#Local_News
Published 14 August 2024

▪️ လာမည့် ဩဂုတ်လတတိယအပတ်အတွင်း ရန်ကုန်မြစ်တွင်း၌ ထူးကဲဒီရေမြင့်တက်နိုင်သောကြောင့် မြစ်ကမ်းနားဒေသများအနီး နေထိုင်သူများ ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်ထားနိုင်ရန်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက် ထုတ်ပြန်ထားသည်။

 

▪️ လာမည့်  ဩဂုတ် ၁၉ ရက်မှ  ၂၅ ရက်ထိ ကာလအတွင်းရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက် အမြင့်ပေ ၂၀ ဒသမ ၄၄ ပေခန့်မှ  ၂၁ ဒသမ ၆၅ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း ဆိုသည်။

 

▪️ အဆိုပါ ထူးကဲဒီရေနှင့်ပတ်သက်ပြီး ယခင် ၂၀၁၄နှင့် ၂၀၁၅ ခုနှစ်တွင် လည်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၂ ပေခန့် အထိ တက်ခဲ့သည့်အတွက်  စိုးရိမ်ဖွယ်မရှိကြောင်း  ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

▪️ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက်အမြင့်ပေ ၂၀ ကျော်လွန်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသည့် လုပ်သားပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် သတိပေးထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times