Published 2 June 2024

 တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကပြစ်မှုဆိုင်ရာ ဥပဒေ၊ငြိမ်ဝပ်ပိပြားရေး ဥပဒေ၊ ကွန်ရက်လုံခြုံရေး ဥပဒေ အစရှိသည့် သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အရ နယ်စပ်ေဒသများအပါအ၀င် နိုင်ငံအတွင်း VPN အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ကြောင်း ထုတ်ပြန်ေကြညာချက်များ အရ သိရသည်။
 
     အဆိုပါ ကြေညာချက် ကို တရုတ် မြန်မာ နှစ်ဘာသာ ဖြင့် ထုတ်ပြန်ကြေညာ ထားပြီး ယင်းေကြညာချက်တွင် VPN App သည်  တရုတ်နိုင်ငံ၏ တရားဝင် ထိန်းချုပ်မှုကို ကျော်လွန်ပြီး သက်ဆိုင်ရာ နိုင်ငံရပ်ခြား ရှိ  Web page သို့မဟုတ် Website ကအကြောင်းအရာများ ကို ရှာ​ဖွေ​ြကည့်ရှုနိုင်သည့် တရားမဝင်သော App ဖြစ်ကြောင်း ဖေါ်ပြထားသည်။
 
 မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူတစ်ဉီးချင်းကခွင့်ပြုချက်မရှိပဲ  နိုင်ငံတကာကို ချိတ်ဆက်နိုင်သည့်  အဆိုပါ VPN App အသုံးပြုမှုကို တရုတ်နိုင်ငံ အစိုးရက တင်းကြပ်စွာ တားမြစ်ထား​ကြောင်းနဲ့ တရားမဝင်ကြောင်း ထုတ်ပြန်ချက်ထဲ တွင် ရေးသားထားသည်။
 
  ''ဘာလို့ တရုတ်၊မြန်မာ နှစ်ဘာသာ နဲ့ ထုတ်ပြန်လဲ ဆိုရင် တရုတ်ပြည်မှာ က တရားဝင်ပဲ ဖြစ်​ြဖစ် တရားမ၀င်ပဲ ဖြစ်ဖြစ် မြန်မာလူမျိုး သိန်းနဲ့ ချီ ရှိတယ်၊ယူနန်မှာသာမက ဟိုပေ အရှေ့မြောက်ပိုင်းဒေသ မှာ အများကြီးပဲ ဒါကြောင့် ထုတ်ပြန်တားမြစ် ချက် ကို သိအောင် တရုတ် အစိုးရက တရုတ်၊မြန်မာ နှစ်ဘာသာ နဲ့ ထုတ်ပြန်ပေးတာ''ဟု တရုတ်ပြည်နယ်စပ် တွင် အလုပ်လုပ်ကိုင်ေနသည့် မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။
 
  အဆိုပါတားမြစ်ထားသည့် တရားမဝင် VPN App ကိုအသုံးပြုသော မည်သူမဆို ဒဏ်ကြေးငွေ ယွမ် ၁၅,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး တရားမဝင်လို့ ယူဆရသည့် ဝင်ငွေများကို သိမ်းယူသွားမည်ဖြစ်ကြောင်း၊ မှားယွင်းသောမှတ်ချက်များ၊ ဗီဒီယိုများနှင့် ကောလဟာလ သတင်းအမှားများ ကို ကြည့်ရှုရန်နှင့် ဖြန့်ဝေရန် အတွက် VPN App ကိုလက်ကိုင်ဖုန်းတွင် အသုံးပြုလျှင် ဥပဒေအရ အပြစ်ပေးခံရ မှာ ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။
 
 ထို့ပြင် ထပ်မံသတိပေးချက်အနေဖြင့် ကိုယ်ရေးကိုယ်တာအသုံးပြုမှု ဒေါင်းလုဒ်ဆွဲခြင်းနှင့် VPN မိုဘိုင်းအက် ကို ရောင်းချခြင်း စသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ပါက တရုတ်ပြည် ရဲဌာနတရားဥပဒေအရ  ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Yangon_Times/LW
#Published_ 2 June 2024
#Yangon_Times #YMG_News #Yangon_Media_Group