#LocalNews
Published_10 May 2022
မြန်မာ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ သမီးဖြစ်သူ KBZ ဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ်လည်းဖြစ် ကမ္ဘောဇဘဏ်အုပ်စု အမှုဆောင်ဒါရိုက်တာလည်းဖြစ်သော ဒေါ်နန်းလိုင်ခမ်း အဖမ်းခံရသည်ဆိုခြင်းမှာမဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောသည်။
"အဲဒီသတင်းက မဟုတ်ဘူး။အခု ပြည်တွင်းမှာတောင် မရှိဘူး။ပြည်ပမှာပါတဲ့၊အဖမ်းခံရတယ်ဆိုတာ မဟုတ်ပါဘူးဗျ"ဟု ယင်းက ပြောသည်။
လူမှုကွန်ရက်သတင်းများတွင် ဒေါ်နန်းလိုင်ခမ်းအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေလ ၉ ရက်က ခေါ်ယူစစ်ဆေးခဲ့ကြောင်းရေးသားမှုများရှိခဲ့သည်။
လေဆိပ်နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ယင်းသို့ခေါ်ယူမေးမြန်းသည်ဆိုခြင်းမှာ ပြည်ပခရီးသွားရောက်ရန် လေဆိပ်သို့လာရောက်စဉ် အချက်အလက်အချို့ကျန်နေခြင်း၊လေယာဉ်လက်မှတ်ကိစ္စအကြောင်းအရာများကြောင့်သာဖြစ်ကြောင်း ပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_10 May 2022
အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ထိုင်းနိုင်ငံအတွင်းတိမ်းမှောက်၍ တစ်ဦးသေပြီး ၈ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယာဉ်ပေါ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား၂၁ ဦး လိုက်ပါလာခြင်းဖြစ်ပြီး မေလ ၉ ရက် က ထိုင်းနိုင်ငံ တာခ်ခရိုင် နယ်စပ် မဲ့လမတ်မြိုနယ်အတွင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
"ကားပေါ်မှာ အမျိုးသား ၁၂ ယောက်၊ အမျိုးသမီးက ၉ ယောက်ပါတယ်လို့ ကြားတယ်။ ကားက ချောက်ထဲကို ထိုးကျသွားတာ။ ကားအမျိုးအစားက ပစ်ကပ်ထရပ်ကား Isuzu အမျိုးအစားလို့သိရတယ်။ ဒဏ်ရာရသူတွေကလည်း ပြင်းထန်တာကြောင့် မဲ့လမတ်ဆေးရုံကို ပို့ထားတယ်တဲ့"ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်သည့်မြန်မာရွှေ့ပြောင်းအလုပ်သမားတင်ဆောင်သောယာဉ်များ တိမ်းမှောက်ခြင်း၊ အဖမ်းဆီးခံရခြင်းနှင့် အခြားဘေးအန္တရာယ်များ ကြုံတွေ့ခြင်းများ မကြာခဏဖြစ်ပေါ်လေ့ရှိနေသည့်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားမဝင်လမ်းကြောင်းမှ မလာရောက်ကြရန်လည်း ရွှေ့ပြောင်းလုပ်သားများ အရေးလုပ်ကိုင်နေသူများက တိုက်တွန်းနေကြသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 10 May 2022
ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၇ ရက်တွင် ကွန်ဟိန်းမြို့နယ်၊ တာကော်ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ကာလိမှ မိုင်းပျဉ်းဘက်သို့ စိုင်းနော်ရှဲန် မောင်းနှင်လာသည့် MITSUBISHI COLT မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ ရှာဖွေရာတွင် ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ကတ်တမင်း ၆၁ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ကတ်တမင်းများကို ကာလိမြို့မှ မိုင်းပျဉ်းမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
ထို့ပြင် ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
Published 9 May 2022
၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီး ပို့ကုန်ငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁၅၈)ခု စာရင်းကို ဗဟိူဘဏ်က ယနေ့ မေလ(၉)ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီကုမ္ပဏီ (၁၅၈)ခုဟာ (၃)နှစ်အတွင်း ပို့ကုန်တင်ပို့ပြီးသော်လည်း ပို့ကုန်ငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိနေတဲ့ ကုမ္ပဏီတွေကို အကြောင်းကြားခြင်း၊ပို့ကုန်သွင်းကုန်လုပ်ငန်းမှတ်ပုံတင်ပိတ်သိမ်းခြင်း၊အစည်းအဝေးတွေပြုလုပ်ပြီး ဆွေးနွေးခြင်းတွေ ပြုလုပ်သော်လည်း ကျန်ရှိနေသေးတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကုမ္ပဏီ၁၅၈ခုကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-ကအရ အရေးယူဆောင်ရွက်လျှက်ရှိပြီး အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာတွေကိုလည်း အမည်မည်းစာရင်းထည့်သွင်းထားကြောင်းနှင့် ကျန်ရှိနေသေးသည့် ပျက်ကွကန်လျှက်ရှိဆဲ ကုမ္ပဏီတွေကိုလည်း အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်စီစစ်နေတယ်လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။
(သတင်းထုတ်ပြန်ချက်နှင့်စာရင်းပူးတွဲဖော်ပြထားပါတယ်)
Source: CBM
#LocalNews
Published - 9 May 2022
ကျန်းမာရေးမကောင်းတာနဲ့ စားဝတ်နေရေးခက်ခဲတာတွေကြောင့် သဘာဝတရားရိပ်သာဆရာတော်ရဲ့ မေတ္တာရိပ်အောက်မှာ ခိုလုံပြီးလာရောက်နေထိုင် ဆေးကုသနေသူတွေ နေ့စဉ်အနည်းဆုံးသုံးလေးယောက်တိုးနေပြီး တစ်လကို လူဦးရေ (၁၅၀) လောက် တိုးနေတယ်လို့ သဘာဝတရားရိပ်သာမှ ဆရာလေးဓမ္မသဟာရက ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 9 May 2022
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့ံနယ်၊ ကမ္ဘာအေးဘုရား ကားမှတ်တိုင်အနီးတွင် ဆရာလေးတစ်ပါး လဲကျ သေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု ဒီကနေ့ မေလ ၉ ရက်၊ မွန်းလွဲပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။
ထိုသို့ ဖြစ်ပွားခဲ့တာဟာ အပူရှပ်ခြင်းကြောင့်ဖြစ်နိုင်တယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ယူဆထားပါတယ်။
"ဒီကနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က မိုးသည်းသည်းမဲမဲရွာနေတဲ့အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေးဘုရား ကားမှတ်တိုင်အနီးမှာ အသက် (၁၇)နှစ်အရွယ် သီလရှင်ဆရာလေးတစ်ပါး လဲကျနေကြောင်း ကျနော်တို့ရုံးသို့ အပြေးလာရောက်ပြောပြသဖြင့် အရေးပေါ် လူနာတင်ယာဥ်နဲ့ရောက်ရှိ၍ စမ်းစစ်ခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ရောက်ချိန်မှာ ဆရာလေးက အသက်မရှိတော့ပါဘူး။ ဆရာလေး လဲကျသည့်နေရာမှာ ကားပျက်နေတဲ့ YBS ယာဥ် ကွယ်နေလို့ မတွေ့မမြင်ကြတာရယ် သိရှိတဲ့ အချိန်မိနစ် ၃၀ ခန့် ကြာ အချိန်နောက်ကျတာရယ်ကြောင့် ဘယ် လိုမှ အသက်မကယ်နိုင်ခဲ့ပါဘူး။ များစွာစိတ်မကောင်းဖြစ်ရပါတယ်။"လို့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးခဲ့သည့် မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့ (ရန်ကုန်) West YRO က ကိုလွင်မောင်က ပြောပါတယ်။
သေဆုံးသူ ဆရာလေး၏ (Dead Body)ကိုလည်း ရန်ကုန်လူမှုကူညီရေး(နာရေး)ကားဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ အဆိုပါ လူမှုကူညီရေးအသင်းက ပြောပါတယ်။
"နေတွေက တအားပူ မိုးကရွာချလိုက်တော့ အပူရှပ်တာလဲ ဖြစ်နိုင်တာပါပဲ။ ဆရာလေးတစ်ပါး လဲကျသေဆုံးခဲ့တာပါ။ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ကြဖို့ကို ပြောချင်ပါတယ်။"လို့ သူနာပြု ဆရာမတစ်ဦးကလည်း ယင်းဖြစ်စဥ်အပေါ် မှတ်ချက်ပြုထားခဲ့ပါတယ်။
ဓါတ်ပုံ - West YRO
ymg/kg
#Yangon_Media_Group
#LocalNews
Published - 9 May 2022
ရှမ်းမြောက်ဒေသ၊ ကျောက်မဲမြို့အနီးရှိ ယခင်တိုက်ပွဲဖြစ်ပွားရာနေရာများမှ မြေမြှုပ်မိုင်းများကို ဖော်ထုတ်ရှင်းလင်းပေးဖို့ ဒေသခံများက လိုလားလျက်ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1594 of 1767