#Local_News
Published 17 August 2024


▪️ ယခုဘဏ္ဍာနှစ်လေးလတာကာလအတွင်း ပြည်ပနိုင်ငံများကို ဒေါ်လာသန်း ၁၀၀ နီးပါးတန်ဖိုးရှိသည့် ငါးမျိုးစုံတန်ချိန် ရှစ်သောင်းကျော်တင်ပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

▪️ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ  ဇူလိုင်လကုန်အထိ ပြည်ပကို ငါးတန်ချိန် ၈၈,၀၀၀ နီးပါး တင်ပို့ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၄၈၈ သန်း ရရှိထားခြင်းဖြစ်ကြောင်း  သိရသည်။

 

▪️ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံကို ငါးမျိုးစုံအပါအဝင် ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေခြင်းဖြစ်ကာ ယခုဘဏ္ဍာနှစ် တစ်နှစ်တာအတွင်း၌  ပြည်ပကို ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၈၀၅ သန်းရရန်မျှော်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ပြည်ပသို့ ငါးတင်ပို့ရာတွင် ဘဏ္ဍာနှစ်တစ်နှစ်အတွင်းပျှမ်းမျှ တန်ချိန်သုံးသိန်းမှ လေးသိန်းကျော်အထိတင်ပိုလေ့ရှိကြောင်း၊ ကိုဗစ်မတိုင်မီကာလဖြစ်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ တန်ချိန် (၄၁၃၀၄၂.၉၆) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၉၁.၆၀၁) သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် (၃၈၇၁၄၀.၁၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၈၀.၈၄၅) သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် (၄၃၇၆၉၆.၂၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၆၈.၇၅) သန်း အသီး သီးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံ၏ နှစ်စဉ်ပြည်ပငါးတင်ပို့မှုမှာ စုစုပေါင်းငါးထုတ်လုပ်မှု၏ ပျမ်းမျှ ၁၀ % ကိုသာ တင်ပို့နိုင်ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ စင်္ကာပူနှင့် အာရပ်နိုင်ငံများသို့ တင်ပို့လျှက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times