#Local_News
Published_6 July 2022

 

ရန်ကုန်တိုင်ဒေသကြီးမင်္ဂလာဒုံမြို့နယ် ရန်ကုန်ပြည်လမ်းမ ၄၃ ကားဂိတ် ဝါယာလက်မှတ်တိုင်အနီးတွင် ယနေ့ နံနက်ပိုင်းက YBS-37 နှင့် YBS-43 တို့တိုက်မိသောကြောင့်လူ ၇ ဦးဒဏ်ရာရသွားကြောင်း ပုလဲအရန်မီးသတ်စခန်းက သိရသည်။

 

"မနက်က ကျွန်တော်တို့အဖွဲ့က ကားလေးစီးနဲ့ ကူညီခဲ့ပါတယ်။ အမျိုးသား ၄ ယောက်နဲ့အမျိုးသမီး ၃ ယောက်ပါ ၊ မြောက်ဥက္ကလာပမေဓာဝီဆေးရုံကို ပို့ဆောင်ကူညီခဲ့ပါတယ်"ဟု အဆိုပါ စခန်း၏ တာဝန်ရှိသူကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့်လည်း YBS ယာဉ်လိုင်းကုမ္ပဏီများနှင့်တွေ့ဆုံ၍ သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို အမြဲပြုလုပ်လျက်ရှိပြီး ခရီးသွားလုပ်သားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

သို့သော်လည်း YBS ယာဉ်များ အချင်းချင်း အပြိုင်မောင်းနှင်နေသည့်ကိစ္စများ ရှိနေသေးသည့်အတွက် ထိရောက်သော ပြစ်ဒဏ်များကိုလည်း သတ်မှတ်သင့်ကြောင်း ယာဉ်အသုံးပြုသူများက သုံးသပ်ပြောဆိုနေကြသည်။

 

ymg/mt
#Yangon_Media_Group