#Local_News

Published 15 August 2024

▪️ မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ယနေ့မနက်ပိုင်းတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဩဂုတ် ၁၅ ရက်နေ့၊ မနက် ၈ နာရီ အချိန်ခန့်က မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် ရေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၉ နာရီ၁၅ မိနစ်အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times