Published_ 4 October 2023

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံ၊မဝတ လမ်းဆုံ​၊တောင်မြောက်လမ်းစုံအနီးတွင်(ယနေ့နံနက်က) YBS နှင့် ချက်ဗရိုလက်အိမ်စီးကားတိုက် မှုဖြစ်စဥ်ကြောင့်ယာဥ်မောင်းသေဆုံးခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ ၆ဦးအနက် ၁ဦးထပ်မံသေဆုံး​ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဌက ပြောကြားသည်။

အောက်တိုဘာလ၄ရက် နံနက် ၂နာရီအချိန်ခန့်က မဝတ လမ်းဆုံ​၊တောင် မြောက်လမ်းစုံအနီးတွင်YBS112နှင့်အိမ်စီးကားယာဥ်တိုက် မှုဖြစ်ခဲ့ပြီးဖြစ်စဥ်ကြောင့် ယာဥ်မောင်းသေဆုံးခဲ့ပြီးသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးအနက် ၆ဦးကိုနွေးထွေးကူညီမှုအသင်း၊မီးအိမ်ရှင်ကူညီရေးအသင်း၊ ဝန်းရံမှူးကူညီရေးအသင်း၊(YRO ဒဂုံခရိုင်မှူး ရိုးမ(၃)ဦးစီး)၊ ရှင်သန်ရေးကူညီမှုအသင်း တို့မှ လူနာတင် ယာဉ်(၆)စီးဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

ယင်းကဲ့သို့ဆေးကုသမှုခံယူနေသူ၆ဦးအနက် မှ ၁ဦးမှာ ယနေ့နေ့လည်ပိုင်းက ထပ်မံသေဆုံးမှုဖြစ်ခဲ့ကြောင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဌက ပြောကြားသည်။

"၆ယောက်ထဲက ၁ယောက် နေ့လည်ပိုင်းက ထပ်မံသေဆုံးတယ်။ ယာဥ်မောင်းအပါအဝင် သေဆုံးသူ၂ဦးရှိပြီ။ သေဆုံးသွားတဲ့ယာဥ်မောင်းကတော့ အသက် ၃၇နှစ်။ကျန်တဲ့သူတွေကတော့ အသက် ၂၈၊  ၃၀ ကျော်ဝန်းကျင်အရွယ်တွေပါ"ဟုိဆိုသည်။

ယာဥ်တိုက် မှုဖြစ်စဥ်အရ  YBS က လမ်းကြောင်းတည့်တည့်လာသည့်အနေအထားရှိပြီး အိမ်စီးကားက လမ်းအကွေ့ဖြစ်ကြောင်းယူဆရပြီး ယာဥ်မောင်းရှိသည့်ဘယ်ဘက်အခြမ်း ကို တည့်တည့်ဝင်တိုက် မိသည့်အနေအထားရှိကြောင်းလည်းဆိုသည်။

YBSယာဥ်မောင်းမှာလည်း ဖြစ်စဥ်နေရာနေရာတွင်မတွေ့ရှိရဘဲ ထွက်ပြေးသွားကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group