မြန်မာ-ထိုင်းနယ်စပ်လမ်းကြောင်းကနေ ထိုင်းနိုင်ငံကို ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာသင်္ဘော နဲ့ မြန်မာ့ပြောင်းဆံတွေ စမ်းသပ်တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published_ 26 June 2024
#မြန်မာ့ပြောင်းစမ်းသပ်တင်ပို့ #မြန်မာ-ထိုင်းနယ်စပ်လမ်းကြောင်း
#YMG NN #Yangon_Times
ခရီးသွားဆွဲဆောင်နိုင်မယ့် Short Flim ပြိုင်ပွဲတစ်ခုကျင်းပမယ်။ ပြိုင်ပွဲဝင်လက်ရာမှာ နောက်ခံအသံဟာ copy right မငြိဖို့ လိုအပ်ပြီး မြန်မာအသံနဲ့ သဘာဝ natural အသံတွေ ပါဝင်ပါက ရွေးချယ်ခံရဖို့ အခွင့်အလမ်းပိုများနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published_ 26 June 2024
#Short Flim ပြိုင်ပွဲ #ခရီးသွားဆွဲဆောင်နိုင်
#tthl #Yangon_Times
ဆန်ဈေးကျဖို့ လက်လီရောင်းသူတွေ (၅)% သာအမြတ်တင်ပြီး ရောင်းချရမယ်လို့ သတ်မှတ်လိုက်တယ်လို့သိရပါတယ်။ ဆန်ဈေးနှုန်းကျဆင်းတည်ငြိမ်စေရေးအတွက် ဧည့်မထ(၅)ပြည်ကို ကျပ် (၁၅၀၀၀)၊ ပေါ်ဆန်း (၅)ပြည်ကိုကျပ် (၂၅၀၀၀)နဲ့ရောင်းချပေးနေပါတယ်။
#Local_News
Published_ 26 June 2024
#လက်လီရောင်းသူများ(၅)% သာအမြတ်တင် #ဆန်ဈေးနှုန်းကျဆင်းတည်ငြိမ်စေရေး
#tthl #Yangon_Times
ပြည်တွင်းရွှေ့ပြောင်းလာသူများတဲ့အတွက် နေပြည်တော် အိမ်ခြံမြေ အငှားဈေးကွက်မှာ သွက်နေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (နေပြည်တော်)ထံက သိရပါတယ်။
#Local_News
Published_ 26 June 2024
#အိမ်ခြံမြေဈေးကွက် #ရွှေ့ပြောင်းလာသူများ #အငှားဈေးကွက်ပိုသွက်
#YMG/LW #Yangon_Times
လာမယ့်ဇူလိုင်လကနေစတင်ပြီး ရန်ကုန်အပါအဝင်မြို့ကြီးသုံးမြို့မှာ ပေါ်ဆန်းမွှေးဆန်တွေကို အိမ်အရောက်ပို့စနစ်နဲ့ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published_ 26 June 2024
#ပေါ်ဆန်းမွှေးဆန် #အိမ်အရောက်ပို့ရောင်းချ
#YMG NN #Yangon_Times
#Local_News
Published 26 June 2024
▪️ မန္တလေး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း - မြစ်ငယ်ဖြတ်လမ်း(ဒွေးလမ်း)ကမ္ဘဲ့ကျေးရွာအနီး တွင် Light Truck ယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ထံမှ သိရသည်။
▪️ ဇွန်လ ၂၆ မနက် ၉နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ကာ ယာဉ်တိုက်မှုကြောင့် ခေါင်းခန်းတွင်ယာဉ်မောင်းအမျိုးသားမှာ ညှပ်မိနေကြောင်း သိရသည်။
▪️ အဆိုပါ ယာဉ်ပေါ်တွင်ညှပ်မိနေသူကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှအရေးပေါ် ရှာဖွေကယ်ဆယ်ရေးယာဉ် သွားရောက်ကူညီခဲ့ရာ ၉နာရီ ၅၀ မိနစ် တွင် လူနာအား Hydraulic စံနစ်သုံး ကယ်ဆယ်ရေးပစ္စည်းများအသုံးပြုကာ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 26 June 2024
▪️ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ လိုင်စင်မရှိဘဲဆိပ်ကမ်းနှင့် လေဆိပ်များသို့ဝင်ရောက်နေသည့် ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ကုန်သွယ်ရေးဦးစီးဌာနမှဇူလိုင်၂၆ရက် နေ့၌ ထပ်မံအသိပေးလိုက်ကြောင်း သိရသည်။
▪️ ဇူလိုင်၁ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရှိ သေးဘဲဆိပ်ကမ်းလေဆိပ်များသို့ သွင်းကုန်များကြိုတင်ရောက်ရှိကြောင်းစီစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း၂၀၂၄ခုနှစ် မေ၃၀ရက်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၃/၂၀၂၄ ဖြင့် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ထို့ကြောင့် ထုတ်ပြန်ထားသောဥပဒေနှင့်စည်းကမ်းများကို အလေးအနက်ထားလိုက်နာရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်ပါမစ် ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့်လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် ထပ်မံအသိပေးတိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရသည်။
#YMG/ NN #Yangon_Times
Page 146 of 1768