#Local_News
Published 21 January 2024

YBS (42) နှင့် YBS (65) ယာဉ်လိုင်းများအပါအဝင်ယာဉ်လိုင်းငါးလိုင်း၌ YPS QR Code အသုံးပြုနိုင်ပြီဖြစ်ကြောင်းYangon Payment Service- YPS မှ သိရသည်။

 

အဆိုပါ YPS QR Code စနစ်ကို ဇန်နဝါရီလ (၁၁) ရက်တွင် YBS ယာဉ်လိုင်းYBS 131 ၊ YBS 55 နှင့် YBS 57 ယာဉ်လိုင်းများနှင့် YBS (42) နှင့် YBS (65)ယာဉ်လိုင်းများတွင် YPS QR Code ကို ဇန်နဝါရီလ (၁၉) ရက်မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

 

YPS QR Code ကို အသုံးပြုရန်အတွက် MPyps + Application (Android Version) ကို Download ပြုလုပ်ထားရန် လိုအပ်ပြီး Google Playstore မှတဆင့် Download နိုင်ကြောင်း သိရသည်။

 

အဆိုပါ  YPS QR Code စနစ်သည် အသုံးပြုရာတွင် မော်ဒယ်လ်အမြင့်ဖုန်းဗားရှင်းဖြင့်သာအသုံးပြုနိုင်သည့်အတွက် အခက်အခဲများရှိနေကြောင်း ခရီးသည်များကဆိုသည်။

 

YPS QR Code Top Up Service အတွက် ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များ နှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်ကြောင်း သိရသည်။

 

#Local_News #YPS_QR_Code အသုံးပြုနိုင် #YMG/ LW #Yangon-Times