#Local_News
Published 21 May 2024

▪️ YBS ယာဉ်များစည်းကမ်းနှင့်အညီ ပြေးဆွဲနိုင်ရန် စစ်ဆေးရေးအဖွဲ့များနှင့် ယာဉ်ကြောရှုပ်ထွေးတဲ့ မှတ်တိုင် ၁၆ ခုမှာ ခရိုင် ၃ ခရိုင် ပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဉ်စစ်ဆေးကြပ်မတ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

 

▪️ ထို့အပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများပေါ်၌ အများပြည်သူကြုံတွေ့နေရသည့် ခါးပိုက်နှိုက်အန္တရာယ် ကာကွယ်နိုင်ရန်“ခါးပိုက်နှိက် သတိပြု” သတိပေးစတေကာများကိုလည်း မေလ ၁၆ ရက်နေ့ကတည်းက စတင် ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။

 

▪️ YBS စီးနင်းခရီးသွားပြည်သူများအတွက် ကြိုတင်ကာကွယ် သတိပြုမိစေရန် ခါးပိုက်နှိုက် သတိပြု စတေကာများကို YBSယာဉ်၏ ရှေ့လှေကားအတက်၊ ယာဉ်မောင်း၏အနောက်ဖက်တွင် စတေကာ(၁)ခု၊ ယာဉ်၏ အနောက်ဘက်ခြမ်းတွင် စတေကာ(၁)ခု၊ လှေကားအဆင်းတံခါးပေါက်တွင် စကေတာ(၁)ခုနှင့် Mini Bus ယာဉ်များအတွက် လှေကားအတက် ယာဉ်မောင်း၏ အနောက်၌ စတေကာ(၁)ခု၊ ယာဉ်၏ ဘေးဘယ်/ညာ၌ စတေကာ(၁) ခုစီ တပ်ဆင်သွားရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင်   YBS ကုမ္ပဏီများအားလုံးကို  လာမည့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ YBS ယာဉ်များ၌ CCTV တပ်ဆင်ရန်လည်းညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

 

▪️ ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းစုစု ပေါင်း ၁၃၁ လိုင်း၊ ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသည် ၁၆ သိန်းကို သယ်ယူပိုဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times