Published - 28 Sep 2021 

အေးခဲရေထွက်ကုန်တွေမှာ ကိုဗစ်ပိုးမပါစေဖိုအတွက် ငါးဖမ်းသင်္ဘော ၊ ငါးတင်ငါးချဆိပ်ကမ်း၊ စက်ရုံ စတာတွေမှာ ရှိတဲ့ ဝန်ထမ်းအားလုံး နှစ်ပတ်ကို တစ်ကြိမ် ကိုဗစ်စစ်ဆေးတဲ့အခါ Test Kit နဲ့မဟုတ်ဘဲ အာခေါင်တိုဖတ်၊ နှာခေါင်းတိုဖတ် နမူနာတွေယူပြီး စစ်ဆေးတဲ့အဖြေကိုပဲ တရုတ်နိုင်ငံက လက်ခံမှာ ဖြစ်တယ်လို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။

ဘာကြောင့် RT - PCR နဲ့ စစ်ထားတာကိုပဲ လိုသလဲဆိုရင် စစ်ဆေးတဲ့အခါ အခြေ တိကျမှန်ကန်ဖိုက Rapid Antigen Test Kit နဲ့ ဆိုရင် သိပ်မသေချာတာကြောင့်လိုငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက ရန်ကုန်တိုင်းမ်ကို ပြောပါတယ်။