#Local_News
Published_ 26 June 2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်နှင့် သရက်မြို့နယ်တို့ကို ဆက်သွယ် တည်ဆောက်နေတဲ့ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းမှာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။
အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃) က တာဝန်ယူ၍ တည်ဆောက်နေတာဖြစ်ပါတယ်။
ဧရာဝတီတံတား (အောင်လံ-သရက်)မှာ တံတားအရှည် ၂၂၇၂ ဒသမ ၅ မီတာ ရှိကာ ပင်မတံတားအရှည် ၁၇၃၂ ဒသမ ၅ မီတာ၊ သရက်ဘက်ကမ်းတွင် ချဉ်းကပ်တံတားမှာ မီတာ ၃၀၀၊ အောင်လံဘက်ကမ်းတွင် ၂၄၀ မီတာ ရှိပါတယ်။
တံတားအကျယ်မှာ ၁၀ ဒသမ ၅ မီတာ၊ ကားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် တစ်မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၁၃၀ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၆ မီတာ ရှိပါတယ်။
အဆိုပါတံတားစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခန့်မှာ အပြီးတည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
တံတားတည်ဆောက်ပြီးစီးပါက ဧရာဝတီမြစ်ကိုဖြတ်ကူး၍ သရက်နှင့်အောင်လံမြို့တို့သာမက ရခိုင်ပြည်နယ်ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ သရက်-အောင်လံ-နေပြည်တော်တို့ကိုဖြတ်၍ တရုတ်နိုင်ငံရွှေလီမြို့အထိ ဆက်သွယ်နိုင်သော စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ် တည်ရှိနေကာ ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published _25 June 2022
အမြန်လမ်းတွင် နေပြည်တော်မှရန်ကုန်သို့မောင်းလာသည့် Express ယာဉ်နှစ်စီးတိုက်မိ၍ လူ ၈ ဦးဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၅ ရက်ညနေပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၁/၄)ဖာလုံတွင် နေပြည်တော်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော Express ခရီးသည်တင်ယာဉ် နှစ်စီးတိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သိရသည်။
ယင်းကြောင့် ဒဏ်ရာရရှိသွားကြသည့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးငါးဦးတို့အား အမြန်လမ်း မီးသတ်တပ်ဖွဲ့နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက မြိုချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 25 June 2022
ထားဝယ်လေဆိပ်မှ နံနက် (၁၀:၀၀)နာရီတွင် ထွက်ခွာခဲ့သည့် MNA လေယာဥ်သည် လေယာဉ် Take Off ပြုလုပ်ချိန်တွင် No. (1) Engine မှ ပုံမှန်မဟုတ်သော အသံ (၂)ချက် ကြားရ၍ Over TQ Limit Caution ပေါ်လာသဖြင့် လေယာဉ်ထွက်ခွာမှုရပ်ဆိုင်းရန် လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
ဇွန်လ (၂၅)ရက်တွင် မြန်မာအမျိုးသားလေကြောင်း UB-313/ UB-314, XY-AMK ရန်ကုန် - မြိတ် - ထားဝယ် - ရန်ကုန် ခရီးစဉ်အားပျံသန်းခဲ့ကြောင်း၊ ယင်းအပြင် လေကြောင်းလိုင်း ၏ Safety Standard အရ ခရီးသည်များ ဘေးကင်းလုံခြုံစေရေးအတွက် လေယာဉ်မှူးမှ XY-AMK လေယာဉ်ထွက်ခွာခြင်းအား ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ပြုလုပ်ခဲ့ပြီး အခြားလေယာဉ် (၁) စီးဖြင့် ခရီးသည်များအားတင်ဆောင်၍ ခရီးစဉ်ဆက်လက်ပျံသန်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
XY-AMK လေယာဉ်အား ရန်ကုန်မြို့သို့ ပျံသန်းသယ်ဆောင်ခဲ့ပြီး စက်မှုဆိုင်ရာစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် စက်ရုံထုတ်လေယာဉ်အသစ်အား ဝယ်ငှားစနစ်ဖြင့် ဆောင်ရွက်ခဲ့ကာ ယခု လေယာဉ်သက်တမ်းမှာ (၇)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ လေယာဉ်ချို့ယွင်းမှုကြောင့် ခရီးသွားရာတွင် အနှောင့်အယှက်ဖြစ်ခဲ့ရသော ခရီးသည်များအား နူးညွတ်စွာတောင်းပန်အပ်ကြောင်း ဖော်ပြထားသည်။
ymg/sth
#Yangon_Media_Group
#Health_Matters
Published - 25 June 2022
-One Health က အစားအစာဘေးကင်းရေးကို ဘယ်လိုအကျိုးပြုနိုင်မလဲ??
#Yangon_Media_Group
#Health_Matters
Published - 25 June 2022
-ဘေးကင်းတဲ့ အစားအစာတွေဖြစ်စေဖို့ ဘယ်လိုအစီအမံတွေ လိုအပ်သလဲ??
#Yangon_Media_Group
#Health_Matters
Published - 25 June 2022
-ဘေးမကင်းတဲ့ အစားအစာတွေရဲ့ အန္တရာယ်ဟာ ဘယ်လောက်ကြောက်စရာ ကောင်းနေပြီလဲ??
#Yangon_Media_Group
#Local_News
Published_25 June 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ဘောလုံးကွင်းရပ်ကွက်မှာ တည်ဆောက်နေတဲ့ ပထမဆုံး ခေတ်မီ May Yu Shopping Complex တည်ဆောက်မှု လုပ်ငန်းတွေပြီးစီးသလောက် ဖြစ်နေပါပြီ။
#Yangon_Media_Group
Page 1488 of 1768