#Local_News
Published 24 June 2024
▪️ တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ဇွန်လ ၂၄ရက် မနက်၆နာရီခန့်ကမြို့သစ်(၇)ရပ်၊ ဦးမြတ်လေးလမ်းရှိ နေအိမ်၌ မီးဖိုခန်းတွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားကြောင်း သိရသည်။
▪️ မီးလောင်မှုကြောင့် အလျား(၁၅)ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် လူနေအိမ်၏ အပေါ်ထပ်နှင့် အဝတ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကို မနက် ၆ နာရီ ၃ မိနစ်အချိန်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ စကားပြောစက်ဖြင့် သတင်းပေးပို့သဖြင့် ၆ နာရီ ၄ မိနစ် အချိန်တွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ် ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အရန်မီးသတ်စခန်းများမှမီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီး၊ လူမှုရေးအသင်းများမှ လူနာတင်ယာဉ်(၅)စီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၁ဝ)ဦး၊ ရဲတပ်ဖွဲ့ဝင်(၁၃)ဦးတို့ဖြင့် သွားရောက်၍ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၆ နာရီ၁၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၁၅ မိနစ် အချိန် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 24 June 2024
▪️ ရုပ်ရှင်အစည်းအရုံးဝင်မိသားစုများ၏ ကလေးငယ်(၁၇၈)ဦးအတွက် ပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်း(၁၀)မျိုးထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)မှ သိရသည်။
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
▪️ ပညာသင်စရိတ်လျှောက်ထားသူ(၁၇၈)ဦးကို တစ်ဦးလျှင်အစည်းအရုံးက(၂)သောင်းဦးဇော်မင်းမင်္ဂလာက ၁သောင်းနှင့်အတူ ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ကြောင်းနှင့်
▪️ ဂုဏ်ထူး ၆ ဆုရသူတစ်ဦးအား အစည်းအရုံးမှတစ်ဘာသာလျှင်၁ သိန်းနှင့်၆သိန်း၊ ဒေါက်တာအောင်မိုးနှင့်အဖွဲ့က ၁သိန်းထပ်ဆင့်ချီးမြှင့်ပြီး မမဆောင်းမှတစ်ဦးလျှင်၁သောင်း၊ ဒေါက်တာအောင်ကျော်မိုးမှ တစ်ဦးလျှင်၅ထောင်စီထပ်ဆင့်ပံ့ပိုးခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ ၏ဖော်ပြချက်အရ သိရသည်။
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်ကြားရေး ပံ့ပိုးကူညီထောက်ပံ့ပွဲကို ဇွန်လ(၂၂)ရက်မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ကျင်းပခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 24 June 2024
▪️ ယခုတစ်ပတ်တွင် စားအုန်းဆီရည်ညွှန်းဈေးတစ်ပိဿာကျပ် ၅၄၀၀ဖြင့် ရောင်းချရန်သတ်မှတ်ထားကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်အပတ်က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၅၃၇၀ကျပ်သတ်မှတ်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ၃၀ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၀၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ဟုဆိုသည်။
▪️ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စားအုန်းဆီဈေးနှုန်းများကို အပတ်စဉ်သတ်မှတ်ပေးခြင်းဖြစ်ပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
▪️ လက်လီရောင်းချသူများအနေဖြင့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅၄၀၀ ကျပ်ကို သယ်ယူပို့ဆောင်စရိတ်နှင့်အမြတ်(၂)ရာခိုင်နှုန်းတင်ပြီး ရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။
#tthl #Yangon_Times
လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ သယ်ယူစရိတ်များတာကြောင့် ပြည်ပကို ဂျင်းတင်ပို့မှုရပ်ထားပေမယ့် ပြည်တွင်းက လက်ဖက်နဲအကြော်စုံလုပ်ငန်းတွေက ဂျင်းဝယ်ယူမှုများနေတယ်လို့ အောင်ပန်းရှိ ပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 23 June 2024
#ဂျင်းဝယ်ယူမှုများနေ #ချင်း(ဂျင်း)ပြည်ပတင်ပို့မှုမရှိ
#YMG/LW #Yangon_Times
လုပ်ငန်းရှင်တွေရဲ့အကောင့်တွေအပြင် ဘုန်းကြီးတွေ၊ ရှေ့နေတွေရဲ့ Pageတွေ၊ အကောင့် တွေကို hack ပြီး အယောင်ဆောင်ကာ Kpayကနေ ငွေလွှဲခိုင်းပြီး လိမ်လည်တာတွေများလာလို့ သတိထားဖို့လိုအပ်တယ်လို့ သိရပါတယ်။
#Local_News
Published_ 23 June 2024
#Kpay ကနေငွေလိမ်လည်မှု #အကောင့်တွေကိုhack
#tthl #Yangon_Times
#Daily_News
Published_ 22 June 2024
၁။ ယူ-၁၂ လူငယ်ကစားသမားများ ထပ်မံရွေးချယ်ခေါ်ယူပြီး ဘောလုံးအကယ်ဒမီကျောင်းများတက်ခွင့်ပေးမည်
၂။ နွားမွေးမြူရေး ဈေးကွက်အလားလာကောင်းလာသဖြင့် မွေးမြူသူများလာ
၃။ ဥထွက်နှုန်းကျဆင်း၍ ဘဲဥအဝင်နည်းပြီး ဈေးနှုန်းမြင့်တက်
၄။ နိုင်ဂျီးရီးယားတွင် ကာလဝမ်းရောဂါပျံ့ပွားလျက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်လာရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_ 22 June 2024
▪️ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ၊ဝေဘူချောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန၊နာယကဆရာတော်၊ ကျေးဇူးတော်ရှင် တတိယဝေဘူဆရာတော်ကြီးဘဒ္ဒန္တဉာဏိန္ဒော ဇွန်လ(၂၂)ရက်မနက်ပိုင်း၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။
▪️ ဘဝနတ်ထံစံမြန်းချိန်တွင် သက်တော်(၈၁)နှစ်ဝါတော်(၆၁)ရှိပြီဖြစ်ပြီး မနက်ဖြန်ဇွန်လ(၂၃)ရက်တွင် ဝေဘူချောင်ကျောင်းတိုက်၊ရေခဲဓမ္မာရုံ၌ ဈာပနပွဲ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်မည်ဖြစ်သည်ဟုဆိုသည်။
▪️ ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့်အတွက်အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယကာမ အပေါင်းတို့မှ ဝမ်းနည်းကြေကွဲပြီး နှမြောတသဖြစ်ရကြောင်း ဖော်ပြထားသည်။
▪️ "နှစ်စဉ်ကထိန်ခင်းခွင့်ပြုခဲ့ပါသောလှူဒါန်းခွင့်ပေးခဲ့ပါသောကျေးဇူးရှင်ဝေဘူဆရာတော်ဘုရားကြီးအားရိုသေစွာကန်တော့အပ်ပါသည်"ဟု နေပြည်တော်ပျဉ်းမနား ဦးသာရဒေါ်စန်းရီ စိန်ရွှေရတနာရောင်းဝယ်ရေး မိသားစုမှလည်း ရေးသားဖော်ပြထားကြောင်း သိရသည်။
▪️ ပထမဝေဘူဆရာတော်ဘုရားကြီးသည် မေတ္တာစွမ်းအားကြီးမားခဲ့ပြီး ဆရာတော်ကြီး၏ ဝိပဿနာ တရားတော်များသည် နိုင်ငံကျော်သာမကကမ္ဘာအထိပါပျံ့နှံ့ကျော်ကြားခဲ့သောဆရာတော်ကြီး ဖြစ်ကြောင်းနှင့် ယခု ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့်တတိယ ဝေဘူဆရာတော်ကြီးသည်လည်း သီလဂုဏ်သတင်းကျော်ကြားခဲ့သော သက်တော်ရှည် ဆရာတော်ဘုရားကြီးဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
Page 151 of 1768