#Local_News
 Published_ 29 January 2024

2024 ခုနှစ် SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး၏ ချန်ပီယံအသင်း(၃)သင်းထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

 

အမျိုးသားသုံးယောက်တွဲ ချန်ပီယံအဖြစ်- Late Thone Kaung အသင်း၊ အမျိုးသမီးသုံးယောက်တွဲ ချန်ပီယံအဖြစ် - Apple အသင်း၊ အမျိုးသားလေးယောက်တွဲ ချန်ပီယံအဖြစ်- Late Thone Kaung အသင်းတို့မှ အသီးသီးအနိုင်ရရှိခဲ့ကြသည် ဟုဆိုသည်။

 

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှကြီးမှူးပြီး SKY NETကစီစဥ်ကျင်းပသည့် SKY NETပိုက်ကျော်ခြင်းပြိုင်ပွဲ 2024 ဗိုလ်လုပွဲစဥ်‌များကို ဇန်န၀ါရီ၂၈ ရက်ညတွင် ရန်ကုန်မြို့၊ ရွှေထွဋ်တင်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်လုပွဲစဉ်  ပထမပွဲစဉ်တွင် အမျိုးသား ၃ ယောက်တွဲ ဗိုလ်လုပွဲစဥ်၌   Late Thone Kaungအသင်းက Khit Kyaung Tharအသင်းကို (၈-၁၅)၊ (၁၇-၁၆)၊ (၁၄-၁၇)ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊

 

ဒုတိယပွဲစဥ်ဖြစ်သည့်  အမျိုးသမီး ၃ ယောက်တွဲ ဗိုလ်လုပွဲစဥ်တွင်   Apple အသင်းက Huamei Myanmarအသင်းကို (၁၇-၁၄)၊ (၁၅-၆)ရလဒ်ဖြင့်နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ကြောင်း၊

 

တတိယပွဲစဥ်ဖြစ်သည့် အမျိုးသား ၄ ယောက်တွဲ ဗိုလ်လုပွဲစဥ်တွင်  Late Thone Kaungအသင်းက Kyaung Sayarအသင်းကို (၁၃ -၁၅)၊ (၁၅- ၁၂)၊ (၁၅- ၁၉)ဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားကြောင်း သိရသည်။

 

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကတာ၀န်ရှိသူများနှင့်SKY NETမှ တာ၀န်ရှိသူများမှဆုရရှိသည့်အသင်းများကို ဆု‌များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

#Local_News #ပိုက်ကျော်ခြင်းပြိုင်ပွဲ #ချန်ပီယံအသင်း(၃)သင်းထွက်ပေါ် #tthl #Yangon_Times