#Local _News
Published _ 12 December 2022

 

ပြည်တွင်းအသေးစားလုပ်ငန်းလုပ်ကိုင်သူတွေ ဦးစီးကျင်းပမည့် Local Brand များအပါအဝင် ပြည်တွင်းဖြစ် လက်မှု အနုပညာပစ္စည်း ဈေးရောင်းပွဲတော်ကို လာမည့် ဒီဇင်ဘာ၂၅ ရက် ခရစ်မတ်နေ့မှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht တတိယထပ်တွင် ပြုလုပ်သွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ရက် နေ့လညျ ၂ နာရီမှ ည ၈ နာရီ အတွင်း ရောင်းချပြသသွားမှာဖြစ်သည်။

 

ကိုယ်တိုင်ဖန်တီးပုံဖော်ထားသည့် ပန်းချီကားများ၊ အနုပညာလက်ရာများ၊ လက်ဝတ် ရတနာအဖြစ် ပုံဖော်ထားသည့် ပယင်းများ၊ တိုင်းရင်းသားရိုးရာအထည်များနှင့် မြန်မာ့ရိုးရာမုန့်များပါ ပါဝင်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။

 

ယခုလိုရောင်းချပေးသည့်အတွက် အသေးစားလုပ်ငန်းလုပ်ကိုင်နေသူများရဲ့ အလုပ် အကိုင်အခွင့်အလမ်းနှင့် ဈေးကွက်မှာ နှစ်ဦးနှစ်ဘက် အကျိုးအမြတ်ရရှိစေမှာဖြစ်ကြောင်း သိရသည်။

 

ဆိုင်ခန်းများကို တစ်ခန်းလျှင် ငွေကျပ် ၅၀၀၀၀ဖြင့် ဌားရမ်းနိုင်ပြီး ဝင်ကြေးအခမဲ့ ဖြစ်ကြောင်းလည်း သိရှိရသည်။

 

#ymg/NN
#Yangon_Media _Group