#Local_News
Published 27 August 2024

▪️ ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်ကို စက်တင်ဘာ ၁၆ ရက်မှ  ၂၄ ရက်အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

 

▪️ အဆိုပါ အမျိုးသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပခဲ့ပြီးဖြစ်ကာ ယင်းပွဲတော်တွင် အားကစားနည်း ၂၄ နည်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အောင်မြင်မှုများ  ပိုမိုရရှိလာစေရန် ရည်ရွယ်၍  ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

 

▪️ ရန်ကုန်တိုင်းဒေသကြီးအဆင့် အားကစားပွဲတော်၌ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ ကာယဗလနှင့်  ကာယကြံ့ခိုင်မှု၊ ခရစ်ကတ်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဂျုဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ရေကူး စသည့်  အားကစားနည်း ၂၄ နည်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်၌  ခရိုင်ပြိုင်ပွဲများ  ကျင်းပသွားမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ်၍  အောက်တိုဘာလမှစတင်ပြီး  စခန်းသွင်းလေ့ကျင့်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times