#LocalNews
Published_23 May 2022
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဇော်ဌေး နေပြည်တော်၌ ယနေ့ မေလ ၂၃ ရက် နံနက်က ကွယ်လွန်သွားကြောင်း သိရသည်။
ဇော်ဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၇)မှဖြစ်ကာ ဗိုလ်မှူးအဆင့်ရှိတပ်မတော်သားတစ်ဦးလည်းဖြစ်ပြီး မှူးဇော်ဟူသောအမည်ဖြင့် လူမှုကွန်ရက်အသုံးပြုသောကြောင့် မှူးဇော်ဟု လူသိများသည်။
"သူက ဆေးလိပ်သောက်တယ်။ အခု နှလုံးရောဂါကြောင့်လို့ သိရပါတယ်"ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၂၀၀၇ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးနောက် USDP အသင်းဝင် ဖြစ်လာခဲ့ကာ ၂၀၁၁ ခုနှစ် အစိုးရအကူးအပြောင်းတွင် ပေါ်ပေါက်လာခဲ့သော နိုင်ငံတော်သမ္မတရုံးတွင် ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်စဉ်က မှူးဇော် ဟူသော အမည်ဖြင့် လူမှုကွန်ယက်ဖေ့ဘွတ်ခ်တွင် ဆောင်းပါးများ ရေးသားခဲ့ပြီး ၎င်းကို မှူးဇော်ဟု လူသိများကြသည်။
၂၀၁၆ ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် ဦးဇော်ဌေးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့ပြီး အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရှိ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း၊ နောက်ပိုင်းတွင် သမ္မတရုံး၌ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း ဖြစ်လာကာ အစိုးရအဖွဲ့၏ ပြောခွင့်ရှိသူအဖြစ် နိုင်ငံတော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲများကို ဦးဆောင်ကျင်းပခဲ့ရသူဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_23 May 2022
ရေကြီးနေသောသောင်းရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ခိုးဝင်လာကြသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား မေလ ၂၁ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးမိသော မြန်မာနိုင်ငံသားများမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး၂ ဦးဖြစ်ပြီး ထိုင်းနိုင်ငံ မဲ့လမတ်မြို့နယ်အတွင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူများမှာ ကရင်ပြည်နယ် ဘားအံမြို့တွင်နေထိုင်သူများဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပိုပေးသည့်ပွဲစားကို ဘတ်ငွေ ၂၅၀၀၀ မှ ၂၇၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း၊ ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangong_Media_Group
#Local_News
Published_ 22 May 2022
နေပြည်တော်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲအား ဒီကနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပြီး RCSS ဖက်မှ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ RCSS အတွင်းရေးမှူး-၁ စဝ်စိုင်းငင်း နှင့် RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနောင်းတို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်းတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေး ကော်မတီဝင် ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့ပြီး RCSS အဖွဲမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို့နောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ ကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
TV Yangon Times Mattersအစီအစဉ်
Published - 22 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က လူငယ်တစ်ယောက်ဖြစ်တဲ့ စိုင်းအောင်မျိုး၀င်း(စိုင်းခန့်ခမ်း) နှင့်အတူ
_"လူငယ်တစ်ယောက်ရဲ့ ဘာသာသာသနာပေါ်ထားရှိတဲ့ စိတ်နေစိတ်ထားများ။
_ လူငယ်တစ်ယောက်ရဲ့ ပြုလုပ်နေတဲ့ အလှူဒါန်းများ" စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Mattersအစီအစဉ်
Published - 22 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က လူငယ်တစ်ယောက်ဖြစ်တဲ့ စိုင်းအောင်မျိုး၀င်း(စိုင်းခန့်ခမ်း) နှင့်အတူ
_"လူငယ်တစ်ယောက်ရဲ့ ဘာသာသာသနာပေါ်ထားရှိတဲ့ စိတ်နေစိတ်ထားများ။
_ လူငယ်တစ်ယောက်ရဲ့ ပြုလုပ်နေတဲ့ အလှူဒါန်းများ" စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 22 May 2022
နစကဥက္ကဋ္ဃရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ဆွေးနွေးပွဲလာရောက်တဲ့ ဒုတိယမြောက် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုအဖြစ် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ
ယနေ့ မေလ (၂၂)ရက်နေ့က နေပြည်တော်ကို ရောက်ရှိလာပါတယ်။
မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဟာ မနက်ဖန်မေလ၂၃ရက်မှာ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။
ဆွေးနွေးပွဲကို ပထမဆုံးတက်ရောက်လာတဲ့ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် ယနေ့မေလ၂၂ ရက်မှာ ဒုတိယနေ့အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။
TV Yangon Times Mattersအစီအစဉ်
Published - 22 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က လူငယ်တစ်ယောက်ဖြစ်တဲ့ စိုင်းအောင်မျိုး၀င်း(စိုင်းခန့်ခမ်း) နှင့်အတူ
_"လူငယ်တစ်ယောက်ရဲ့ ဘာသာသာသနာပေါ်ထားရှိတဲ့ စိတ်နေစိတ်ထားများ။
_ လူငယ်တစ်ယောက်ရဲ့ ပြုလုပ်နေတဲ့ အလှူဒါန်းများ" စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1569 of 1767