#Local_News
Published 17 August 2024


▪️ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ ယနေ့မနက်ပိုင်းက ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှသိရသည်။

 

▪️ ဩဂုတ် ၁၇ ရက်နေ့၊ မနက် ၃ နာရီ၂၀မိနစ်  အချိန်ခန့် က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၄/၇)နှင့် (၁၄၃/၆)ကြားတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၅၀ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times