#LocalNews

Published-14 Jan 2022

 


ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ Spuntnik Light ကိုဗစ်ကာကွယ်ဆေး (၁)သန်း Doses လွှဲပြောင်းလက်ခံတဲ့ အခမ်းအနာကို မနေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များဧည့်ခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။

 

ရုရှား နိုင်ငံမှ လှူဒါန်းတဲ့ ကာကွယ်ဆေး ၄ သိန်း Doses နဲ့ ဝယ်ယူထားတဲ့ ကာကွယ်ဆေး ၆ သိန်း Doses စုစုပေါင်း ကာကွယ်ဆေး ၁ သန်း Doses တို့ဟာ မနေ့က စတင်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့အထိ အသီးသီး ရောက်ရှိမှာ ဖြစ်ပါတယ်။

 

ရုရှားနိုင်ငံမှ ထုတ်လုပ်တဲ့ Spuntnik Light ကာကွယ်ဆေးတွေဟာ လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံပေးရန်ဖိုလိုအပ်ပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာလွှမ်းခြုံနိုင်ရေးအတွက် များစွာအထောက်အကူပြုမယ်လို့ သိရပါတယ်။

 


ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက "အခမ်းအနားဟာ သမိုင်းဝင်အခမ်းအနားဖြစ်ပြီး ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကို အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့ သိရှိနိုင်မှာဖြစ်ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 


ကာကွယ်ဆေးများလွှဲပြောင်းလက်ခံတဲ့ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်တွေ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တွေ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

 


ယခုအချိန်ထိ တိုင်းဒေသကြီး ပြည်နယ်အလိုက် ကိုဗစ်ကာကွယ်ဆေး ဇန်နဝါရီ ၁၁ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၁၆ သန်းကျော် ၂ ကြိမ်ပြည့်ထိုးပြီးသူ ၁၆ ဒသမ ၉၉ သန်းကျော်နဲ့ စုစုပေါင်း ၂၁ ဒသမ ၁၅ သန်းရှိခဲ့ပြီလို့ သိရပါတယ်။

 


YMG/ee

photo- ကျန်းမာရေးဝန်ကြီးဌာန

#Yangon_Media_Group