#Local_News
Published 15 August 2024

▪️ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်ရှိ မွေးမြူရေးသုတေသနစခန်း၌  မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မှုဆိုင်ရာ များအပါအဝင်သုတေသနလုပ်ငန်းများဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

▪️ အဆိုပါ မွေးမြူရေးသုတေသနစခန်း၌ တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရန်အတွက် မျိုးရင်းမျိုးစစ်များထိန်းသိမ်းခြင်း၊ မျိုးပွားခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

▪️ ထို့အပြင်  ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်အတွင်း ယူရီးယား(Urea Molasses Multi- nutrient Block,UMMB)ကို စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများအသုံးပြု၍ ဖော်မြူလာအမျိုးမျိုးဖြင့် ဖော်စပ်ကျွေးမွေးခြင်းနှင့် သန်ချဆေး(Fenbendazole) ရောနှောကျွေးမွေးခြင်းတို့၏ စားမြုံ့ပြန်သတ္တဝါများတွင် သန်ကောင်ရောဂါနှိမ်နင်းနိုင်စွမ်းနှင့် ကြီးထွားနှုန်းတို့အပေါ် အကျိုးသက်ရောက်မှုများကို သုတေသနပြုဆောင်ရွက်လျက်ရှိပြီး နေပီယာ၊ ရိုဇီ၊ မွန်ဘားဆား၊ မူလာတိမြက်မျိုးများ မူလမျိုးရင်းနှင့် စပ်မျိုးပင်ပွားမျိုးတို့၏ အထွက်နှုန်းနှင့် အာဟာရတန်ဖိုးများ၊ မြန်မာနိုင်ငံ၏ ဒေသနွားများဖြစ်ကြသည့် နွားရွှေနီနှင့် နွားပြာစိမ်းတို့၏ မျိုးဗီဇလက္ခဏာ (genotypic)များကို နှိုင်းယှဉ်လေ့လာခြင်းတို့ကိုလည်း သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times