#LocalNews
Published - 30 May 2022

 

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဥ်လိုင်းများထဲမှ စည်းကမ်းမလိုက်နာသည့် YBS ယာဥ်အစီးရေ ၅၃၀ ကို လုပ်ငန်းလိုင်စင်တစ်နှစ်ပိတ်သည်အထိ အရေးယူဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

 

"သတ်မှတ်ထားတဲ့ ယာဥ်စီးခနှုန်းထားထက် ပိုကောက်တဲ့ ယာဥ်တွေကို CNG သုံးလ၊ ခြောက်လ၊ တစ်နှစ်အထိပိတ်တယ်၊ ခရီးသည်တွေတိုင်ကြားတဲ့ ယာဥ်လိုင်းတွေကို ကျွန်တော်တို့အသွင်ယူပြီး လိုက်စီစစ်တယ်၊ အမှန်တကယ်စည်းကမ်းဖောက်ဖျက်တယ်ဆိုရင် အရေးယူဆောင်ရွက်ပါတယ်"ဟု ဦးလျန်ကျင့်မာန်က ပြောသည်။

 

လက်ရှိတွင် မြို့တွင်းပြေးဆွဲနေသည့် YBS ယာဥ်လိုင်းများမှာ ယာဥ်စီးခပိုမိုကောက်ခံခြင်း၊ မချေမငံပြောဆိုဆက်ဆံခြင်း စသည့်သတ်မှတ်စည်းကမ်းများကို ချိုးဖောက်မှုများရှိနေကြောင်း သိရသည်။

 

ရန်ကုန်မြိုတွင်း YBS ယာဉ်လိုင်း ၁၁၃ လိုင်း၊ ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့် နေ့စဥ်ပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၈ သိန်းနှင့် ၉ သိန်းကြားစီးနင်းမှုရှိကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group