#LocalNews

Published - 18 Jan 2022

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာ မြို့ပတ်လမ်းနှင့် ယမုံနာလမ်းမကြီးထောင့်ကွေ့ water boom အနီးတွင် ယနေ့ ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲပိုင်းက အိမ်စီးယာဉ်နှင့် ကွန်တိန်နာယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

 

ယာဉ်တိုက်မှုကြောင့် ကွန်တိန်နာယာဉ်ပေါ်မှ ကွန်တိန်နာများ ပြုတ်ကျကာ Honda fit တစ်စီး နှင့် အခြားအိမ်စီးယာဉ် တစ်စီးပိမိသွားကြောင်း၊အဆိုပါ ယာဉ်များပေါ်တွင် ပါဝင်သွားသူများအား ကယ်ဆယ်ပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို မသိရသေးပေ။

 

YMG/mt

Photo ShweLaungHlay
#Yangon_Media_Group