#Local_News
Published 12 May 2024


▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ညောင်တုန်းလမ်း၊ သမကုန်းအနီးတွင် YBS ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။

 

▪️ မေလ၁၂ ရက် မနက် ၁၀နာရီ ၄၄မိနစ် ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကာလှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့်၁၀နာရီ ၄၈မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

▪️ အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိကြောင်းနှင့် မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#YMG/LW #Yangon_Times