည်။
▪️ တရုတ်နိုင်ငံရှိကျောင်းများ၏ ပြီးပြည့်စုံသော အဆောက်အအုံပစ္စည်းများ၊ သန့်ရှင်း၍ အလင်း ရောင်ကောင်းကောင်းရရှိသော စာသင်ကျောင်းဆောင်များ၊ ခေတ်မီသည့် ကျောင်းလည်ပတ်မှုအယူအဆများ၊ နွေးထွေးသည့် ကျောင်းဝင်းယဉ်ကျေးမှုများ၊ ကြွယ်ဝပြီးစိတ်ဝင်စားဖွယ်ရာ သင်ရိုးညွန်းတမ်းများသည် မြန်မာလူငယ် ဆရာ၊ ဆရာမများကို နက်ရှိင်းသော အမှတ်ထင်ကျန်ရစ်စေခဲ့သည်။
▪️ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်ကိုလည်း လေ့လာကြည့်ရှုပြီး ဗုဒ္ဓမြတ်စွယ်တော်ကိုလည်း ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_08 June 2024
▪️ လုံခြုံရေးနှင့်ပတ်သက်၍ သက်စွန့်ဆံဖျားစရိတ်များကို တိုးမြှင့်ပေးနိုင်ရေးဆောင်ရွက်ခဲ့သည့်အပြင် အလားတူ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအတွက်လည်း ထောက်ပံ့မှုများတိုးမြှင့်ပေးခဲ့သကဲ့သို့ အခြားနိုင်ငံ့ဝန်ထမ်းများကို လည်းထောက်ပံ့မှုများပိုမိုဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း နစက ဥက္ကဌက ပြောသည်။
▪️ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် တစ်နိုင်ငံလုံး ဖြန့်ကျက်၍ လုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တာဝန်ထမ်းနေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် သက်စွန့်ဆံဖျားစရိတ်များကိုတိုးမြှင့်ပေးနိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။
▪️ ဇွန်လ ၇ ရက်က ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂ဝ၂၄)တွင် နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြေကြားလိုက်ခြင်းဖြစ်သည်။
▪️ ပြည်ပနိုင်ငံများအနေဖြင့် အကြမ်းဖက်လုပ်ရပ်ဆောင်ရွက်နေသည့်အဖွဲ့အစည်းများကိုအကြောင်းအမျိုးမျိုးဖြင့် တိုက်ရိုက်နှင့် သွယ်ဝိုက်၍ အကူအညီများပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အချို့ဒေသများတွင် ငြိမ်းချမ်းမှုကိုလိုလားသည့်တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး သောင်းကျန်းသူများထံပေးပို့မည့် လက်နက်ခဲယမ်းများကို တားဆီးပိတ်ဆို့နိုင်ခဲ့ကြောင်းလည်း သိရသည်။
▪️ တပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်ဒေသများရှိ မြို့ရွာများပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်သောင်း ကျန်းသူများအနေဖြင့် ၎င်းတို့လက်လွတ်ခဲ့ရသော မြို့ရွာများကိုမီးရှို့ဖျက်ဆီးခြင်းမှာ အလွန်စိတ်ထားသေးသိမ်သည့် လုပ်ရပ်များပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
▪️ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံရေးကိစ္စကို အကြမ်းဖက်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်နေကြသည်ကိုတွေ့ရှိရကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေးကို ဆောင်ရွက်နေကြသည်ကိုတွေ့ရကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
▪️ အကြမ်းဖက်သမားများ၏ တရားမဝင်မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုများကို တားဆီးနိုင်ရေးနှင့် လက်နက် ခဲယမ်းမီးကျောက်သယ်ယူမှုများ တားဆီးနိုင်ရေး အတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့နေရာများရှိ လုံခြုံရေးစခန်းများကို လာရောက်တိုက်ခိုက်မှုများရှိသောကြောင့် လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်၍ ဆက်လက်၍ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကပြောကြားခဲ့သည်။
#Yangon_Times/PP
Page 171 of 1768