#Local_News
Published 29 August 2024


▪️ ရန်ကုန်-ပြည်လမ်းတွင် YBS ယာဉ်နှင့် ကုန်တင်ယာဉ်တိုက်မှုတစ်ခု ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ရာ YBS ယာဉ်မောင်းညပ်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဩဂုတ်၂၉ရက် မနက်၉နာရီ ၄၆မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရဲစုတောင်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းတွင် YBS ယာဉ်နှင့် ကုန်တင်ယာဉ်တိုက်မှုဖြစ်ပွားပြီး YBS ယာဉ်မောင်းညပ်နေခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ညပ်နေသူ YBS ယာဉ်မောင်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မနက် ၁၀နာရီ ၃၄ မိနစ်အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ကြက်ခြေနီအသင်းမှသူနာတင်ယာဉ်ဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times