Published 17 June 2024

ပြီးခဲ့သည့် အပတ် ဇွန်လ(၁၅)ရက် စနေနေ့က ရွှေဈေးတစ်ကျပ်သား(၄၆)သိန်းကျော်ရှိခဲ့ရာမှ ယခု အပတ် ဇွန်လ(၁၇)ရက်တနင်္လာနေ့တွင် ရွှေဈေး တစ်ကျပ်သားကို (၄၅)သိန်းကျော်သာရှိတော့ ကြောင်း ‌ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း  YGEA၏ထုတ်ပြန်ချက်အရသိရသည်။

ဇွန်လ(၁၅)ရက် စနေနေ့က ရွှေဈေးတစ်ကျပ်သား ၄၆၂၉၅၅၁ကျပ်သတ်မှတ်ခဲ့ပြီး ဇွန်လ(၁၇)ရက်တနင်္လာနေ့တွင် ရွှေဈေး တစ်ကျပ်သားကို ၄၅၈၈၂၁၆ကျပ် ရောင်းချရန် YGEA မှ သတ်မှတ်ထားသည်ဟုဆိုသည်။

ရွှေဆိုင်များဖြစ်ကြသောဇွဲထက် စိန်ရွှေရတနာဆိုင်၊2.9 စိန်ရွှေရတနာဆိုင်နှင့် ဝိန့်စိန် စိန်ရွှေရတနာဆိုင်၊ ရွှေစင်အကယ်ဒမီရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်နှင့်အောင်သမာဓိ ရွှေဆိုင်များမှရွှေထည်များကို YGEA စျေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ ထုတ်ပြန်ချက်အရ သိရသည်။
Yangon_Times/tthl
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group