#Local_News
Published_ 4 August 2023


International Foundation for Arts and Culture (IFAC)မှ ကြီးမှူး၍ (၂၄) ကြိမ်မြောက် International High School Arts Festival Awards Ceremony ဆုပေးပွဲ အခမ်းအနားကို ဩဂုတ် ၂ ရက်တွင် တိုကျိုမြို့၊ The Ritz-Carlton Hotel ၌ ကျင်းပခဲ့ ပါတယ်။

 

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံနှင့် နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ဆုရရှိခဲ့ ကြသော ကျောင်းသား၊ ကျောင်းသူများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးအသီးသီးမှ သံရုံးအကြီး အကဲများ၊ သံတမန်များတက်ရောက်ခဲ့ပြီး၊ မြန်မာသံအမတ်ကြီး ဦးစိုးဟန်လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှ ပန်းချီကဏ္ဍတွင်ဆုရရှိခဲ့တဲ့ ဝေါမြို့နယ်မှ အခြေခံပညာ အထက်တန်းကျောင်း (Grade -10) ကျောင်းသူ မအိသက်ဇော်အား သံအမတ်ကြီး ဦးစိုးဟန်မှ Special Prize to the International Artists ဆုကို IFAC ကိုယ်စား ပေးအပ်ခဲ့ပါတယ်။

 

International High School Arts Festival Awards သည် နှစ်စဉ်ကျင်းပလျက်ရှိတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး၊ ယခုနှစ်အတွက် ဆုရရှိခဲ့ကြတဲ့ ဂျပန်နိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအား (IFAC) ၏ တာဝန်ရှိပုဂ္ဂိုလ်များက လည်းကောင်း၊ ပြည်ပနိုင်ငံ (၁၇) နိုင်ငံမှ ဆုရကျောင်းသူ၊ ကျောင်းသားများအား သက်ဆိုင်ရာ သံရုံးအကြီးအကဲနှင့် သံရုံး တာဝန်ရှိသူများကလည်းကောင်း ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

#Local_News
#ygm_mnn #ဆုရကျောင်းသူကိုမြန်မာသံအမတ်ကြီးကချီးမြှင့်ပေးအပ်
#Yangon_Media_Group