#Local_News
Published-29 January 2024

YBS ယာဉ်လိုင်း၄၀ခန့်၌ YPS QR Code အသုံးပြုနိုင်ပြီဖြစ်ကြောင်း YPS မှ သိရသည်။

 

အဆိုပါ အသုံးပြုနိုင်သည့် YBS ယာဉ်လိုင်း များမှာ12,13, 19, 24, 21, 22, 25, 27 ,30, 38, 39, 42, 55, 57, 63, 64, 65, 66, 76, 79. 80, 81, 84, 85, 100, 103, 111, 127, 128,130, 131, 132, 133, 134, 135, 136, 138, 139, 142 တို့ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင်  YPS QR Code ကို အသုံးပြုရန်  MPyps + အက်ပ်(Android Version)ကို install လုပ်ထားရန် လိုအပ်ပြီး Google Playstore မှာ Download ရယူနိုင်ကြောင်း သိရသည်။

 

ထို့အပြင် YBS စီးလျှင် YPS Card ကို ဖြစ်စေ၊ YBS QR Code ကိုဖြစ်စေ  အသုံးပြုနိုင်ပြီး YPS card Services များ နှင့် YPS QR Code Top Up Service ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ(KIOSK)၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များနှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်ကြောင်းသိရသည်။

 

အဆိုပါ YPS QR Code ကို အသေးစိတ် သိရှိလိုပါက Call Center(Hotline) 09969990905 သို့ တနင်္လာမှ သောကြာအထိ ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

#Local_News #YBSယာဉ်လိုင်း၄၀ #YPS_QR_Codeအသုံးပြုနိုင် #YMG /NN #Yangon_Times