#Local_News
Published 23 August  2024


▪️ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်ရှိလမ်းဘေးစားသောက်ဆိုင်များအား ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ‌မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံးဝန် ထမ်းများတာဝန်ရှိသူများပူးပေါင်း၍အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ စက်ရုံလမ်းရှိလမ်းဘေးစားသောက်ဆိုင်များအားဝမ်း ပျက်ဝမ်း‌လျှော‌ရောဂါကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ‌ရောင်းချနိုင်ရေးကျန်းမာ ရေးအသိ ပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်ပေးဝေခြင်း၊ ရေသန့်ဆေးပြားများပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ ထို့အပြင် ယမန်နေ့နံနက်ပိုင်းက ‌မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဝန် ထမ်းများတာဝန်ရှိသူများပူးပေါင်း၍ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စိန်စီဂုဏ် ရောင်လမ်းရှိလမ်းဘေးစားသောက်ဆိုင်များအားဝမ်းပျက်ဝမ်း‌လျှော‌ရောဂါကြိုတင်ကာ ကွယ်ရေးအတွက်ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ‌ရောင်းချနိုင်ရေး ကျန်းမာရေးအသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times