ဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ အိမ်ထောင်စုတစ်စုကို တစ်လစားသုံးရန် ဆန်ကြမ်းနဲ့ အချောနှစ်အိတ်စီ ဒီကနေ့ မှာ စတင်ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published_ 26 June 2024
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ဆန်ကြမ်းနှင့်အချောစတင်ရောင်းချ
#YMG NN #Yangon_Times
ပြီးခဲ့တဲ့တစ်ပတ်က ဈေးမြင့်ခဲ့တဲ့ ခရမ်းချဉ်သီးဈေးကွက်မှာ ထိုင်းနိုင်ငံဘက်မှ ဝယ်ယူမှုရပ်နားလိုက်သည့်အတွက် ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးဈေးကွက်မှာ ဈေးအနည်းငယ်ပြန်ကျလာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံ က သိရပါတယ်။
#Local_News
Published_ 26 June 2024
#ခရမ်းချဉ်သီးဈေးထပ်မံကျ #ထိုင်းနိုင်ငံဘက်မှဝယ်ယူမှုရပ်နား
#YMG/LW #Yangon_Times
မြန်မာလူငယ်ထုကြား မူးယစ်ဆေးဝါး(၉) မျိုးပျံ့နှံ သုံးစွဲမှုရှိနေပြီး ကလပ်တွေမှာအကြောစွဲ၊ သူငယ်အိမ်စောင်းပြီးမှတ်ဉာဏ်ပျက်စေတဲ့ မူးယစ်ဆေး Happy Water သုံးစွဲမှုအများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
#Local_News
Published_ 26 June 2024
#မူးယစ်ဆေးဝါး(၉)မျိုးပျံ့နှံ့ #Happy_Waterသုံးစွဲမှုအများဆုံး
#tthl #Yangon_Times
#Local_News
Published_ 26 June 2024
▪️ လှိုင်မြစ်ကျော်ပြီး ဓာတ်အားလိုင်းသွယ်တန်းမည်ဖြစ်ပြီး ဓာတ်အားလိုင်းသွယ်တန်းနေချိန်၌ လုပ်ငန်း ခွင်၏ အထက်နှင့်အောက်ဘက်ရှိ လှိုင်မြစ်အတွင်းရေလမ်းကြောင်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
▪️ မြစ်ကျော်ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ဇွန် ၂၅ ရက်မှ ဇူလိုင် ၄ ရက်အထိ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။
▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာရုံးသည် ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ လှိုင်မြစ်ကျော် ဓာတ်အားလိုင်းသွယ်တန်းခြင်းကို ဝါးတရာကျေးရွာအထက်တွင် ဆောင်ရွက်မည်ဖြစ်သည်။
▪️ မြစ်ကျော်ဓာတ်အားလိုင်း သွယ်တန်းနေစဉ် ရေကြောင်းအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်၏ အထက်နှင့်အောက်ဘက်ရှိ လှိုင်မြစ်အတွင်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ရေယာဉ်များဖြင့်စောင့်ဆိုင်း၍ ရေလမ်းကြောင်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း၊
▪️ လုပ်ငန်းခွင်တည်ရှိရာရေလမ်းကို ဖြတ်သန်းမည့်ရေယာဉ်များသည် လုပ်ငန်းခွင်နှင့် လွတ်ကင်းရာတွင် ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 26 June 2024
▪️ ယခုဇွန်လ(၂၃)ရက်အထိ မှတ်ပုံတင်ထားသော ဆန်၊ စပါးသိုလှောင်ရုံ(၇၂၆)လုံးရှိပြီဖြစ်ပြီး ဆန်တန်ချိန်(၅၀)၊ စပါးတင်း(၅၀၀၀)နှင့် အထက်ရှိသော သိုလှောင်ရုံထပ်မံမှတ်ပုံတင်ကြရန်တိုက်တွန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
▪️ မှတ်ပုံတင်ထားသော ဆန်၊ စပါးသိုလှောင်ရုံ(၇၂၆)လုံးတွင် ကုမ္ပဏီသိုလှောင်ရုံ(၂၁၃)လုံးနှင့် တစ်ဦးချင်းသိုလှောင်ရုံ(၅၁၃)လုံးပါဝင်သည်ဟု ဆိုသည်။
▪️ ပြည်တွင်းဆန်ဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့နိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ သိုလှောင်မှုအခြေအနေကိုစနစ်တကျစာရင်းပြုစု မှတ်တမ်းတင်နိုင်ရေး၊သိုလှောင်ရုံအပ်လက်မှတ်ကို အခြေပြုပြီး ငွေကြေးထောက်ပံ့ရေးစနစ် ဖော်ဆောင်နိုင်ရေးအတွက် အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် Myanmar Rice Online(MyRo) www.myro. com.mm၌ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂၃)ရက်မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရန်အသိပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 26 June 2024
▪️ ပြည်ပခရီးသွားများအတွက် One Tourist One Tree အစီစဉ်ကို လာမည့် ဇူလိုင်လတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ One Tourist One Tree အစီအစဉ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီးကနဦးအနေဖြင့် ပြည်တွင်းရှိခရီးစဉ်ဒေသများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်နှင့် ချောင်းသာ စသည့် ဒေသများတွင် ဇူလိုင်လမှ အောက်တိုဘာလအထိ ၄ လကြာ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများမှ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
▪️ One Tourist One Tree အစီအစဉ်ဖော်ဆောင်ရာတွင် အဖွဲ့လိုက်လာရောက်မည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ၊ ခရီးသွားကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး လာရောက်ကြမည့် ခရီးသွားဧည့်သည်များကို ၎င်းတို့သွားရောက်ကြမည့် ခရီးစဉ်ဒေသများတွင် သစ်ပင်စိုက်ပျိုးနိုင်ကြောင်း အသိပညာပေး စည်းရုံးမည့်အပြင် တစ်ဦးချင်းစီ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များကိုလည်း ၎င်းတို့ဆန္ဒအလျောက် One Tourist One Tree အစီစဉ်တွင်ပါဝင်ကာ သစ်ပင်စိုက်ပျိုးလိုပါက သက်ဆိုင်ရာမှ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_ 26 June 2024
▪️ MPT ဆင်းမ်ကတ်သုံးစွဲသူများအား Physical SIM Card မှ eSIM သို့ ဩဂုတ်လကုန်အထိ အခမဲ့ ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ eSIM ဝန်ဆောင်မှု ဆိုသည်မှာ သုံးစွဲသူများအနေဖြင့် ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) ထည့်သွင်းအသုံးပြုရန် မလိုအပ်ဘဲ ၎င်းတို့၏ မိုဘိုင်းဖုန်းစနစ်ထဲတွင် digital နည်းဖြင့် တိုက်ရိုက် ဖြည့်သွင်းအသုံးပြုနိုင်သည့် ဒီဂျစ်တယ် ဆင်းမ်ကတ်တစ်ခုဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ eSIM ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့က MPT ကထုတ်ပြန်လိုက်ပြီး ယင်း ဝန်ဆောင်မှုနှင့်ပတ်သက်၍ သုံးစွဲသူများအား ပရိုမိုးရှင်းကာလဖြစ်သည့် ဩဂုတ်လ (၃၁) ရက်အထိ ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) မှ eSIM သို့ အခမဲ့ ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ MPT eSIM ကို အသုံးပြုရန် eSIM အသုံးပြုနိုင်သော မိုဘိုင်းဖုန်း လိုအပ်သဖြင့် eSIM ပြောင်းလဲအသုံးမပြုမီ မိမိတို့၏ မိုဘိုင်းဖုန်းသည် eSIM အသုံးပြုနိုင်ခြင်း ရှိမရှိကို ကြိုတင်စစ်ဆေးထားရန် လိုအပ်သကဲ့သို့ သုံးစွဲသူများအနေဖြင့် *#06# ကိုခေါ်ဆိုပြီး မိမိတို့၏ဖုန်းသည် eSIM ဝန်ဆောင်မှုသုံးစွဲနိုင်မှု ရှိ/မရှိ ကို အလွယ်တကူ စစ်ဆေးနိုင်ကြောင်း သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ဖုန်းမျက်နှာပြင်တွင် ပြသထားသည့် EID ဘားကုတ်ကို မြင်ရပါက သုံးစွဲသူများက eSIM ကို ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊
▪️ eSIM ဝန်ဆောင်မှုတွင် အကျိုးကျေးဇူးများစွာ ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သော ကြိုးမဲ့ဆက်သွယ်ရေးစနစ်(mobile) သုံးစွဲမှု အတွေ့အကြုံကို ရရှိခံစားနိုင်ပြီး ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) များမလိုအပ်ဘဲ နိုင်ငံရပ်ခြားတွင် အဆင်ပြေ ချောမွေ့စွာ ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် eSIM ဝန်ဆောင်မှု အသုံးပြုခြင်းအားဖြင့် ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) များကဲ့သို့ ပျောက်ဆုံးပျက်စီးနိုင်ခြေ နည်းပါးသည့်အတွက် သုံးစွဲသူများအနေဖြင့် စိတ်သက်သာမှု ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ MPT သုံးစွဲသူများသည် မိုဘိုင်းဖုန်း၏ SIM manager settings ရှိ Add eSIM menu သို့သွားကာ စကန်ဖတ်နိုင်သည့် QR ကုတ် မှတစ်ဆင့် eSIM ကို ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် eSIM လဲလှယ်နိုင်သည့် QR ကုတ်ကတ်ကို လတ်တလောတွင် သတ်မှတ်ထားသော MPT အရောင်းဆိုင်များ၌ ရရှိနိုင်ပြီး MPT အနေဖြင့် သုံးစွဲသူများ ဒီဂျစ်တယ် QR ကုတ် အသုံးပြုနိုင်ရန်အတွက် ဆက်လက်တိုးချဲ့ သွားမည်ဖြစ်ကာ eSIM အကြောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို လူမှုကွန်ရက်မီဒီယာချန်နယ်များမှ တစ်ဆင့် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဒီဂျစ်တယ် QR ကုတ်သည် အသုံးပြုသူများအတွက် ပိုမိုအကျိုးရှိပြီး သုံးစွဲသူများသည် ဆိုင်ကိုသွားစရာ မလိုဘဲ အင်တာနက်ရသည့်နေရာများမှ eSIM လဲလှယ်ခြင်းကို လုပ်ဆောင်နိုင်မည် ဖြစ်သကဲ့သို့ MPT eSIM ဝန်ဆောင်မှုနှင့် အသေးစိတ် အချက်အလက်များကို သုံးစွဲသူများနှင့် အနီးဆုံး MPT အရောင်းဆိုင်များကို သွားရောက်၍ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ် သော www.mpt.com.mm သို့လည်းကောင်း 106 Call Center သို့ ခေါ်ဆို မေးမြန်းခြင်းဖြင့် လည်းကောင်း မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်းနှင့် MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရသည်။
#YMG/NN #Yangon_Times
Page 148 of 1768