#Local_News
Published_ 25 May 2024


▪️ တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေးများဖြစ်သည့်ဘစ်ကွိုင်Bitcoin (BTC)အပါအဝင် Litecoin (LTC) ၊ Ethereum (ETH) နှင့်Perfect Money(PM)တို့ကို ရောင်းဝယ်၊ လဲလှယ်ခြင်းနှင့်USDTကို တရားမဝင်ရောင်းဝယ်လဲလှယ်ခြင်းများပြုလုပ်ပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၂၄ ရက်၌ထုတ်ပြန်လိုက်သည်။

 

▪️ အဆိုပါ Crypto ငွေကြေးများ ရောင်းဝယ်၊လဲလှယ်ပါက  ငွေစာရင်းအကောင့်ပိတ်သိမ်းခြင်းအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေတွေအရတရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်သွားရန်ရှိသည် ဟုဆိုသည်။

 

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင်မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၄၀ (င)နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ယောက်တည်း ထုတ်ဝေသူနှင့်စီမံခန့်ခွဲသူ ဖြစ်သည်ဟုဆိုသည်။

 

▪️ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် Digital ငွေကြေးများဖြစ်သည့် Cryptocurrency: Bitcoin(BTC) ၊ Litecoin (LTC) ၊ Ethereum(ETH) နှင့် Perfect Money(PM) တို့ကို Facebook Account များနှင့် Web Page များအသုံးပြု၍ ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုလုပ်ရန် ပြီးခဲ့သည့် ၂၀ ၂၀ ခုနှစ် မေလ (၁၅) ရက်က အမိန့်အမှတ် (၉/၂ဝ၂ဝ) ဖြင့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊

 

▪️‌ ဗဟိုဘဏ်မှ တားမြစ်ချက်များ ထုတ်ပြန်ထားသော်လည်း ယခုအခါတွင် နိုင်ငံတော်အတွင်း၌  USDT(အမေရိကန်ဒေါ်လာနှင့်တန်ဖိုးညီမျှသော‌ တရားမဝင်ငွေကြေး) အပါအဝင် တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးများကို ရောင်း/ဝယ် လဲလှယ်ခြင်းများ၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း ၊ 

 

▪️ ယင်းသို့ဆောင်ရွက်သူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

▪️ သို့ဖြစ်၍ ပြည်သူများအနေဖြင့် ဗဟိုဘဏ်က တားမြစ်ထားသည့် ယင်းတားမြစ်ချက်များကို ပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက ငွေစာရင်းများပိတ်သိမ်းခြင်းအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရလည်းကောင်း ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထား‌‌ကြောင်း သိရသည်။

 

#tthl #Yangon_Times