#Local_News
Published 21 August 2024


▪️ သန်လျင်-ကျိုက်ခေါက်ဘုရားလမ်းတွင် ဆီဘောက်ဆာ  ယာဉ်(၁)စီးတိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဩဂုတ်၂၁ရက်နေ့ မနက် ၁၁ နာရီ၅၆ မိနစ်အချိန်က  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ သန်လျင်-ကျိုက်ခေါက်ဘုရားလမ်းတွင် ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ "ဆီတင်တဲ့ကားပါ၊တုံးလုံးလဲနေပါတယ်၊ ကားသမားတော့ထိခိုက်တာမရှိတာမရှိဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန်လျင်မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပြီး ၁၂ နာရီ ၆ မိနစ်အချိန်၌  လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့‌ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။

 

#YMG/NN #Yangon_Times