#LocalNews

Published - 26 Dec 2021

ပြည်ပမှပြန်လာသော သင်္ဘောသားများ Quarantine ဝင်ရောက်ရာတွင်စည်းကမ်းလိုက်နာရန် မီးပြတိုက်လူမှုကူညီရေးအသင်းမေတ္တာရပ်ခံထားပါတယ်။

မီးပြတိုက်လူမှုကူညီရေးအသင်းဟာ မြန်မာသင်္ဘောသားများ ပြည်ပမှ ပြန်လာရာတွင် အခက်အခဲမရှိစေရေးနှင့် လေကြောင်းခရီးစဉ်များ စဉ်ဆက်မပြတ်ပြေးဆွဲခွင့်ရရှိရေးတိုအတွက် covid-19 ထိန်းချုပ်ကာကွယ်ကုသရေး ဗဟိုကော်မတီသို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ပါမည်ဟု ကတိပြုတင်ပြ ခွင့်ပြုချက်ရယူပြီး သင်္ဘောသားသီးသန့် Quarantine Center များဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ ခဲ့သည်မှာ တစ်နှစ်ကျော်ကာလသိုရောက်ရှိခဲ့ပြီဖြစ်တယ်လိုသိရပါတယ်။

ယခုအခါတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းချက်များဖြစ်သည့် အရက်၊ဆေးလိပ်၊ကွမ်းယာ စသည်တိုကို မသုံးစွဲရဟူသည့် စည်းကမ်းချက်ကို ချိုးဖောက်ရန် နည်းအမျိုးမျိုးဖြင့်ကြိုးစားသူများကိုလည်း ကြုံတွေ့ခဲ့ရပြီး မိမိကျန်းမာရေး ၊ မိသားစုကျန်းမာရေး တိုနှင့်ပတ်သက်သည့် တောင်းဆိုမှုများကို ကြုံတွေနေရတယ်လိုဆိုပါတယ်။

မြန်မာသင်္ဘောသားများကို Quarantineကာလအတွင်း
- ဆေးလိပ် ၊ အရက် ၊ ကွမ်းယာ များမှာယူ သုံးစွဲခြင်းကို လိုက်လျောပေးနိုင်ခြင်းမရှိပါ

- Quarantine ကာလ သတ်မှတ်ရက်များထက်စောလျင်စွာထွက်ခွါလိုခြင်းများကို လုံးဝ ခွင့်ပြုမပေးနိုင်ပါ

- Quarantine ဝင်နေစဉ်ကာလအတွင်း မိသားစုများနှင့်တွေ့ဆုံရေးအတွက် ခွင့်ပြုမပေးနိုင်ပါ

- ကာကွယ်ဆေးထိုးပြီးသူများအနေဖြင့် Quarantine ကာလ(၇)ရက်ဆိုသော်လည်း ဆေးစစ်အဖြေမရရှိသေးချိန်တွင် (၇)ရက်ပြည့်ပြီးသော်လည်း QUARANTINE CENTER မှ ထွက်ခွါခွင့်ပြု၍မရကြောင်းမေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် မိသားစု ကျန်းမာရေးကိစ္စရပ်များနှင့်ပတ်သက်သည့်ကိစ္စရပ်များအတွက် သက်ဆိုင်ရာ အထောက်အထားများနှင့်အတူ တိုင်းကျန်းမာရေးဦးစီးဌာနသို လျှောက်ထားတင်ပြရန်လိုအပ်ပြီး တိုင်းကျန်းမာရေး၏ ခွင့်ပြုချက် မရှိဘဲ မည်သူ့ကိုမှ Quarantine ကင်းလွတ်ခွင့်မပြုပေးနိုင်သလို Quarantine Center မှ ခေတ္တ ထွက်ခွါခြင်းကိုလည်ခွင့်ပြုပေးနိုင်ခြင်းမရှိပါကြောင်းထုတ်ပြန်ထားပါတယ်။

#YangonMediaGroup