#Local_News
Published 4 September 2024

မြန်မာနိုင်ငံမှလိုအပ်သည့် ဆေးဝါးပစ္စည်းများကိုပြည်ပနိုင်ငံများမှ တင်သွင်းလျှက်ရှိရာ ပင်လယ်ရေကြောင်းမှ အဓိကတင်သွင်းလျှက်ရှိကြောင်း စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်သွင်းရာတွင် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ ဘရာဇီး၊ ဩစတြေးလျ၊ အာဂျင်တီးနား၊ ဆိုက်ပရက်စ်နိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ကာ ဩဂုတ်လ ၁ ရက်မှ ၂၃ ရက်အထိ သုံးပတ်ကျော်အတွင်းပင်လယ်ရေကြောင်းမှ ဒေါ်လာ ၄၆ ဒသမ ၈၈၀ သန်းရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၇၀၀ ကိုတင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင်  နယ်စပ်မှတင်သွင်းမှုတွင် ထိုင်းနိုင်ငံမှ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ဒေါ်လာ ၀ ဒသမ ၂၈၆ သန်းရှိ ဆေးဝါးပစ္စည်းများတန်ချိန် ၂၀ ကိုတင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times