#DailyNews
Published - 9 July 2022
၁။ ရွှေတိဂုံစေတီတော်တွင် ဝါတွင်းသီလခံယူပွဲနှင့် သာသနာဆိုင်ရာအခမ်းအနားများကျင်းပမည်၊
၂။အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ သွားရောက်ယှဥ်ပြိုင်မည့် မြန်မာအသင်း ဇူလိုင် ၂၅ တွင်ထွက်ခွာမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မျိုးသုဉ်းပျောက်ကွယ်တော့မည့်ရှားပါးကြံ့အကြောင်း အင်ဒိုနီးရှားတစ်ဦးက ရုပ်သေးရုပ်များဖြင့်ပညာပေးပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 July 2022
ဇွန် (၃၀) ရက်မှ ဇူလိုင် (၉) ရက်အထိ ၁၀ ရက်အတွင်း မြန်မာနိုင်ငံ ပြည်တွင်းနဲ့ ပတ်ဝန်းကျင်နေရာများကို ဗဟိုပြု၍ ငလျင် (၁၉) ကြိမ်အထိ လှုပ်ရှားခဲ့ကြောင်း မိုး/ဇလရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။
ဇူလိုင် (၉) ရက်တွင် Andaman Islands, India Region ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင် လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၈)ရက်တွင် ဖြူးမြို့၏တောင်-အရှေ့တောင်ဘက်(၁၈)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ ညောင်ဦးမြို့၏ အနောက်-အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားခဲ့ပါတယ်။
ဇူလိုင်(၇)ရက်တွင် ဂွမြို့၏ မြောက်-အရှေ့မြောက်ဘက်(၉)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၅) အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ နမ့်စန်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၆)မိုင် ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ လင်းခေးမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှာခဲ့ပါတယ်။
ဇူလိုင် (၆) ရက်တွင် နမ့်စန်မြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်၊ Andaman Islands, India Region ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၅) ရက်နေ့တွင် သရက်မြို့၏ တောင်-အရှေ့တောင်ဘက် (၁၁) မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်၊ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်၊ Andaman Islands, India Region ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၄)ရက်တွင် Andaman Islands, India Region ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ Andaman Islands, India Region ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်၊ Andaman Islands, India Region ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၃)ရက်တွင် အောင်လံမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀) ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၂) ရက်တွင် မိုင်းလားမြို့၏ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင် (၁)ရက်တွင် ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ဇွန်(၃၀) ရက်တွင် မိုင်းဖြတ်မြို့၏ မြောက်ဘက် မိုင် (၂၀) ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်၊ ကလေးမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#Point_Of_View
Published - 9 July 2022
ကားတင်သွင်းခွင့်ပိတ်တာဟာ ၂၀၂၁ အကုန် ၂၀၂၂ မှမဟုတ်ဘူး ၂၀၂၁မှာကတည်းက တင်သွင်းခွင့်ဟာမရသလောက်ပဲ။ ဦးစားပေးတာကတော့ လုပ်ငန်းသုံးလိုင်စင်ကို စီးပွားကူးသန်းက တာဝန်ယူချပေးတာ။ပေါပေါလောလောချပေးတာလားဆို မဟုတ်ပါဘူး။လွယ်လွယ်ကူကူချပေးလို့ရတဲ့အစီးရေထက်ကို လျှော့ချပြီးတော့ပေးခဲ့တာ။
#Yangon_Media_Group
#Local_News
Published_ 9 July 2022
လူ့အခွင့်အရေးကောင်စီ၏မူဝါဒများကို ကောင်စီကိုယ်တိုင်လိုက်နာရန် ပျက်ကွက်နေကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဂျီနီဗာမြို့၌ ဇွန် ၁၃ ရက်မှ ဇူလိုင် ၈ ရက်အထိ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၅၀)မြောက် ပုံမှန်အစည်းအဝေးကာလတွင် မြန်မာနိုင်ငံအတွက် အထောက်အကူမဖြစ်သော ဆွေးနွေးပွဲများစွာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲများတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)မှ တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုအရ ဇွန် ၁၄ ရက်တွင် ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ နှုတ်ဖြင့်အစီရင်ခံချက်အပေါ် အပြန်အလှန်ဆွေးနွေးပွဲနှင့် ဇွန် ၁၅ ရက် တွင်ကျင်းပခဲ့တဲ့ “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြား လူနည်းစုများ အပေါ်လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများဖြစ်ပွားစေတဲ့ အကြောင်းရင်းများ” ခေါင်းစဉ်ပါ ဆွေးနွေးပွဲနှင့် ဥရောပသမဂ္ဂ (အီးယူ)မှ တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက် အဆိုအရ ဇွန် ၂၉ ရက်တွင် ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ၏နှုတ်ဖြင့် အစီရင်ခံချက်အပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ ပါဝင်ပါတယ်။
ထို့ပြင် အိုအိုင်စီက တင်သွင်းသော “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့် အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက် အဆိုကို ဇူလိုင် ၇ ရက်တွင် လူ့အခွင့် အရေးကောင်စီက အတည်ပြုချမှတ်ခဲ့သည်။ လူ့အခွင့်အရေးကောင်စီသည် ပူးပေါင်းဆောင်ရွက် ခြင်းနှင့်ညှိနှိုင်းဆွေးနွေးခြင်း မူများကို ဆန့်ကျင်၍ သက်ဆိုင်ရာနိုင်ငံပါဝင်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
လူ့အခွင့်အရေးကောင်စီ၏ အထက်ပါအပြုအမူများကို ကြည့်ခြင်းဖြင့် လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ အတူတကွနေထိုင်သည့် မြန်မာနိုင်ငံရှိ ပြည်သူများအကြား လူ့အခွင့်အရေး အရေခြုံ၍ စိတ်ဝမ်းကွဲပြားမှုများနှင့် မယုံကြည်မှုများဖြစ်ပေါ်စေရန် ရွေးချယ်ပစ်မှတ်ထားနေသည့် အတိုင်းအတာကို ထင်ရှားစေပါတယ်။
လူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆို ကိုယ်တိုင်ကပင် မမှန်ကန်သောစွပ်စွဲချက်များ၊ နိုင်ငံရေးနှင့် ဘာသာရေး သက်ဝင်သော အသုံးအနှုန်းများဖြင့် အမုန်းတရားဖြစ်ပေါ်စေပါတယ်။
မြန်မာနိုင်ငံသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ကိုက်ညီသူများကို လူမျိုး ဘာသာ မခွဲခြားဘဲ သင့်လျော်သည့် နိုင်ငံသားအဆင့်အတန်းပေးလျက်ရှိပါတယ်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း မှတ်တမ်းများတွင် မရှိခဲ့သည့် ဖန်တီးထားသော “ရိုဟင်ဂျာ” အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း ထပ်မံ ဖော်ပြအပ်သည်။ ထိုကဲ့သို့အသုံးအနှုန်း သုံးစွဲမှုကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်းဖော်ပြထားပါတယ်။
သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ အထက်ပါကိစ္စများ ဆောင်ရွက်ရန် လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ခဲ့သည်ကို မြန်မာနိုင်ငံက ထပ်မံကန့်ကွက်သည်။ ဇူလိုင် ၇ ရက်တွင် စာရွက်စာတမ်းအမှတ် A/HRC/50/L21 ပါ ဆုံးဖြတ်ချက် အဆို(မူကြမ်း) ကို အတည်ပြုချမှတ်ရာတွင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးသောအသုံးအနှုန်းများ ပါဝင်သည့် အဆို(မူကြမ်း) တစ်ခုလုံးကို ကန့်ကွက်ပယ်ချလိုက်ကြောင်း ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 9 July 2022
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စက်ဆုံးဆီ 92 ၊ 95 စျေးနှုန်းမှာ ကျပ် ၂၀၀၀ အောက်ကျဆင်းခဲ့ပြီး ကမ္ဘာ့ရေနံစိမ်းစျေးမြင့်တက်မှုကြောင့် စျေးနှုန်းအနည်းငယ်ပြန်လည်မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် အရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
ဇူလိုင် ၈ ရက်တွင် ၉၂ တစ်လီတာလျှင် ၁၈၂၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၉၃၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၆၅ ကျပ်၊ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ယနေ့(ဇူလိုင် ၉) ရက်တွင် ၉၂ တစ်လီတာလျှင် ၁၈၈၀ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၁၉၉၅ ကျပ် ၊ ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၂၄၀ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၃၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း စက်သုံးဆီစျေးနှုန်းသည် အတက်အကျ ရှိနေခဲ့သော်လည်း 92 နှင့် 95 စျေးနှုန်းသည် ၂၀၀၀ အောက်တွင်သာရှိနေသေးကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားစျေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီစျေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင် းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 9 July 2022
ထိုင်းနိုင်ငံသို့ မေလနှင့် ဇွန်လနှစ်လအတွင်း မြန်မာလုပ်သားတစ်သောင်းကျော် စေလွှတ်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ နှစ်လတာကာလအတွင်း ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်မည့် အမျိုးသား ၆၂၁၃ ဦးနှင့် အမျိုးသမီး ၄၆၀၅ ဦး စုစုပေါင်း ၁၀၈၁၈ ဦးအထိ စေလွှတ်ထားကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားတွေကို မြဝတီ-မဲဆောက်လမ်းကြောင်း၊ ကော့သောင်း-ရနောင်း လမ်းကြောင်းတွေမှတစ်ဆင့် ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား MoU စနစ်ဖြင့် အလုပ်သမား စေလွှတ်ခြင်းလုပ်ငန်းစဉ်ကို ကိုဗစ် ၁၉ ကပ် ရောဂါကာလအတွင်း ယာယီရပ်နားထားခဲ့ရာမှ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ၂၀၂၂ခုနှစ် မေလ ၁၀ ရက် နေ့မှ စတင်ကာ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်လုပ်ကိုင်သူများလည်းရှိနေပြီး အလုပ်သမားအခွင့်အရေး အပြည့်အဝမရရှိကြောင်း၊ MoU စနစ်ဖြင့် တရားဝင်သွား ရောက်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံတွင် စနစ်တကျ နေထိုင်အလုပ်လုပ်ကိုင်နိုင်ခြင်း၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အ ရေးများ နစ်နာဆုံးရှုးမှုမရှိဘဲ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိခံစားနိုင်ခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_9 July 2022
ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့ရှိ စက်မှုမြို့တော်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၇၀ သန်း ရင်းနှီးမည်တည်သည့် အထည်ချုပ်စက်ရုံတစ်ခု စတင်လည်ပတ်ပြီဖြစ်ကြောင်း တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီက သိရသည်။
ယင်းမှာ Shuang Xi(Pathein) Garment Co..,Ltd မှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး အထည်ချုပ်လုပ်ငန်းအတွက်ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းကာ ကုန်ချောအဖြစ် JAKO - UHL.Sport အမှတ်တံဆိပ်
အဝတ်အထည်များ ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပိုရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိစက်ရုံတွင်ပြည်ပနိုင်ငံသား(၃)ဦး၊ လုပ်သားဦးရေ ၄၆၈ ဦးဖြင့် လုပ်ကိုင်လျက်ရှိသော်လည်း စမ်းသပ်လည်ပတ်မှုနောက်ပိုင်းတွင် လုပ်သားအင်အား ၁၃၀၀ ကျော်ထိ ထပ်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
Page 1455 of 1768