#Local_News
Published 27 August 2024


▪️ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက်  သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း) ပထမနှစ်ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

 

▪️ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း)၏ သိပ္ပံဘွဲ့(သစ်တောပညာ) B.Sc Forestry (၄)နှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိရန် အောက်တိုဘာလ ၄ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ STEAMS-1(မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ)ဘာသာတွဲဖြင့် အောင်မြင်ခဲ့သူ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၃၅၀ မှတ်နှင့်အထက်ရရှိရသူ၊ ဝင်ခွင့်ရရှိပါက သက်ဆိုင်ရာဘာသာရပ်များနှင့်ပတ်သက်၍ တောတွင်းလက်တွေ့ကွင်းဆင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး(က)အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါပြည့်စုံသူ၊ တက္ကသိုလ်မှချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် သတ်မှတ်ထားသည့်  အချက်အလက်များပြည့်စုံပါက လျှောက်လွှာနှင့်အတူ ဖော်ပြထားရှိသည့်  စာရွက်စာတမ်းများကို အောက်တိုဘာလ ၄ ရက်(သောကြာနေ့) သင်တန်းရေးရာဌာနခွဲ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁(သို့မဟုတ်) Email လိပ်စာThis email address is being protected from spambots. You need JavaScript enabled to view it. သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခံရသူများနှင့် ကျောင်းဖွင့်ချိန်ကို ထပ်မံကြေညာပေးသွားမည် ဖြစ်ပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမရှိစေရန်အတွက် လျှောက်ထား သူများအနေနဲ့ ကြေညာသတ်မှတ်ထားတဲ့ နည်းလမ်းများအတိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာဖြင့် အခြားတက္ကသိုလ် များသို့လည်း လျှောက်ထားရန်လိုအပ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း - ၀၆၇ ၃၄၁၆၆၈၁(သို့မဟုတ်) ၀၆၇ ၃၄၁၆ ၅၁၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Website ဖြစ်တဲ့ https://www.  monrec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times