#Local_News
Published_ 4 Mar 2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အမှတ် (၉၀) အစုန်ရထားအား မိုင်းထေသထုံမြို့နယ်၌ အမှတ်(၉၀)အစုန်ရထားအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံရဟု နစက ထုတ်ပြန်ာင်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း နစက က သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်မှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်ရှိ သထုံဘူတာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
မော်လမြိုင်မှ ရန်ကုန်သို့ စက်ခေါင်းမောင်း ဦးမင်းလွင်၊ ရထားထိန်း ဦးမြင့်အောင်၊ တွဲထိန်း ဦးသန်းဇော်ဦးတို့ မောင်းနှင်လာသည့် လူစီးတွဲ ၁၂ တွဲ၊ မိုင်းခံတွဲ ၁ တွဲ၊ ဂတ်တွဲ (၁) တွဲပါ ခရီးသည် ၃၅၀ ဦးခန့်လိုက်ပါခဲ့တဲ့ စက်ခေါင်းအမှတ် DF 1228 အမှတ် (၉၀) အစုန် ရထားဟာ မိုင်တိုင်အမှတ် ၁၃၈ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြား သထုံ ဘူတာနှင့် ၆ ဖာလုံခန့်အကွာ အလံချိုးတဲ့နေရာအရောက်မှာ ရထားတွဲအမှတ် BDFEZ-12205 ဒုတိယတွဲ (ပထမတန်း) အောက်မှ လက်လုပ်အသံမိုင်း ၁ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ကွန်ကရစ်ဇလီဖားတုံး ၁ တုံး ၄ လက်မပတ်လည်ခန့် ပျက်စီးခဲ့ပြီး သံလမ်းထိန်းကလစ် ၁ ကွင်း အနည်းငယ်ကွေးသွားခဲ့ပါတယ်။
ထိုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်အတွက် ရထားအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ နစက က သတင်းထုတ်ပြန်ထားပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
Published_ 4 Mar 2022
မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဟာ မတ် ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၊ လယ်ကြီး ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းလုံမှမိုးကုတ်သို့ မောင်းနှင်လာသည့် Nissan ၆ ဘီး ယာဉ်ကိုစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းဖြစ်သူ ဝေသူမှာ ထွက်ပြေးသွားပြီး ယာဉ်နောက်လိုက် အေးနိုင်(ခ)စိုးမြင့်နိုင် ၃၀ နှစ်နှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ymg_mnn
#Yangon_Media_Group.
#LocalNews
Published - 3 Mar 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသော YBS ယာဉ်များကို ကတ်စနစ်နဲ့စီးနှင်းနိုင်ဖို့အတွက် YPS ကတ်အရောင်းစင်တာတွေကို ပြန်လည်ဖွင့်လှစ်နေပြီး ခရီးစဉ်စဆုံး ယာဉ်စီးခ ၄၀၀ ကို ပိုင်းဖြတ်စနစ်နဲ့ကောက်ခံဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီနဲ့ ယာဉ်လိုင်းကုမ္ပဏီတွေအကြား သဘောတူညီမှုရရှိကာ ကတ်စနစ်နဲ့ယာဉ်စီးခကောက်ခံမှုစနစ်ကိုပြန်လည်စတင်တာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_3 March 2022
သရုပ်ဆောင်ရဲတိုက်နဲ့ ဆယ်လီ Beauty Blogger ဝင်းမင်းသန်းတို့အနေနဲ့ ၅၀၅(က) အတွက် လွတ်ငြိမ်းရပေမယ့် သရုပ်ဆောင်ရဲတိုက် မှာ ရင်ဆိုင်နေရဆဲ မူးယစ်မှု ရှိသလို Beauty Blogger ဝင်းမင်းသန်း အနေနဲ့ ၁၇(၁) အမှုနဲ့ပတ်သက်သော ပြစ်ဒဏ်ကျန်နေသေးတာကြောင့် မလွတ်မြောက်ကြသေးတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 3 March 2022
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကျောက်တူးခွင့်တွေကို ပိတ်ထားတဲ့ကြားက မြေစာပုံပြိုကျခဲ့တာကြောင့် လူအသေအပျောက်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 3 March 2022
ယာဉ်မောင်းတွေမှာ ကိုဗစ်ပိုးတွေ့လို့ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေအားလုံး ပြန်ပိတ်သွားပြီလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ယောက်က YMG ကို ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published- 3 Mar 2022
ပြည်တွင်းက ဆီစားသုံးမှုမှာအခြေခံလူတန်းစားတွေအားထားစားသုံးနေရတဲ့ စားအုန်းဆီစျေးနှုန်းမှာ မတ်လ ၃ ရက်နေ့ စျေးကွက်ပေါက်စျေးတွင် တစ်ပိသာကျပ် ၇,၅၀၀ ထိမြင့်တက်လာတာကြောင့် စားသုံးသူများအခက်တွေ့လာရတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ပထမအပတ်မှာ စားအုန်းဆီ တစ်ပိဿာ ၅,၀၀၀ ကျပ် ဈေးရှိခဲ့သော်လည်း တတိယအပတ်မှာတော့ စားအုန်းဆီ တစ်ပိဿာ ၅,၄၅၀ ကျပ်ထိ ဈေးတက်လာခဲ့ကာ ဖေဖော်ဝါရီလကုန်နဲ့ မတ်လဆန်းပိုင်းမှာတော့ ငွေကျပ် ၇,၅၀၀ထိ မြင့်တက်လာတာဖြစ်ပါတယ်။
ယခင်က ပြည်တွင်းစားသုံးသူတွေအနေနဲ့ ပြည်ပကတင်သွင်းရောင်းချတဲ့ ဟင်းသီးဟင်းရွက်ဆီကို စားသုံးခဲ့ကြသော်လည်း ယခုအခါစျေးနှုန်းမြင့်တက်လာမှုကြောင့် စားအုန်းဆီကို ပြန်လည်စားသုံးလာကြတာကြောင့် ဝယ်လိုအားများနေပြီး တဖက်မှာလည်း သယ်ယူပို့ဆောင်စရိတ်ကြောင့် လက်လီလက်ကားစျေးကွက်မှာလည်း မြင့်တက်လာနေတယ်လို့သိရပါတယ်။
"စားအုန်းဆီဈေးကတော့ ဆက်တိုက်တက်တယ်။ စားအုန်းဆီဈေး ဝယ်လိုအားများပြီး ဈေးလည်းတက်နေတယ် အဓိကက သယ်ယူပို့ဆောင်ခ စရိတ်ပေါ့။ ကားခတွေ သယ်ယူပို့ဆောင်ခတွေဈေးတက်တော့ အကုန်လိုက်တက်ကုန်တယ်" လို့ အခြေခံစားသောက်ကုန်ရောင်းချသူတစ်ဦးက ပြောပါတယ်။
"အရင်ကတော့ မေဇင်တို့ဘာတို့ဝယ်စားတာပဲ နောက်ပိုင်းတော့ သက်သာတဲ့စာအုန်းဆီကိုပဲ ဝယ်သုံးနေရတာလေ အကုန်လုံးကတော့စျေးတက်နေတာပဲ ကိုယ့်ဝင်ငွေနဲ့သင့်တော်တာလေးတွေ ဝယ်စားနေကြတာပဲ"လို့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
၂၀၂၂ ခုနှစ်ဇန်နဝါရီလလယ်ကစတင်ပြီး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် နဲ့ ဆီ ဈေးနှုန်းတွေ မြင့်တက်လာနေသလို အခြေခံလူတန်းစားမိသာစုတွေရဲ့ ဝင်ငွေအလုပ်အကိုင် လျော့နည်းလာတာကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲပြသာနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
Page 1656 of 1710