#Local_News
Published 23 July 2024


▪️ နိုင်ငံ့စီးပွား‌ရေးတိုးတက်ရန်  နိုင်ငံတကာမှလာရောက်ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှုTrustရရှိရန်နှင့် Trade ပေါ်လစီများကောင်းမွန်ရန်လိုအပ်ကြောင်း စီးပွားရေးပညာရှင်သန်းစိုး (ဘောဂဗေဒ)၏ ပြောကြားချက်အရ သိရသည်။

 

▪️ ယင်းလိုအပ်ချက်ကို စီးပွားရေးပညာရှင် သန်းစိုး(ဘောဂဗေဒ)က'နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေအနေများကြောင့်လက်ရှိ ပြည်တွင်းမငြိမ်သက်မှုအခြေအနေနှင့်ရွေးကောက်ပွဲ၏ အကျိုးကျေးဇူးများ ဆွေးနွေးပွဲ'၌ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။

 

▪️ "နိုင်ငံတကာရင်းနှီးမြုပ်နှံမှု FBIတွေလာမလား မလာမလားဆိုတာနဲ့ပတ်သက်လို့ No.1က‌တော့ နိုင်ငံရေးတည်ငြိမ်မှု Political Stable နဲ့ပတ်သက်တာ ရှိတယ်။

 

▪️ နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာထက်ပိုပြီးတော့ အဲဒီ့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကိုမစဉ်းစားတော့ဘူး။ နိုင်ငံတကာရဲ့ နိုင်ငံတကာအရေးပြဿနာကို စဉ်းစားပြီး ရင်းနှီးမြုပ်နှံမှု Investment လုပ်လာတယ်။ အခုကစဉ်းစားပုံစဉ်းစားနဲ့ ကွဲထွက်သွားပြီ။

 

▪️ အရင်ကစစ်ပွဲတွေကြောင့်စီးပွားပျက်သွားတဲ့နိုင်ငံ တွေရှိတယ်။ တောင်ကိုးရီးယားနဲ့ မြောက်ကိုရီးယား စစ်ပွဲဖြစ်လို့ အဲဒီ့နှစ်နိုင်ငံပျက်သွားတယ်။ တောင် မြောက်ကိုရီးယားစစ်ပွဲကို မှီပြီးတော့ ဂျပန်မှာ စီးပွားရေးတွေတက်သွားတယ်။ ဒါကဥပမာပေါ့။

 

▪️ စီးပွားရေးမှာကအရေးကြီးတာက ယုံကြည်မှု Trustပဲ။ကျွန်တော်တို့ကနိုင်ငံမှာက အမှန်အတိုင်းပြောရရင်ယုံကြည်မှု Trustကအရေးကြီးတယ်။Trust က နည်းနည်းစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။ အဲဒါလေး ဘယ်လိုလုပ်ရမလဲ။ Trust ဆိုရင် ဘဏ်ကိစ္စ တွေရွှေကိစ္စတွေအများကြီးရှိတယ်။

 

▪️ No.2က ခုနကပြောတဲ့ ကုန်သွယ်မှုTrade ပြဿနာ။ ကျွန်တော်တို့ ပို့ကုန် သွင်းကုန်Export/Importဆိုရင် Trade ပြဿနာပဲ။ သူတို့ကို အစိုးရသတ်မှတ်ထားတဲ့ ဈေးနှုန်းပြောင်းလိုက်၊ သူတို့ရှုံးနိုင်လား၊ အဲဒီ့အတွက်သူတို့ကို ကားပါမစ်ပေးမျိုးစသဖြင့် တစ်ခုခုစီစဉ်ပေးတာမျိုးတွေ လုပ်ဆောင်သင့်တာပေါ့"ဟု စီးပွားရေးပညာရှင်သန်းစိုး (ဘောဂဗေဒ)ကထည့်သွင်းပြောကြားခဲ့သည်။

 

▪️ လက်ရှိတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့လာမလားမျှော်လင့် ချက်များရှိနေကြသည့်အပေါ်  စီးပွား ရေးပညာရှင်သန်းစိုး(ဘောဂဗေဒ)က နိုင်ငံတစ်နိုင်ငံမှာ စီးပွားဖြစ်ထွန်းရန် နိုင်ငံတည်ငြိမ်ရန်လိုအပ်ပေမည့်လည်း ယင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေထက် အဆိုပါနိုင်ငံ၏ စီးပွားရေးပေါ်လစီများအပေါ်သာပိုမို မူတည်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


 
▪️ နိုင်ငံတကာရင်းနှီးမြုပ်နှံမှု FBIများ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုပ်နှံရန် နိုင်ငံရေးတည်ငြိမ်မှုအပြင် ပုဂ္ဂလိကပိုင်ဆိုင်မှု အာမခံချက်ဘယ် လောက်ပေးနိုင်မလဲ၊ ကုန်သွယ်မှုဆိုင်ရာ‌ ပေါ်လစီများ Trade Policyများ ၊Tax အခွန်ဆိုင်ရာများ‌ ပေါ်လစီများ၊ Institution များအပေါ်သာမူတည်ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times