ရန်ကုန်ဈေးကွက်ထဲမှာ ဓာတ်ဆီဈေးနှင့် ဒီဇယ်ဈေးများ ဆက်တက်နေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published_ 21 June 2024
#ဓာတ်ဆီနှင့်ဒီဇယ်ဈေးဆက်တက် #ရန်ကုန်ဈေးကွက်
#YMG/NN #Yangon_Times
#Local_News
Published-21 June 2024
▪️ ဆဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် ကမ္ဘာအေးစေတီတော်၌ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့) အခမ်းအနား ကို ဇွန် ၂၁ ရက်နေ့ယနေ့တွင်ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ရှေးဦးစွာနမောသတဿ သုံးကြိမ်ရွတ်ဖတ်၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နတ်ဗြဟ္မာများကိုပင့်ဖိတ်ကာ သမ္ဗာသမ္ဗုဒ္ဓ သုံးလောက ထွဋ်ထားမြတ်စွာဘုရားနှင့် လက်ယာတော်ယံ ၊ လက်ဝဲတော်ယံ ရဟန္တာကိုယ်တော်မြတ်ကြီးများအားပင့်လျောက်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ပဌာန်းရောင်တော်ဖွင့်အဖွဲ့မှ ကမ္ဘာအေးစေတီတော်ဘုရားရှစ်ခိုးဖြင့်ပူဇော်ပြီး မဟာသမယအခါတော်နေ့ကျင်းပရခြင်းအကြောင်းကို ဂေါကပအလှည့်ကျသဘာပတိဦးဝင်းမြင့်က ပြောကြားခဲ့သည်။
▪️ "နယုလပြည့်နေ့မဟာသမအခါတော်နေ့ဆိုတာ မြတ်စွာဘုရားရှင်လက်ထက်တော်ကထဲက စစ်မက်ပြုကြမယ့်တိုင်းပြည်နှစ်ပြည်ကို ငြိမ်းအေးစေတဲ့အထိမ်းအမှတ်အနေနဲ့ ကျင်းပခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့အနေနဲ့ကတော့ မဟာသမယသုတ်ဖြစ်ပေါ်လာသကဲ့သို့ပဲ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများ တစ်ဦးနဲ့တစ်ဦးမေတ္တာသက်ဝင်ချစ်ခင်ပြီးတော့ စစ်မက်ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်မေတ္တာပို့သပါတယ်"ဟု ၎င်းကဆိုသည်။
▪️ ထို့နောက် ဓမ္မယောဂီဝတ်အဖွဲ့မှ မဟာသမယသုတ် အမွန်းကိုရွတ်ဖတ်ပူဇော်ခဲ့ပြီး ဝိသာခါဝတ်အဖွဲ့မှ မဟာသမယလေးဂါထာကို ရွတ်ဖတ်ပူဇော်ကာ စင်္ကြဝဌာအရပ်လေးမျက်နှာမှ လာရောက်ကြသည့် နတ်ဗြဟ္မာများ၏ ချီးကျူးပုံများကို ဝတ်အသင်းအဖွဲ့များမှ ရွတ်ဖတ်ပူဇော်၍ ဝတ်အဖွဲ့အသီးသီးမှ မဟာသမယသုတ်ကို စုပေါင်းရွတ်ဖတ်ပြီးနောက် မေတ္တာပို့ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 June 2024
▪️ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်တည်ဆောက်နေသည့် တိုင်းရင်းသားယဉ်ကျေးမှုစင်တာ၌ မွန်လူမျိုးအပါအဝင် တိုင်းရင်းသားလေးမျိုး၏ ရိုးရာအိမ်များထည့်သွင်းဆောက်လုပ်ရန်စီစဥ်နေကြောင်း သိရသည်။
▪️ အဆိုပါ စင်တာအတွင်း တိုင်းရင်းသားလူမျိုး(၄)မျိုးဖြစ်သည့် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာတို့၏ ရိုးရာနေအိမ်များကို ထည့်သွင်းဆောင်လုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီးစင်တာအတွင်း တိုင်းရင်းသားလူမျိုး (၄)မျိုး၏ ရိုရာနေအိမ်အဆောက်အဦးများ ဆောက်လုပ်မှုအတွက် ယမန်နေ့ ဇွန်(၁၉)ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမအတွင်း ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှူအဖွဲ့ဝင်များနှင့် UHM ကုမ္ပဏီတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ ယင်းဆွေးနွေးပွဲတွင် ရိုးရာနေအိမ်လုပ်ငန်းတစ်ခုချင်းစီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် landmark သင်္ကေတများ ၊ ယဉ်ကျေးမှုအမွေအနှစ်များဖော်ဆောင်ရန်ဆွေးနွေးခဲ့ကြကြောင်း၊
▪️ တိုင်းရင်းသားယဉ်ကျေးမှု စင်တာကို မွန်ပြည်နယ်အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်များကို မပျောက်မပျက်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးကို တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published_21 Jun 2024
▪️ လုံခြုံရေးတပ်ဖွဲ့ အဆင့်ဆင့်သတင်းပို့မှုကို အခြေခံ၍ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာ ဘိဝံသ ပျံလွန်တော်မူခဲ့ရသည့်ဖြစ်စဉ်အပေါ် သတင်းထုတ်ပြန်ခဲ့သော်လည်း ကွဲလွဲမှုများဖြစ်ပေါ်နေ၍ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စိစစ်ဖော်ထုတ်နေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ အခင်းဖြစ်စဉ်အတွင်းရှိနေခဲ့သော ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ၏ ရှင်းလင်းမိန့်ကြားမှု ဇွန်လ ၂၀ ရက်ညနေပိုင်းက လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့နေသည့်အပေါ် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။
▪️ ဖြစ်စဉ်နှင့်ပတ်သက်၍ နစက အနေဖြင့်ကနဦးသတင်းထုတ်ပြန်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ အဆင့်ဆင့်မှ သတင်းပို့တင်ပြလာသည့် အချက်အလက်များကို အခြေခံ၍ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီး၏ မိန့်ကြားမှုမှာ သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းကြောင့် မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေးအတွက် စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ဖြစ်စဉ်မှန်ကိုသိရှိရပါက လိုအပ်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Yangon_Times/PP
#Local_News
Published_ 21 June 2024
▪️ တောင်ငူဘုရင်များနန်းစိုက်ရာ ကေတုမတီမြို့ဟောင်း၏ မြို့ရိုး၊ ကျုံးနှင့်မြို့ဝင်တံခါးပေါက်များကို ထိန်းသိမ်းရေးလုပ်ငန်းများမြှင့်တင် ဆောင်ရွက်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
▪️ လတ်တလောတွင် တောင်ငူကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး စင်တံခါးအနီးရှိ ကေတုမတီမြို့ဟောင်း မြို့ရိုးပြန်လည်တူးဖော်ထိန်းသိမ်းခြင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကေတုမတီမြို့ဟောင်း၏ ကျုံးနှင့်မြို့ရိုး ဖော်ထုတ်ထိန်းသိမ်းထားခြင်း၊ ကျုံးနယ်နိမိတ် သတ်မှတ်စိုက်ထူထားသည့်တိုင်များ ဆောင်ရွက်ထားခြင်းများကိုဆောင်ရွက်လျက်ရှိသည်။
▪️ အဆိုပါလုပ်ငန်းဆောင်ရွက်မှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများသွားရောက်ကြည့်ရူစစ်ဆေးခဲ့ကြကြောင်း သိရသည်။
▪️ ယင်းအပြင် တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့်ပန်းချီ တံခါးပေါက်အနီးရှိ ယိုးဒယားပေါက်ကို ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနှင့် ထိန်းသိမ်းစောင့်ရှာက်ထားရှိမှုကိုလည်းကောင်း၊ တောင်ငူကေတုမတီမြို့ရိုး ပန်းချီတံခါးပေါက်မှ တစ်ဆင့်ကေတုမတီမြို့ရိုး၊ ကျုံးနှင့် မြို့ဝင်တံခါးပေါက်များ၏ လက်ရှိအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုခဲ့ကြသည်။
▪️ ပြည်ထောင်စုဝန်ကြီးက တောင်ငူကေတုမတီမြို့ရိုးနှင့်ကျုံးကိုထိန်းသိမ်းမှုဆိုင်ရာ အစည်းအဝေးတွင်‘‘ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြို့တည်၊ နန်းတည်နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို ၂၀၁၀ ပြည့်နှစ်မှစ၍ ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံမိဘပြည်သူများက နှစ်စဉ်နှစ်တိုင်း ခမ်းခမ်းနားနား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ကျော်ကမင်းကြီးညိုတည်ထောင်ခဲ့သော ကျုံးနှင့်မြို့ရိုးများ၊ အဆောက်အအုံများကို လက်ရှိအနေအထားထက် ပျက်ယွင်းမှုမရှိအောင် ပြန်လည်ဖော်ထုတ်ကာ ကွယ်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်းနှင့် မင်းကြီးမဟာ သီရိဇေယျသူရ မင်းကြီးညို(အေဒီ ၁၄၈၆-၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူ ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာများ၊ ရှေးဟောင်းအဆောက်အအုံများကို ယဉ်ကျေးမှုအမွေအနှစ်များ အဖြစ် ထိန်းသိမ်းသွားနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်’’ တိုက်တွန်းပြော ကြားခဲ့သည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီးဒေါ်နုမြဇံက ရှေးဟောင်းအမွေအနှစ်ဖြစ်သော တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ မြို့ရိုး၊ ကျုံး၊ မြို့ဝင်ပေါက်များကို ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းသွားရန် လိုအပ်သည့် အချက်များကိုလည်းထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Daily_News
Published_ 18 June 2024
၁။ ရန်ကုန်၊ မန္တလေးရှိရွှေဆိုင်(၉)ဆိုင်တွင် ရွှေထည်များကို YGEA စျေးနှုန်း(၄၅)သိန်းကျော်ဖြင့် ရောင်းချပေးနေ
၂။ ဇီဝဇိုးငှက်အိမ်ဆောက်လုပ်မွေးမြူသည့်လုပ်ငန်းတွင် သိန်းထောင်ချီအထိ ရင်းနှီးမြှုပ်နှံသူများရှိလာဟုဆို
၃။ နောင်တရားဒေသ၌ နယ်သာလန်နှင့်တရုတ်မျိုး မိုးအာလူး ဧက ၃၀၀၀ခန့် နောင်တရားဒေသမှာနယ်သာလန်နှင့်တရုတ်မျိုးများ စိုက်ပျိုး
၄။ ဂျပန်ကုမ္ပဏီထုတ်ဖြည့်စွက်ဆေးများ အသက်အန္တရာယ်ဖြစ်စေသည်အထိပြဿနာဖြစ်ခဲ့သဖြင့် ပိုမိုထိန်းသိမ်းကွပ်ကဲပေးရန်အစိုးရကိုတောင်းဆိုနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
ပြည်ပနိုင်ငံများကို အေဂျင်စီများကတစ်ဆင့် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများအနေနဲ့ မိမိတို့ရဲ့ လုပ်ခလစာကို မိသားစုထံလွှဲပို့ရာမှာ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်တွေမှတစ်ဆင့် လွှဲပို့ထားကြောင်း အထောက်အထားများအား ပို့ဆောင်ပေးခဲ့တဲ့ အေဂျင်စီက စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြရမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံ က သိရပါတယ်။
#Local_News
Published 18 June 2024
#မြန်မာအလုပ်သမား #(MOEAA)
#YMG/LW #Yangon_Times
Page 154 of 1768