#Local_News
Published - 9 July2022
နှစ်နာရီကျော်သွားလာနိုင်သည့် ဒိုင်နိုဆောစက်ရုပ်ဖန်တီးမှုကိုဇူလိုင်လ(၈)ရက်တွင် အချောသတ်ပြီးစီးသွားပြီဖြစ်ကြောင်း တီထွင်ဖန်တီးသူ ကိုအောင်ကျော်လှိုင်ထံမှ သိရသည်၊၊
မျိုးတုန်းပျောက်ကွယ်သွားသည့် ဒိုင်နိုဆောအမျိုးအစားထဲတွင် ပါဝင်သည့် ထရီကာတော့ သတ္တဝါပုံစံအတိုင်းစက်ရုပ်တစ်ခုကို ဂျစ်ကားထုတ်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ဖူးသည့်ကိုအောင်ကျော်လှိုင်က တီထွင်ဖန်တီးလိုက်ခြင်းဖြစ်သည်၊၊
ပစ္စည်းရှားပါးမှုကြောင့် လနှင့်ချီအချိန်ကြာမြင့်ခဲ့ပြီး ဘက်ထရီကို အသုံးပြုဆောင်ရွက်ထားကာ လက်များခြေထောက်များက သက်ရှိသတ္တဝါများအတိုင်းသွားလာနိုင်အောင် ဖန်တီးထားသည်ဟုဆိုသည်၊၊
ယခုတီထွင်လိုက်သည့် စက်ရုပ်သည် ဆိုင်ကယ်လိုမျိုး မောင်းနှင်သွားလာနိုင်ပြီး ကလေးရော၊ လူကြီးပါ စီးနှင်းနိုင်ကြောင်းနှင့် ယခုဖန်တီးထားသည့် ဒိုင်နိုဆောစက်ရုပ်ကို ပြင်ဦးလွင်ရှိဒိုင်နိုဆောဥယျာဉ်တွင်ထားရှိသွားမည်ဟုတီထွင်ဖန်တီးသူ ကိုအောင်ကျော်လှိုင်၏ ပြောပြချက်အရ သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published _ 9 June 2022
ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးသည် ဇူလိုင် ၆ ရက်က ထိုင်းနိုင်ငံ၊ သုဝဏဘူမိလေဆိပ်မှတဆင့် စင်ကာပူနိုင်ငံသို့ လေ့လာရေးခရီးဆက်လက်သွားရောက်ခဲ့သည်။
သွားရောက်ရာတွင် စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်သို့ရောက်ရှိလာသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများလေ့လာရေးအဖွဲ့အား စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးနှင့်စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထူးချွန်ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့သည် မြန်မာသံရုံး၌ သံရုံးယာယီတာဝန်ခံဦးစိုးမြင့်က လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ညစာဖြင့် တည်ခင်းဧည့်ခံပြီးနောက် ထူးချွန်ကျောင်းသားကျောင်းသူများသည် Gardens by the Bay သို့ သွားရောက်လည်ပတ်ကြသည်။
ယင်းပြင် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် စင်္ကာပူနိုင်ငံရှိ Sentosa Beach, Palawan Beach နှင့် Siloso Beach များသို့ သွားရောက်လည်ပတ်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။
မွန်းလွဲပိုင်း၌ Universal Studios Singapore သို့ သွားရောက်လည်ပတ်ပြီး Waterfront Station မှမိုးပျံရထားစီးနင်း၍ VivoCity Station သို့သွားရောက်ကာ ကားများဖြင့် Science Center Singapore သိပ္ပံပြတိုက်သို့ သွားရောက်၍ လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် Nanyang Technological University-NTU သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကာ တက္ကသိုလ်အတွင်းလှည့်လည်ရှင်းလင်းပြသကာ Vivo City သို့လည်းသွားရောက်လည်ပတ်၍ စျေးဝယ်ခဲ့ကြသည်။
ထို့အတူ Time Capsule တွင် စင်္ကာပူနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်လာမှုသမိုင်းကြောင်းအား လေ့လာကြည့်ရှုကာ Singapore Flyer စီးနင်း၍ စင်ကာပူတစ်မြိုလုံး၏ ညအလှရှုခင်းကို ခံစားကြည့်ရှုကြသည်။
အလားတူ ဇူလိုင် ၈ ရက်တွင် Lavender ဘူတာမှ Raffles Place ဘူတာသို့ MRT ရထားစီးနင်း၍ စင်္ကာပူမြစ်ဘေးရှိ Boat Quay သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ထို့နောက် Fullerton Hotel နှင့် Asian Civilisations Museum ကြားရှိ Mirror Balls အားလေ့လာကြည့်ရှုပြီး စင်ကာပူနိုင်ငံ၏ အထိမ်းအမှတ်ဖြစ်သည့် Merlion ရုပ်ထုပန်းခြံ၊ East Coast Park ပန်းခြံတို့သို့ သွားရောက်လည်ပတ်ကြသည်။
ထို့အတူ IKEA ဈေးဝယ်စင်တာသို့ သွားရောက်ခဲ့ကြပြီး ချန်ဂီလေဆိပ်ရှိ Jewel Changi Airport သို့ ရောက်ရှိလေ့လာကြကာ ညပိုင်းတွင် စင်ကာပူနိုင်ငံမှရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
နစက ဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး၌ အမှတ်အများဆုံး အဆင့် ၁ မှ အဆင့် ၁၀ အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးအား ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့်စင်္ကာပူနိုင်ငံများသို့ လေ့လာရေးခရီး ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ymg/NN
#Yangon_Media_Group
Published_ 8 July 2022
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားသို နိုင်ငံတော်သံဃမဟာနာယကအဖွဲဥက္ကဋ္ဌ၊ မန္တလေးမြို၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ၏ ဩဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပါတယ်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပါတယ်။
ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တိုက ဗန်းမော်ဆရာတော်ဘုရားကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါတယ်။
ထိုနောက် နစကဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီးတိုက နိုင်ငံတော်သံဃမဟာနာယကအဖွဲ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာမြို၊ သာသနဝေပုလ္လပါဠိတက္ကသိုလ် ကျောင်းတိုက်၊ ပဓာန နာယကအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကောဝိဒ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာ ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတိုအတွက် ရေစက်သွန်းချ အမျှပေး ဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြပါတယ်။
အခမ်းအနားအပြီးတွင် ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News
Published_8 July 2022
မြန်မာအလုပ်သမားအသစ် ၁၅၀ ဦး တောင်ကိုရီးယားသို့ ထပ်မံသွားရောက်ခွင့်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ဇူလိုင်လ ၈ ရက် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
အဆိုပါ အလုပ်သမားများအနေဖြင့် ကိုရီးယားနိုင်ငံသို့ ဇူလိုင်လ ၁၈ ရက်တွင်သွားရောက်ရမည် ဖြစ်သောကြောင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ပင်လုံခန်းမသို အာမခံကြေး၊ ဝန်ဆောင်ခစရိတ်၊ လေယာဉ်လက်မှတ်ပေးသွင်းခြင်းတို့ကို ဇူလိုင်လ ၁၀ ရက်တွက် လာရောက် ပေးသွင်းကြရန်လည်း သွားရောက်ကြမည့် အလုပ်သမားများအား အကြောင်းကြားထားကြောင်း သိရသည်။
အမည်စာရင်းတွင်ပါရှိသူများအနေဖြင့် အာမခံသူနှစ်ဦး၏ မှတ်ပုံတင်မိတ္တူ၊အိမ်ထောင်စုဇယားမိတ္တူ၊ အမှန်တကယ်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ(သို့မဟုတ်)ပြစ်မှူကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာတို့ကို ယူဆောင်လာကြရန်လည်းလိုကြောင်း၊ ယင်းနေ့တွင်အကြိုသင်တန်းတက်ရောက်ကြရမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော် တရားဝင် သွားရောက်လုပ်ကိုင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 8 July 2022
တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမား ၈၄ ဦးကို ဇူလိုင်လ ၇ ရက်တွင် ထပ်မံပို့ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထား သည်။
ကုန်ထုတ်လုပ်သား ၇၅ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား ၉ ဦး စုစုပေါင်း ၈၄ ဦးသည် ရန်ကုန်လေဆိပ်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံမှအလုပ်သမားများအား ပြန်လည်လက်ခံလျက်ရှိရာ ဇူလိုင်လ ၅ ရက်တွင်လည်း ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃၀ ကို ရန်ကုန်မှအင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိများသည် တောင်ကိုးရီးယားသို့ ရောက်ရှိလာသော မြန်မာလုပ်သားများကို ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားကာ လိုအပ်သည်များကူညီပံ့ပိုးပေးလျက်ရှိကြောင်း ယင်းမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်ရန်အတွက် ၂၀၂၀ ခုနှစ် ၊ ဇွန် ၁ ရက်မှစ၍ ပြည်ဝင်ခွင့် ပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံမှ အလုပ်သမားများ ပြန်လည်ခေါ်ယူခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာအလုပ်သမား ၆၄ ဦးကို ပထမအကြိမ် တရားဝင်စေလွှတ်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 8 July 2022
ပြည်တွင်းမှာစိုက်ပျိုးထားတဲ့ ကြက်သွန်နီတွေ ဈေးကောင်းမရဘဲ အိမ်နီးချင်းနိုင်ငံတွေကပါ အဝယ်ရပ်လိုက်တာကြောင့် ပြည်ပတင်ပို့မှုအခြေအနေ လုံးဝရပ်ဆိုင်းနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 8 July 2022
လတ်တလောမှာ နယ်မြေဒေသမတည်ငြိမ်တဲ့နေရာတွေ အပါအဝင်ဒေသအသီးသီးက မသန်စွမ်းသူတွေမှာ ရာသီတုပ်ကွေးရောဂါတွေအဖြစ်များနေတယ်လို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဌဒေါက်တာကိုကိုဦးကပြောပါတယ်၊၊
#Yangon_Media_Group
Page 1456 of 1768