ပဲစင်းငုံဈေး တစ်တန်ကို ကျပ် ၄၆သိန်း ကျော်အထိ စံချိန်တင် တက်လာတယ်လို့ ပဲဈေးကွက်ထဲက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 17 June 2024
ပြီးခဲ့သည့် အပတ် ဇွန်လ(၁၅)ရက် စနေနေ့က ရွှေဈေးတစ်ကျပ်သား(၄၆)သိန်းကျော်ရှိခဲ့ရာမှ ယခု အပတ် ဇွန်လ(၁၇)ရက်တနင်္လာနေ့တွင် ရွှေဈေး တစ်ကျပ်သားကို (၄၅)သိန်းကျော်သာရှိတော့ ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA၏ထုတ်ပြန်ချက်အရသိရသည်။
ဇွန်လ(၁၅)ရက် စနေနေ့က ရွှေဈေးတစ်ကျပ်သား ၄၆၂၉၅၅၁ကျပ်သတ်မှတ်ခဲ့ပြီး ဇွန်လ(၁၇)ရက်တနင်္လာနေ့တွင် ရွှေဈေး တစ်ကျပ်သားကို ၄၅၈၈၂၁၆ကျပ် ရောင်းချရန် YGEA မှ သတ်မှတ်ထားသည်ဟုဆိုသည်။
ရွှေဆိုင်များဖြစ်ကြသောဇွဲထက် စိန်ရွှေရတနာဆိုင်၊2.9 စိန်ရွှေရတနာဆိုင်နှင့် ဝိန့်စိန် စိန်ရွှေရတနာဆိုင်၊ ရွှေစင်အကယ်ဒမီရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်နှင့်အောင်သမာဓိ ရွှေဆိုင်များမှရွှေထည်များကို YGEA စျေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ ထုတ်ပြန်ချက်အရ သိရသည်။
Yangon_Times/tthl
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Publicshed 17 June 2024
ရန်ကုန်တိုင်းဒေသကြီး ၊တိုက်ကြီးမြို့နယ်ရှိ မြေဧက ၂၀၀၀ ၌ မွေးမြူရေးဇုန် ဖော်ဆောင်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်တိုက်ကြီးမြို့နယ်၊ ချင်းကုန်း ကျေးရွာအုပ်စု၊ ခရိုင်ချင်းဆက် လမ်းမိုင်တိုင် ၃၄/၆ အနီး မြေဧရိယာဧက ၂၀၀၀ ကို တိုက်ကြီး မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇုန်အတွင်း ရေရရှိရေးအတွက် သနပ်ချောင်း ပိတ်တမံနှင့် တမံ ပေါင်များ ဆောင်ရွက်ပြီးစီးမှု၊ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် Box Culvert တည်ဆောက်နေသည့်အပြင် ဇုန်အတွင်းလမ်းများ ဆောင်ရွက်ခြင်း နှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက် နေကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး ဇုန်များ ဖော်ဆောင်ရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက် အရ တိုက်ကြီးမြို့နယ်ရှိ မြေဧရိယာဧက ၂၀၀၀ ကို တိုက်ကြီး မွေးမြူရေးဇုန် အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ကြီး မွေးမြူရေးဇုန်ဖော်ဆောင်ခြင်း နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကစီးပွား ရေး လုပ်ကိုင်သူများအနေဖြင့် နိုင်ငံတော်က ခွင့်ပြုပေးထား သည့် စိုက်ပျိုးမွေးမြူရေး မြေနေရာများပေါ်တွင် အမှန် တကယ် စိုက်ပျိုးမွေးမြူမှုများ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်းသိရသည်။
angon_Times/NN
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 17 June 2024
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ဆီဘောက်ဆာယာဉ်တိမ်းမှောက်မှုယမန်နေ့က ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ဇွန်၁၆ ရက်နေ့၊ နံနက်၁၁နာရီ ၅၅ မိနစ်အချိန်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခအုပ်စု၊ ပန်တောင်းရွာအနီး မိုင်တိုင်အမှတ်(၃၁/၄)နှင့် (၃၁/၅)အကြားတွင် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော Cheng Long အမျိုးအစား(ခဲရောင်) ၂၂ ဘီး ဆီဘောက်ဆာယာဉ်(၁)စီးသည် လမ်းချော်၍ လမ်း၏ညာဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းရရှိသဖြင့် ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီးနောက် ည ၁၁နာရီ ၄၅ မိနစ်အချိန်၌ လဲနေသော အဆိုပါယာဉ်မှ ဆီကယ့်ခြင်းလုပ်ငန်းနှင့် တိမ်းမှောက်နေသောယာဉ်အား ပြန်လည်တည့်မတ် ပြီးစီးခဲ့ကြောင်း သိရသည်။
angon_Times/NN
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 17 June 2024
ရန်ကုန်ကုန်တိုင်းဒေသကြီးအတွင်း မှော်ဘီဆေးရုံ၌ ဆေးကုသဆောင်အသစ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်းအဆောက်အဦအသစ်များဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှသိရသည်။
အရေးပေါ်လူနာစမ်းသပ်ခန်းနှင့်သားဖွားခန်းများပါဝင်သည့်မှော်ဘီဆေးရုံ၏နှစ်ထပ်ကုသဆောင်အသစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
အဆိုပါအဆောက်အအုံ မြေညီထပ်တွင် အရေးပေါ်လူနာစမ်းသပ်ခန်း၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ကြပ် ကြည့်ရှုခန်း၊ သားဖွားခန်းနှစ်ခန်း၊ မွေးပြီးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ မွေးကင်းစကလေးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ စတိုခန်း၊ ဆေးပေးခန်းတို့ပါဝင်ပြီး ပထမထပ်တွင် အမျိုးသမီးလူနာဆောင် များ၊ ကြပ်မတ်ကုသခန်း၊ ကလေး လူနာကုသခန်းတို့ ပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၏ ပြောကြားချက်အရသိရသည်။
ပြည်ထောင်စုဝန်ကြီးက "လူနာများစိုက်ထုတ်ကုန်ကျရသည့် ဆေးကုသစရိတ်လျော့နည်းစေရေးအတွက် နိုင်ငံတော်မှပံ့ပိုးထားသော ဆေးဝါးများဖြင့် လူနာများအတွက် အကျိုးရှိစွာအသုံးပြုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်"မှာကြားကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများကို အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ယခုဖွင့်လှစ်သည့် ပြည်သူ့ဆေးရုံမှော်ဘီမြို့၏ နှစ်ထပ်ကုသဆောင်သစ်သည် ၁၆၈၀၀ စတုရန်းပေအကျယ်အဝန်းရှိကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၅၉ ဒသမ ၂၀၀ သန်း ကုန်ကျခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံအထူးအဖွဲ့(၂)ကို လုပ်ငန်းအပ်နှံ၍ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင် လုပ်ငန်းများပြီးစီးခဲ့သည်ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မှော်ဘီဆေးရုံနှစ်ထပ်ဆေးကုသဆောင်သစ်တွင် လူနာများ အသုံးပြုရန်အတွက် လေအေးပေးစက်အလုံး ၂၀ ကို လှူဒါန်းရာ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းက လက်ခံရယူပြီး ကျေးဇူး တင်စကား ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် လိုအပ်သောကာကွယ်ဆေး နှစ်လစာကို သိုလှောင်ထားနိုင်မည့်ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း သုံးထပ်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားလည်း ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညွှန်ကြားရေးမှူးချုပ်တို့တက်ရောက် ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင် အအေးခန်း သုံးထပ်အဆောက်အအုံသစ်သည် အလျား ပေ ၆၀၊ အနံ ၄၈ ပေ၊ အမြင့် ၃၉ ပေရှိသော သုံးထပ်ဆောင် အဆောက်အအုံဖြစ်ပြီး မြေညီထပ်တွင် ကာကွယ်ဆေးများကို သိုလှောင်ထားရှိမည့် (30m3 capacity) Walk in cooler အအေးခန်းတစ်လုံး၊ (20m3 capacity) ရှိ Walk in freezer အအေးခန်းတစ်လုံး၊ Washing room တစ်ခန်း၊ Dry store တစ်ခန်းနှင့် အအေးလမ်း ကြောင်း ရုံးခန်းတစ်ခန်းပါဝင်ကြောင်း၊ ပထမထပ်တွင် ရုံးခန်းတစ်ခန်း၊ Function Room သုံးခန်း၊ ဒုတိယထပ်တွင် သင်တန်းခန်းမကျယ်တစ်ခန်းနှင့် Store တစ်ခန်း၊ Function Room တစ်ခန်း၊ အစားသောက်ပြင်ဆင်ခန်းတစ်ခန်းတို့ ပါဝင်ကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် ကာကွယ်ဆေးသိုလှောင် အအေးခန်းသုံးထပ်ဆောင်သစ်၏ အဆောက်အအုံ၊ ရေ၊ မီးတို့အတွက် ကုန်ကျစရိတ်သည် ခန့်မှန်းတန်ဖိုး မြန်မာငွေကျပ် သိန်းပေါင်း ၇၀၈၇ သိန်းခန့် (အမေရိကန်ဒေါ်လာ - ၃၃၇၅၀၀)၊ ကျခံကာ GAVI အထောက်အပံ့ဖြင့် Ultra Company Ltd. မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 17 June 2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ ပတ္တမြားလမ်းတွင်ရပ်ထားသော ထော်လာဂျီနှင့်သဲတင်ကားပေါ် ဓါတ်ကြိုးပြတ်ကျပြီး ကားမီးလောင်မှုဖြစ်ကာ ကလေးငယ်တစ်ဦးနှင့်အမျိုးသားနှစ်ဦးေ-သ ဆုံး ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ နှင့်ပရဟိတ အသင်းများထံကသိရသည်။
ဇွန်လ ၁၇ ရက် နံနက် ၈နာရီ ၂၀ မိနစ် ခန့်က ထော်လာဂျီနှင့်သဲတင်ကား မှာ ပစ္စည်း များ တင်နေစဉ် တွင် အပေါ် မှ ဓါတ်ကြိုး မှ ပြတ်ကျပြီး ယာဉ်များ မီးလောင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ယာဉ်များ မီးလောင်မှုကြောင့် ထော်လာဂျီ နှင့် သဲကား အနီးတွင် ရှိသော အမျိုးသား နှစ်ဦး နှင့် သုံးနှစ်အရွယ် ကလေးငယ် တစ်ဦး မီးလောင်ေ-သဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်သည့်နေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး နှင့် ပရဟိတအသင်းများက လာရောက်ကူညီခဲ့ရာ ၈နာရီ ၄၃ အချိန် တွင် မီးငြိမ်းခဲ့ ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_16 Jun 2024
Page 157 of 1768